ဘောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီး Irrfan Khan ကွယ်လွန်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Rajasthan ပြည်နယ်မှာ မွေးဖွားခဲ့ပြီး Khan သည် နယူးဒေလီရှိ National Drama School မှာ တတ်ရောက်ပညာသင်ကြားခဲ့ပြီး အခုဆိုရင် အသက် ၅၃ နှစ်ရှိခဲ့ပါပြီ။ ရုပ်ရှင်လောကကို ဆယ်စုနှစ်တစ်ခုအကြာဝင်ရောက်ပြီးချိန်မှာတော့ ၂၀၀၄ ခုနှစ်တွင်ပြသခဲ့တဲ့ Haasil ဇာတ်ကားတွင် ပထမဦးဆုံးဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် ‘ Life In A…Metro နှင့် The Lunchbox’ ၊ Academy Awards ဆုရှစ်ခုနှင့် BAFTA ဆုခုနှစ်ခုကိုလည်း ဆွတ်ဆူးရရှိခဲ့ပါတယ်။ ယခု သီတင်းပတ်အစောပိုင်းက Khan သည် အူမကြီး ရောဂါဖြင့် မွန်ဘိုင်းရှိ Kokilaben Dhirubhai Ambani ဆေးရုံရှိ ICU တွင်ဆေးရုံတတ်ခဲ့ရပြီး ဧပြီ၂၉ ရက်နေ့မှာတော့ Khan ကွယ်လွန်သွားခဲ့ပြီလို့ အိန္ဒိယသတင်းစာမှာ ကြေငြာခဲ့ပါတယ်။ကိုရိုဗိုင်းရပ်ကြောင့် သွားလာလှုပ်ရှားမှုတွေကန့်သတ်ခံထားခဲ့ရပြီး Khan ၏မိခင်သည်လည်း ပြီးခဲ့သည့် အပတ်က ဆုံးပါးသွားခဲ့ပြီလို့ပြောပါတယ်။ Khan မှာ ဇနီးနှင့် ကလေးနှစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။

သူအခုလို ကွယ်လွန်သွားခြင်းက အိန္ဒိယရုပ်ရှင်လောကအတွက် အကြီးမားဆုံး နစ်နာမှုတစ်ခုဖြစ်ပါတယ်လို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး အမစ်ရှာနှင့် Maharashtra ဝန်ကြီးချုပ်ဟောင်း Devendra Fadnavis စတဲ့ ထင်ရှားတဲ့နိုင်ငံရေးသမားတွေကလဲ အခုလိုကွယ်လွန်သွားခြင်းကြောင့် အထူးဝမ်းနည်းရပါကြောင်း အွန်လိုင်းပေါ်တွင် ရေးသားခဲ့ပါတယ်။ ” မယုံနိုင်လောက်အောင် အရည်အချင်းရှိသူ၊ ဖော်ရွေတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ ရုပ်ရှင်လောကအတွက် များစွာအထောက်အကူပြုသူ… ထိုသူက ငါတို့ကို စွန့်ခွာသွားခဲ့တယ်” ဟု မင်းသားကြီး Bachchan ကရေးသားခဲ့ပါတယ်။

Ref;JESSIEYEUNG &vEDIKA SUD,CNN

483 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.