အသည်းကို ကာကွယ်ပေးတဲ့ အစားအစာများ

ဒီတပတ်မှာတော့ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသည်းကို အသည်းရောဂါမဖြစ်အောင်စားသင့်တဲ့ အစားအစာတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

၁) ကြက်သွန်ဖြူ
အသည်းရောဂါသည်တွေက ကြက်သွန်ဖြူကို ချက်ပြီးသားသာ စားသုံးသင့်ပါတယ်။
Vit:A, Vit:B1, Vit:C, ဘတ်တီးရီးယားပိုးနှင့် ဗိုင်းရက်ပ်ပိုးတို့ကို ဆန့်ကျင်နိုင်ခြင်း၊ သွေးလွှတ်ကြောများကို ပျော့ပျောင်းစေပါတယ်။

၂) ကန်ဇွန်းရွက်
ကန်စွန်းရွက်မှာ အသားဓာတ်၊ အဆီဓာတ်၊ မူလဆား၊ Niacin၊ မုန်လာဥနီဓာတ် စတာတွေပါဝင်ပြီး အဆိပ်ပြေစေနိုင်စွမ်းလဲ ရှိပါတယ်။

၃)ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်ထဲတွင် Vit:C, Vit B1,B2,B12,Vit E တို့ပါဝင်ပြီး အစိမ်းစားခြင်းဖြင့် အစာအိမ်နှင့် အူသိမ်ပြည်တည်နာ၊ နာကျင်ခြင်းတို့အတွက် ထိရောက်ပါတယ်။

၎) မှို
မှိုတွင် Polysaccharides ၊ဗီတာမင်များ၊ အသားဓာတ်၊ စားသုံးဆီများပါဝင်ပါတယ်။ Polysaccharides က ကိုယ်ခံအားရှိခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ အသည်းရောဂါရှိသူများ မကြာခဏ စားသုံးပေးသင့်ပါတယ်။

၅)မှိုခြောက်(fungus)
မှိုခြောက်ထဲမှာ အသားဓာတ်၊အဆီဓာတ်၊ polysaccharide ဓာတ်ပါဝင်ပါတယ်။ အစာအိမ်အတွက် အာဟာရဖြစ်စေပါတယ်။

၆) ပင်လယ်ရေမှော်များ
ပင်လယ်ရေမှော်များတွင် အိုင်အိုဒင်းဒြပ်၊ဗီတာမင်၊အသားဓာတ်၊အဆီဓာတ်၊ alginic acid.ပါဝင်တာကြောင့် ချွဲသလိပ်များကို ပျော်စေပါတယ်။ သွေးထွက်သည့်အခါ ခဲစေတဲ့ ကလာပ်စည်း စုစည်းခြင်းကို တားမြစ်ပေးခြင်း၊ ဖက်ခွက်နာ ဖြစ်ခြင်းမှ ခုခံနိုင်ပါတယ်။

၇) မုန်လာဥနီ
မုန်လာဥနီထဲတွင် ဗီတာမင်အေ ပါဝင်ပါတယ်။ ဗီတာမင်အများဆုံးပါဝင်တာကြောင့် အသည်းရောဂါသည်များအတွက် သင့်လျော်ပါတယ်။အစာအိမ်ကို ကျန်းမာစေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်စွမ်းတွေလဲရှိပါတယ်။

၈) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးထဲတွင် အသားဓာတ်၊အဆီဓာတ်၊Vit:B1, Vit:B2, Vit:C နှင့် မုန်လာဥနီဓာတ်များပါဝင်ပါတယ်။ အဆိပ်ပြေ အပူကျစေနိုင်တဲ့အပြင်အသည်းအဆီဖုံးသူများအတွက်လဲသင့်လျော်ပါတယ်။

၉) ကျောက်ဖရုံသီး
ဗီတာမင်ဓာတ်၊အသားဓာတ်အဆီဓာတ်များပါဝင်ပြီး ကျောက်ဖရုံသီးအခွံက အရောင်ကျစေခြင်း၊ အစေ့က အနာပဆုပ်အရောင်ကျစေခြင်း၊ ချွဲပျော်ချောင်းဆိုးပျောက်ခြင်း၊ ကျောက်ဖရုံသီးအသားက ရေငတ်ပြေခြင်း၊အပူကျစေခြင်း၊ငါး၊ဂဏန်း အဆိပ်ကို ဖြေနိုင်စွမ်းရှိပါတယ်။

၁၀) သခွားသီး
Vit:B1,VitB2 နှင့် အသားဓာတ်၊အဆီဓာတ်တို့ပါဝင်ပါတယ်။ အသားမျှင်က အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်တွေကို ဖယ်ထုတ်နိုင်ခြင်း၊ ကိုလတ်စထရောကိုကျဆင်းနိုင်စွမ်းရှိပါတယ်။ သခွားသီးထဲတွင် အယ်ကိုဟောအက်ဆစ်က သကြားဓာတ်ကိုပါ တားပီး အဆီဖြစ်အောင်လုပ်ဆောင်နိုင်တာကြောင့် အဆီများသော အသည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

Re;www.rd.com

434 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.