K-pop ရဲ့ ကြယ်ပွင့်လေးတစ်ဦးဖြစ်တဲ့ Na Haeun(나하은)

K-pop ရဲ့ ကြယ်ပွင့်လေးဖြစ်တဲ့ Na Haeun ကတော့ အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် dancer တစ်ဦးလဲဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင် MV ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။ သူမကို ဇန်နဝါရီလ ၁၆ ရက် ၂၀၀၉ ခုနှစ်မှာမွေးဖွားခဲ့ပြီး မကရရာသီဖွားဖြစ်ပါတယ်။ ၄ပေ ၅လက်မ ရှိပြီး ကိုယ်အလေးချိန်ကတော့ ၅၅ ပေါင်ပါ။ သူမမှာ Na Hayoon ဆိုတဲ့ ညီမတစ်ယောက်လဲရှိပါသေးတယ်။ သူမအသက် ၄ နှစ်အရွယ်မှာ star king ရုပ်မြင်သံကြားကနေ ပေါ်ထွက်လာခဲ့တာပါ။

အင်စတာဂရမ်အကောင့်ကတော့ @awesomehaeun နှင့် Awesome Haeun Youtube အကောင့်တို့ကို သူမရဲ့ မိခင်ကပဲ လက်ရှိစီစဉ်(စီမံ) ပေးရပါတယ်။
သူမက EXO,BTS နဲ့ TWICE တို့ရဲ့ ပရိသတ်တစ်ဦးပါ။ Youtube မှာလည်း K-pop သီချင်းအတိုများကို တင်ခဲ့ပြီး Youtube channel ကတော့ ‘ Awesome Haeun’ ပါ။ EXO အဖွဲ့ရဲ့ main dancer တစ်ဦးဖြစ်တဲ့ Kai ရဲ့ ပရိသတ်ပဲဖြစ်ပါတယ်။ သူမက Red Velvet ရဲ့ ‘Zimzalabim’ Mass Performance တွင် သူမလည်းပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။ အခုလက်ရှိမှာလည်း YG Entertainment မှာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
Ref;ALLKpop

403 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.