A.D ၇၉ မှာဖြစ်ပါတယ်။ ကျေးကျွန်တစ်ယောက်ကနေ Gladiator နပမ်းသမားအဖြစ်ပြောင်းလဲသွားတဲ့ Milo ရဲ့အကြောင်းပါ။ Milo ဟာအကျင့်ပျက် ရောမလွှတ်တော်အမတ်တစ်ဦးနဲ့ စိတ်ဆန္ဒမပါဘဲ လက်ထက်ရမယ့် သူ့ရဲ့ချစ်သူ Cassia ကိုအချိန်မှီကယ်တင်ရမှာဖြစ်ပါတယ်။ Vesuvious မီးတောင်ကြီးပေါက်ကွဲပြီး ချော်ရည်တွေကျလာတဲ့အခါမှာတော့ သူ့ရဲ့ချစ်သူ Cassia ကိုကာကွယ်ဖို့အခွင့်အရေးရလာပါတော့တယ်။ တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့တဲ့ Pompeii မြို့ကြီးလည်းပြိုကျပျက်ဆီးခဲ့ရပါတယ်။
Pompeii ဟာအမေရိကန် သဘာဝဘေးအန္တရာယ်နဲ့ စွန်းစားခန်း အက်ရှင်ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာက Paul W. S. Anderson ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Kit Harington, Emily Browning, Carrie-Anne Miss, Adewale Akinnuoye-agbaje, Jessica Lucas, Jared Harris နဲ့ Kiefer Sutherland တို့ဖြစ်ကြပါတယ်။ ဖေဖေါ်ဝါရီ ၂၁ မှာထွက်ဖို့စီစဉ်ထားပါတယ်။
Ref:imdb.com