ဇန်နဝါရီ ၃၁ရက်နေ့မှာ တကိုယ်တော်Solo Live Show ကို အခမဲ့ ကျင်းပသွားမယ့် အဆိုတော်ဆင်ပေါက်

1545188_1398303873754352_1390738775_n.jpg

ဇန်နဝါရီ၃၁ရက်နေ့  ညနေ၄နာရီကနေ၇နာရီထိ JunctionSquareမှာ ဆင်ပေါက်ရဲ့ တကိုယ်တော်Solo live showပွဲလေးကျင်းပဖို့ရှိပါတယ်။ ဒီပွဲလေး ကျင်းပဖြစ်ပုံနဲ့ ပွဲမှာ ဖျော်ဖြေသွားမယ့် သီချင်းတွေအကြောင်း ဆင်ပေါက်က ခုလို ပြောပါပေးသွားပါတယ်။ ‘အဲဒီပွဲမှာ သီချင်းပုဒ်ရေ ၂၀ကျော်လောက်နဲ့ သီဆိုဖျော်ဖြေ သွားမှာပါ။ များသောအားဖြင့် ကျွန်တော်ဆိုလိုက်ရရင် ၄၊၅ပုဒ်ထက်မပိုဘူးလေ။ အဲဒီအတွက် ကျွန်တော်သိပ်ပြီးအားမရတာနဲ့ ဒီပွဲလေးကိုလုပ်ဖြစ်ဖို့ စီစဉ်လိုက်ရတာပါ။ ပေါက်တဲ့သီချင်းတွေလည်းပါမယ်။ ပြန်ဆုံတိုင်းအခွေထဲက သီချင်းတွေရောပြီးတော့ ကျွန်တော်တစ်ခါမှ မဆိုဘူးသေးတဲ့ သီချင်းတွေပါ ပရိသတ်နဲ့ အပေးအယူမျှအောင် သီဆိုသွားဖို့စဉ်းစားထားပါတယ်။ ဧည့်သည်အဆိုတော်အဖြစ် ငယ်ငယ်ကို ခေါ်ထားပါတယ်’လို့ ဆင်ပေါက်က ပြောပါတယ်။

သူ့ရဲ့သီချင်းဖန်တီးမှုတွေ၊ သီချင်းရေးသားတဲ့အပိုင်းတွေကို မေးကြည့်တဲ့အခါမှာတော့ သူက ‘သီချင်းရေးတဲ့ ဖန်တီးမှုအပိုင်းမှာလည်း ကိုယ့်အိုင်ဒီယာနဲ့ကိုယ် ရေးသားတာကတော့ အကောင်းဆုံးပါပဲ။ ကျွန်တော်သီချင်းရေးရင်တော့ အချစ်သီချင်းတွေ ရေးတာများပါတယ်။ နောက်ပိုင်းမှာတော့ ဒဿနဆန်တဲ့ သီချင်းမျိုးတွေရေးဖြစ်မယ်လို့ ထင်ပါတယ်။ ဒဿနဆန်တာတွေကို ပိုပြီးတော့ ဖီလင်လာနေတယ်။ ဦးစောဘွဲ့မှူးရေးခဲ့တဲ့ ရောဂါသီချင်းတို့၊ ကိုထူးအိမ်သင်ရဲ့ သီချင်းလိုမျိုးတွေ ရေးချင်လာတယ်။ ကျွန်တော်ဆိုဖို့အတွက် ဆိုရင်တော့ Owntuneရေးရတာ ပိုအားသန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က သူများအတိုင်းချည်း လိုက်ဆိုရတာကို သိပ်ပြီးတော့ ဖီလင်မလာတတ်ဘူး။ ကိုယ်ကပိုပြီးတော့ ဖန်တီးပြချင်တယ်ဗျာ။ အဲဒီအတွက် ကိုယ်တီးခဲ့တာတွေ အဲဒါတွေကိုပြန်ပြီးတော့ ချပြချင်တယ်။ ကျွန်တော့်ပြန်ဆုံတိုင်း အခွေထဲမှာတော့ ကော်ပီတစ်ပုဒ် ထည့်ထားတယ်။ အဲဒီသီချင်းကလည်း ကျွန်တော့်အဖေကြိုက်တာနဲ့ ထည့်ဖြစ်သွားတာပါ’တဲ့။

ရှိုးတွေမှာ သီချင်းဆိုတာ သိပ်မတွေ့ရတာနဲ့ ခု ရှိုးပွဲအကြောင်းကိုတော့ ‘ကျွန်တော်ရှိုးတွေ မဆိုဖြစ်တာကတော့ ကျွန်တော့်ကို လာငှားးတဲ့သူ သိပ်မရှိလို့ပါပဲ။ အဲဒါကြောင့်လည်း ကျွန်တော်ကိုယ့်ဘာသာကိုယ် အခုလိုရှိုးထ လုပ်ဖြစ်လိုက်တာဖြစ်ပါတယ်။ ဒီရှိုးပွဲကလည်း ကျွန်တော်ကိုယ်တိုင်ပဲ ဦးစီးပြီးလုပ်တာပါ။ ဒီဇိုင်းတွေက အစပေါ့ပြင်ဆင်မှုအပိုင်းတွေကလည်း အများကြီးပါပဲ။ ကျွန်တော်ရှိတဲ့ ပရိသတ်နဲ့ပဲ အဆင်ပြေအောင် သီဆိုသွားမယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကြားဖူးတာတွေလည်းရှိထားတော့ ရှိုးပွဲတစ်ခုမှာ ပရိသတ်နည်းတာ များတာအရေးမကြီးပါဘူး ။ပွဲလာကြည့်တဲ့ပရိသတ်က ဘယ်လောက်ကျေနပ်သွားစေမလဲဆိုတာက ပိုပြီးတော့အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်အခုလိုမျိုး FreeShow စီစဉ်လိုက်တာပါ။ နောက်ကျရင်လည်း ဒီလိုရှိုးပွဲလေးတွေစီစဉ်သွားဖို့ရှိပါတယ်။ နယ်တွေမှာလည်း FreeShowအနေနဲ့ တကိုယ်တော်ဆိုဖို့ ပြောထားတွေရှိပါတယ်။ ကျွန်တော်တတ်နိုင်သလောက် ဂီတနဲ့ ပတ်သက်ပြီး ဖန်တီးသွားမဲ့ အစီအစဉ်တွေရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်သီချင်းအဟောင်းတွေချည်းနဲ့ပဲ ဂီတလမ်းပေါ်မှာ ဆက်လျှောက်မသွားချင်ပါဘူး။ ပရိသတ်တွေ ၂၀၁၄မှာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော့်တကိုယ်တော်လိုက်ရှိုးပွဲလေးကိုလည်း ပရိသတ်တွေအနေနဲ့ မဖြစ်မနေလာပြီးတော့ အားပေးစေချင်ပါတယ်’လို့ သူက ပြောပြသွားခဲ့ပါတယ်။                                                                                  

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.