မိန်းကလေးတွေအတွက် ခန္ဓာကိုယ်အချိုးအစားအလိုက် ရွေးချယ်ဝတ်သင့်တဲ့ ဘောင်းဘီပုံစံများ

မိန်းကလေးတွေအတွက် ကိုယ့်ရဲ့ ခန္ဓာကိုယ်အမျိုးအစားနဲ့ စမတ်ကျနေစေဖို့ ဘယ်လိုမျိုးပုံစံ ဘောင်းဘီရှည်တွေကို ရွေးချယ်ဝတ်သင့်လဲဆိုတာကို ပြောပြလိုက်ပါတယ်။

၁)တြိဂံဇောက်ထိုးပုံ
တြိဂံဇောက်ထိုးပုံကတော့ ခါးသေးသေးပခုံးကျယ်ကျယ် ခန္ဓာကိုယ်အချိုးအစားအတွက် အလိုက်ဖက်ဆုံးကတော့ wide leg pant ဆိုတဲ့ အောက်ကားဘောင်းဘီမျိုးတွေဖြစ်ပါတယ်။ အပေါ်နဲ့ အောက်ကို ညီမျှအောင် လုပ်ပေးသလိုဖြစ်တဲ့အတွက် အချိုးကျလိုက်ဖက်ပြီး ကြည့်ကောင်းစေမှာပါ။


၂) ထောင့်မှန်စတုဂံပုံ
ထောင့်မှန်စတုဂံပုံဆိုတာကတော့ ခါးနေရာသေချာမပေါ်လွင်တဲ့ ခပ်ဖြောင့်ဖြောင့် ပုံစံ ခန္ဓာကိုယ်မျိုးပါ။ ဒီလိုခန္ဓာကိုယ်မျိုးပို ပိုင်ဆိုင်ထားတယ်ဆိုရင် ခြေမျက်စိထိမဖုံးတဲ့ ဘောင်းဘီမျိုးကို ဝတ်ဆင်တာအလိုက်ဖက်ဆုံးပါ။

၃) ပန်းသီးပုံ
ဒါကတော့ ခါးနေရာမပေါ်ဘဲ ပန်းသီးလေးလိုပုံစံဖြစ်နေတဲ့ ခပ်ပြည့်ပြည့် ခပ်ဝဝကောင်မလေးမျိုးပါ။ ဒီလို ကိုယ်လုံးမျိုးကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ဘောင်းဘီအပွတွေကိုလုံးဝရှောင်သင့်ပါတယ်။ Skinny jean (သို့) Legging လိုမျိုးတွေကို ဝတ်ဆင်သင့်ပြီး အရောင်အားဖြင့်လည်း ခပ်ရင့်ရင့်အရောင်တွေကို ရွေးချယ်ခြင်းဖြင့် မူရင်းထက်ပိုပြီးပိန်သွယ်သယောင်အမြင်ရောင်စေပါတယ်။

၎) တြိဂံပုံ (သို့) သစ်တော်သီးပုံ
ဒါကတော့ တင်ကားကား ရင်သွယ်သွယ်ခန္ဓာကိုယ်ပုံစံမျိုးပါ။ ပြောရရင် ပခုံးအကျယ်ထက်တင်ပါးက ပိုကြီးနေတတ်တဲ့ တရုတ်သစ်တော်သီးပုံ ဘော်ဒီမျိုးဖြစ်ပါတယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ခေါင်းလောင်းဘောင်းဘီကို ဒူးနာထိကြပ်ပြီး အောက်ဘက်မှာကားသွားတဲ့ဘောင်းဘီမျိုးကို အဓိကထားဝတ်ဆင်ပေးသင့်ပါတယ်တဲ့။

၅) သဲနာရီပုံ
သဲနာရီလို ကိုယ်လုံးအချိုးအစားကျနမျှတတဲ့ ဘော်ဒီမျိုးကို ဆိုလိုပါတယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်မျိုးက ဘာဝတ်ဝတ်လိုက်တယ်လို့ ဆိုနိုင်ပေမယ့် အလိုက်ဖက်ဆုံးကတော့ four quarter ဘောင်းဘီတွေပါ။ အဲ့ဒီလိုပုံသဲနာရီပုံစံကိုမှ ခပ်ပြည့်ပြည့် ခပ်ကိတ်ကိတ် Beyonce လို ခန္ဓာကိုယ်မျိုးကတော့ ခပ်ကြပ်ကြပ် skinny pant တွေနဲ့ သာပိုလိုက်ဖက်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.