တော့ပိုကီ ပြုလုပ်နည်း(떡뽁기)

အိမ်မှာနေရင်း ပေါ့ပေါ့ပါးပါးနဲ့ လုပ်ရတာလဲလွယ်ကူတဲ့ ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ တော့ပိုကီ ပြုလုပ်နည်းကို ပြောပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
တော့ပိုကီချောင်း -၄၀၀ ဂရမ်
ငါးသားချောင်း – ၁၅၀ ဂရမ်
ငါးပါးနီခြောက် – ၇ ကောင်ခန့်
ပင်လယ်ရေညှိ – ၁ ချပ်
ကိုရီးယား ငရုပ်နှစ် ၄ ဇွန်း
ငရုပ်သီးမှုန့် – ၂ဇွန်း
သကြားညို – ၁ ဇွန်း
ကြက်ဥပြုတ် – ၂ လုံး
ကြက်သွန်မြိတ် – ၃ ချောင်း
ရေ – ၄ ခွက်

၁) အရင်ဆုံး ရေ ၄ ခွက်ခန့်ကို ဆူပွက်လာတဲ့အထိ မီးခပ်ပြင်းပြင်းနှင့် တည်ထားပါ။ ရေနွေးတည်နေစဉ် ငါးပါးနီခြောက်တွေကို ခေါင်းဖြုတ်သန့်စင်ထားရပါမယ်။ ရေနွေးဆူလာပြီဆိုရင် သန့်စင်ထားတဲ့ ငါးပါးနီတွေကို ထည့်ပြုတ်ရပါ။ ပင်လယ်ရေညှိတစ်ချပ်ကိုပါ ရောပြုတ်ထားပေးပါ။ မိနစ် ၂၀ ခန့်လောက် ပြုတ်ပြီးပြီဆိုရင်တော့ ငါးပါးနီနဲ့ ပင်လယ်ရေညှိကို ဇကာတစ်ခုနဲ့ ဖယ်ပြီး ပြုတ်ထားတဲ့အရည်တွေကို ခွက် (သို့)ပန်းကန်တစ်ခုထဲကို ထည့်ထားပေးရပါမယ်။

၂)ထို့နောက်မှာ ပန်းကန်လုံးတစ်လုံးထဲတွင် ကိုရီးယား ငရုပ်နှစ် ၄ ဇွန်း၊ ငရုပ်သီးအမှုန့် ၂ဇွန်း၊ သကြား ၁ ဇွန်း နှင့် ရေအနည်းငယ်တို့ကို ထည့်ပြီး ရောမွှေပေးရပါမယ်။ ပြီးရင်တော့ ခုနဖယ်ထားတဲ့ ငါးပါးနီနဲ့ ပင်လယ်ရေညှိပြုတ်ရည်ကို မီးအေးအေးအနေထားဖြင့် အပူပေးရပါမယ်။ ပြုတ်ထားတဲ့အရည်ဆူလာပြီဆိုရင် ငရုပ်သီးအနှစ်ကို ဒယ်ထဲရောထည့်ပြီးမွှေပေးရပါမယ်။

၃) ဆက်လက်ပြီး အနေတော်လှီးထားတဲ့ တော့ပိုကီအချောင်း၊ ငါးသားချောင်း၊အခွံခွာထားတဲ့ ကြက်ဥပြုတ် ၂ လုံးတို့ကိုပါ အိုးထဲသို့ ရောထည့်ပြီး ၁၅ မိနစ်ခန့် မီးအေးအေးနဲ့ ချက်ပေးရပါမယ်။ ငရုပ်နှစ်အရည်များပျစ်လာပြီး တော့ပိုကီအချောင်းလေးတွေ ကြက်သွန်မြိတ်လေး အုပ်ကာ အရသာရှိတဲ့ ကိုရီးယား တော့ပိုကီကို သုံးဆောင်လို့ရပါပြီ။
Ref;NAVER

475 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.