ပူနွေးကြွပ်ရွ ကြက်ရေခွံကြွပ်ကြော်မွ ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
၁။ ကြက်အရေခွံ ၂၅ ကျပ်သား
၂။ ကြက်ဥ ၁ လုံး
၃။ ကော်မှုန့် အနည်းငယ်
၎။ အကြော်မှုန့် တထုပ်
၅။ ဆား အနည်းငယ်
၆။ နနွင်း အနည်းငယ်
ပြုလုပ်ပုံ
[ Unicode ]
ကြွပ်ကြွပ်မွမွ ကြက်ရေခွံကြော်လေးကို အချဉ်ကောင်းကောင်းနဲ့ အိမ်မှာ အဝဆွဲဖို့ ပူနွေးကြွပ်ရွ ကြက်ရေခွံကြွပ်ကြော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ကြက်အရေခွံ ၂၅ ကျပ်သား
၂။ ကြက်ဥ ၁ လုံး
၃။ ကော်မှုန့် အနည်းငယ်
၄။ အကြော်မှုန့် တထုပ်
၅။ ဆား အနည်းငယ်
၆။ နနွင်း အနည်းငယ်
၇။ ဟင်းခတ်မှုန့် အနည်းငယ်
ပြုလုပ်ပုံ
(၁) ကြက်အရေခွံအစိမ်း ၂၅ကျပ်သားကို ရေစင်အောင်ဆေးပြီး ဆား၊ ဆနွင်း၊ အချိုမှုန့် နယ်ပါတယ်။
(၂) နယ်ပြီးသားကို ၁၅မိနစ်လောက် နှပ်ထားပြီးရင်
ကြက်ဥ ၁ လုံးဖောက်ထည့်ပြီး ထပ်နယ်ပေးပါ။
(၃)ကော်မှုန့် နဲ့ ယိုးဒယားမယ်အကြော်မှုန့်ကို ပန်းကန်တစ်ခုမှာ ဆတူရောပြီး နှံ့အောင်မွှေထားပါ။
(၄)ကြက်ရေခွံနယ်ပြီးသားများထဲမှ ကြက်အရေခွံတစ်ဖတ်ချင်းဆီယူ၍ ကော်မှုန့်နဲ့ယိုးဒယားမယ် ပန်းကန်တွင် လိုအပ်သလိုလူးပြီး ဆီပူအိုးတွင် ကြော်လိုက်ပါမယ်။နည်းနည်းလေး ရဲပြီး ပွလာတဲ့ အနေအထားရောက်ရင် စားလို့ရပါပြီ။
ခုဆိုရင်တော့ ကြွပ်ရွမွနေတဲ့ အကြော်လေးကို နှစ်သက်ရာအချဉ်နဲ့ သုံးဆောင်ရအောင်နော်။
Ref; asianfood
607 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.