တောင်ကိုရီးယားရဲ့ အောင်မြင်နေဆဲဘောလုံးသမားတစ်ဦးဖြစ်တဲ့ Son Heung-min

တောင်ကိုရီးယားနိုင်ငံရဲ့ဘယ်တောင်ပံဘောလုံးအားကစားသမားတစ်ဦးဖြစ်တဲ့ ကျော်နံပတ် ၇ ၊ Son Heung-min ကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ Chuncheon မှာမွေးဖွားခဲ့ပါတယ်။ အရပ် ၆ ပေဖြစ်ပါတယ်။
သူ အသက် ၁၆နှစ်အရွယ်မှာ Hamburger SV မှာ စတင်ကစားခဲ့ပြီး ၂၀၁၀ ခုနှစ် Bundesliga အသင်းကနေ စတင်ပွဲဦးထွက်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာတော့ Son ဟာ Bayer Leverkusen ကလပ် ကို ပြောင်းရွေ့ကစားခဲ့ပြီး လတ်တလောမှာတော့ Tottenham Hotspur (စပါးအသင်း) မှာ ကစားလျက်ရှိပါတယ်။


ဘောလုံးလောကကို စတင်ဝင်ရောက်တဲ့အချိန် ၂၀၁၀ ခုနှစ်မှစပြီး နိုင်ငံတကာကစားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
၂၀၁၄ ခုနှင့် ၂၀၁၈ FIFA ကမ္ဘာ့ဖလားတွင် တောင်ကိုရီးယားကိုယ်စားပြုအနေဖြင့် Park Ji-sung ၊ Ahn Jung-hwan တို့နှင့်အတူတွဲကစားခဲ့ကြပြီး
ကမ္ဘာ့ဖလားတွင်ဂိုးအများဆုံးသွင်းခဲ့သူလို့လဲ သိရှိရပါတယ်။
၂၀၁၈ ခုနှစ် အာရှကစားပွဲမှာလည်း ကိုယ်စားပြုကစားခဲ့ပြီး၊ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အပြင် ၂၀၁၁၊ ၂၀၁၅ တို့မှာလည်း AFC အာရှဖလားတွင်လည်း ဆုတံဆိပ်များစွာရရှိခဲ့ပါသေးတယ်။၂၀၁၅ ခုနှစ်မှာတော့ ကိုရီးယားဟာ အားကစားမှာ ဒုတိယနေရာအနေဖြင့်ရပ်တည်နေခဲ့ပါတယ်။
Ref;wikipedia

265 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.