ချစ်စရာပါးချိုင့်တွေကို ပိုင်ဆိုင်ထားတဲ့ ကိုရီးယားဆယ်လီများ

ရယ်လိုက်၊ ပြုံးလိုက်ရင် လူတိုင်းလှပေမယ့် ပါးချိုင့်ပါတဲ့သူတွေကတော့ ရယ်လိုက်၊ ပြုံးလိုက်ရင် သူများတွေထက် ပိုလှပြီး၊ ပိုဆွဲဆောင်မှုရှိသွားတယ်လို့ ပြောလို့ရပါတယ်။ တစ်ချို့ဆိုရင် ခွဲစိတ်မှုတွေပြုလုပ်ပြီး ပါးချိုင့် ဖန်တီးယူကြတာတွေလဲရှိကြပါတယ်။ ဖန်တီးယူစရာမလိုဘဲ ပင်ကိုယ်ပါးချိုင့်လှလှလေးတွေကို ပိုင်ဆိုင်ထားတာကတော့ အောက်ပါ ဆယ်လီတွေပါ။

၁) Lee Min Ho
အခုတလော ဘုရင်ကြီးဇာတ်ကောင်ဖြင့် နာမည်ကြီးနေတဲ့ မင်းသား Lee Min Ho ကတော့ မိန်းကလေးတော်တော်များများရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူပါ။ ရယ်လိုက်ရင် ပါးချိုင့်က ပေါ်ပေမယ့် အရမ်းကြီးတော့မသိသာပါဘူး။ စစ်မှုထမ်းပြန်လာတာကြာနေပြီဖြစ်တဲ့ လီမင်ဟိုကတော့ အာရှရဲ့ King အဖြစ်ယခုထက်ထိ ရပ်တည်နေဆဲပါ။

၂) Lee Sang Yoon
Lee Sang Yoon သည်လည်း ပါးချိုင့်ကြီးနဲ့ မိန်းကလေးပရိသတ်တွေကို ဖမ်းစားထားတဲ့ ကိုရီးယား မင်းသားချောတွေထဲမှ တစ်ယောက်အပါအဝင်ပါ။ သူရဲ့ VIP ဆိုတဲ့ဇာတ်လမ်းတွဲဟာလည်း ဘယ်အချိန်ချိန်ကြည့်ကြည့် မရိုးသွားနိုင်တဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။

၃) Siwon (Super Junior)
super junior ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Siwon ကတော့ အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူတစ်ယောက်ပါ။သူ့မှာ ရယ်တဲ့အချိန်ပဲဖြစ်ဖြစ်၊စကားပြောလိုက်ရင် အရမ်းကို ပေါ်လွင်နေတဲ့ ပါးချိုင့်လှလှလေးကတော့ သူ့ရဲ့ ဆွဲဆောင်နိုင်မှုတွေထဲက တစ်ခုပါ။

၎) Lee Seung-gi
အရမ်းကြီးမပေါ်လွင်ပေမယ့် သူ့မှာလဲ ရယ်လိုက်ရင်ချစ်စရာကောင်းတဲ့ ပါးချိုင့်သေးသေးလေးကို ပိုင်ဆိုင်ထားသူဖြစ်တယ်ဆိုတာ သတိထားမိကြမှာပါ။ စစ်မှုထမ်းရာကနေ ပြန်လာပြီးတဲ့နောက်မှာတော့ ဒရမ်မာဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးခဲ့ပြီး ဇာတ်ကားအကုန်လုံးနီးပါးကလဲ ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

၅) RM (BTS)
BTS ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ RM လို့လူသိများတဲ့ Kim Nam-joon ကတော့ ရက်ပ်အဆိုတော်တစ်ယောက်ပါ။ သီချင်းဆိုကောင်းတဲ့အပြင် မိန်းကလေး ပရိသတ်တွေကို ပိုပြီးဆွဲဆောင်နိုင်တဲ့ အမူအရာကတော့ သူရဲ့ပါးချိုင့်တွေပါပဲ။

၆) Hyun Bin
လက်တလောမှာ Crush landing on you ဆိုတဲ့ ဗိုလ်ကြီးကားဖြင့် နာမည်ကြီးနေတဲ့ ဆယ်ကျော်သက်တွေရဲ့ အသည်းကို ဖမ်းစားနိုင်တဲ့ သူကတော့ Hyun Bin ပါ။တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောလိုက်တိုင်း ပေါ်လာတဲ့ ပါးချိုင့်တွေကတော့ သူရဲ့ စတိုင်လ်ကျမှုတစ်ခုဆိုရင်လဲ မမှားပါဘူး။

၇) Chanyeol (EXO)
EXO အဖွဲ့ရဲ့ main rapper တစ်ဦးဖြစ်တဲ့ Chanyeol ကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ပြုံးလိုက်ရင် ပါးချိုင့်လေးပါပေါ်လာပြီး ချစ်စရာအပြုံးပိုင်ရှင်တစ်ယောက်လို့လဲ ပြောလို့ရပါတယ်။


Ref;NAVER

401 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.