မုန့်ပေါင်းလေး ပြုလုပ်နည်း
၂။ ပိတ်စ ပါးပါး တစ်ခု
ပြုလုပ်ပြင်ဆင်နည်း
***အချိုအတွက် မုန်.ပန်းကန်တစ်ဝက်လောက်မှာမုန်.သားထည့်ပြီး ညှက်
[ Unicode ]
ပူနွေးမွှေးကြိုင်တဲ့ မုန့်ပေါင်းလေးကို အရသာရှိရှိ အိမ်မှာစားကြဖို့ မုန့်ပေါင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်းများ
၁။ မြေအိုးမှာပေါင်းခွက် ၊ အဖုံး( စလောင်းဖုံး) ပါတဲ့ တစ်စုံရယ်
၂။ ပိတ်စ ပါးပါး တစ်ခု
၃။ တရုတ်ရေနွေးသောက်တဲ့ပန်းကန်လုံးစောက်ခပ်ပက်ပက်က အဓိက ပါ။
***ပါဝင်ပစ္စည်းအချိုးအစားတွေက ဆန်ကြမ်းမှုန်. (၃) ဆ ၊ ကောက်ညှင်းမှုန်. (၁) ဆပါ။
***အဆိမ့်အရသာအတွက်…စားတော်ပဲပြုတ်၊ နှမ်းထောင်း၊ ဆား ဖြစ်ပြီး
***အချိုအတွက်ကတော့…ထန်းလျက်( ညှက်) ဖြစ်ပါတယ်။
ပြုလုပ်ပြင်ဆင်နည်း
၁။ ဆန်ကြမ်းမှုန်. ၊ကောက်ညှင်းမှုန်. တွေကိုသမစွာရောမွှေပြီး ရေကျက်အေး
လေးကို အနည်းငယ်စီဖြန်းပြီး ဇလုံတစ်ခုမှာ သိပ်ပေးရပါမယ်။
၂။ ရေအချိုးအတိအကျမရှိပေမယ့် ကိုယ်ပြုလုပ်တဲ့ မုန်.သားဟာ အလွယ်တကူ
ခြစ်ထုတ်လို.ရမယ့်အနေအထားဖြစ်နေရပါမယ်။
၃။ သိပ်ထားတဲ့မုန်.သားကိုရေစိုတဲ့အဝတ်စပါးလေးနဲ.အနည်းဆုံး (၅) နာရီခန်.
လောက်ဖုံးအုပ်ပေးထားရပါမယ်။ ( မုန်.သားအချဉ်ဖောက်လာစေဖို.ပါ )
၄။ မုန်.ပြုလုပ်တော့မယ်ဆိုရင် မုန်.ပြုလုပ်မယ့်အိုးမှာ အငွေ.ကောင်းစွာရနေဖို.
မီးအရှိန်က အသင့်အနေအထားမှာအရံသင့်ရှိနေရပါမယ်။
***အဆိမ့်မုန်.အတွက် တရုတ်ရေနွေးသောက်တဲ့ပန်းကန်လေးအောက်ခြေမှာ
ပဲပြုတ်လေးတွေကိုအောက်ကထည့်ပြီး မုန်.သားကို ဇွန်း (သို.) ပန်းကန်အနား
ပါးပါးလေးနဲ.ခြစ်ပြီး ခပ်ပြည့်ပြည့်လေးထည့်ပါ။
ပန်းကန်လုံးအပေါ် ပိတ်စပါးပါးလေးအုပ်၊ ပိတ်စအဖျားလေးတွေကိုစုပြီး
ရေဆူနေတဲ့ မြေပေါင်းအိုးမှာ တင်ပြီး စလောင်းဖုံးလေးပြန်ဖုံးကာအငွေ.လုံ
အောင် ( ၃-၅ ) မိနစ်ခန်.ပေါင်းပါ။ ပြီးရင် ငှက်ပျောဖက်လေးခင်းကာ နှမ်းထောင်း ၊ ဆားလေးဖြူးကာ သုံးဆောင်ပါ။
***အချိူအတွက် မုန်.ပန်းကန်တစ်ဝက်လောက်မှာမုန်.သားထည့်ပြီး ညှက်
အောင်ချေထားတဲ့ ထန်းလျက်လေးထည့်ပါ။ ပြီးမှ ခြစ်ထားတဲ့မုန်.သားလေး
တွေဖြည့်ပြီး အထက်ပါနည်းအတိုင်း ပြန်ပေါင်းရင် ရပါပြီ။
ခုဆိုရင်တော့ အချိုလား၊ အဆိမ့်လား…ဘာပဲစားစား စားပြီးရင်း စားချင်တဲ့ ပူနွေးမွှေးနေတဲ့ မုန့်ပေါင်းလေးကို ငှက်ပျောဖက်လေးခင်းပြီး သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.