ေကာက္ညွင္းႏွမ္းလံုးကပ္ေၾကာ္ ပူပူေလး ျပဳလုပ္နည္း

ပူပူေနြးေႏြးၾကြပ္ရြေမႊးႀကိဳင္ေနတဲ့ ဝါးလိုက္ရင္ေဖာက္ကနဲ အိအိေလးနဲ႔ စားလို႔ေကာင္းတဲ့ အရသာရွိရွိ ေကာက္ညွင္းႏွမ္းလံုးကပ္ေၾကာ္ ပူပူေလး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္း(၁၂လံုး)
ေကာက္ညင္းမႈန္႔ – ၂၅၀ဂရမ္
သၾကား – ၃၀ဂရမ္
ဆား -အနည္းငယ္
Baking Powder (မုန္႔ဖုတ္ဆိုဒါ) -တဇြန္းလၻက္ဇြန္း
ေရ – ၂၀၀ ml
ပဲယို – တစ္ပန္းကန္
ေရတပန္းကန္ – မုန္႔လံုးေရစြတ္ရန္
ႏွမ္းေလွာ္ – တစ္ပန္းကန္
ဆီ – ေၾကာ္ရန္
အစားအစာသံုးအေရာင္မႈန္႔ (food colour) – အစိမ္းေရာင္ (အနည္းငယ္)

ျပင္ဆင္ျပဳလုပ္ပံု
(၁)ပန္းကန္လံုးတခုတြင္ေကာက္ညင္းမုန္႔ကို၂၀၀ဂရမ္ခ်ိန္ထည့္ထားပါ။
(၂)ၿပီးလ်ွင္ေနာက္ထပ္ပန္းကန္တခုတြင္မုန္႔လံုးတလံုးစာ၅၀ဂရမ္ေကာက္ညင္းမုန႔္ကိုေရအနည္းငယ္ျဖင့္လံုး၍ရသည့္အေနထိနယ္ပါ။ ဒီေနရာမွာ အစိမ္းေရာင္ျဖစ္ခ်င္တယ္ဆိုရင္ အစိမ္းေရာင္ food color ကို အနည္းငယ္ေရာထည့္လိုက္ပါ။
(၃)မုန္႔ႏွစ္တလံုးစာရပါကအိုးတခုျဖင့္ေရေႏြးတည္ကာဆူပြက္ပါကလံုးၿပီးသားမုန္႔လံုးကိုထည့္ၿပီးသံုးမိနစ္ျပဳတ္ပါ။
(၄)ၿပီးလ်ွင္ဆယ္ယူၿပီးေရေအးစိမ္ထားကာေအးေအာင္ျပဳလုပ္ပါ။
(၅)ေအးသြားပါကဆယ္ယူၿပီးပန္းကန္လံုးအႀကီးထဲမွေကာက္ညင္းမုွန္႔ထဲထည့္ပါ။ဆားသၾကားbakingpowderထည့္ၿပီးမုန္႔လံုးကိုေၾကၿပီးေကာက္ညင္းမႈန္႔မ်ားျဖင့္သမေအာင္နယ္ေပးပါ။

***ဤ(၂)မွ(၅)အခ်က္သည္မုန္႔ေၾကာ္ခ်ိန္ဆီမေပါက္ေစရန္ျပဳလုပ္သည့္အဓိကအခ်က္ျဖစ္သည္
(၆)က်က္ၿပီးသားမုန္႔လံုးသၾကားဆားေကာက္ညင္းမႈႏ့္တို႔သမသြားပါကေရကိုျဖည္းျဖည္းဆီထၫ့္နယ္ၿပီးေခ်ာေမြလာသည္ထိနယ္ေပးပါ။
လက္မကပ္ေစရန္ေကာက္ညင္းမႈန္႔အနည္းငယ္ျဖဴးၿပီးကိုင္ပါ။
(၇)ၿပီးလ်ွင္အရြယ္ညီ၁၂လံုးလံုးထားၿပီးမိနစ္၃၀ခန္႔ႏွပ္ထားပါ။
(၈)ႏွပ္ထားစဥ္ပဲယိုသို႔မဟုတ္ႏွစ္သက္ရာယိုကိုအလံုးေလးမ်ား၁၂လံုးလံုးထားပါ။ေရတစ္ပန္းကန္ႏွမ္းေလွာ္တစ္ပန္းကန္အသင့္ျပင္ထားပါ။
(၉)ေကာက္ညင္းလံုးကိုအနည္းငယ္ျပားေအာင္ျပဳလုပ္ၿပီးပဲယိုထည့္ကာမုန္႔လံုးကိုေခ်ာေမြ႔ေအာင္ျပဳလုပ္ပါ။
(၁၀)ၿပီးလ်ွင္ေရပန္းကန္တြင္ႏွစ္ၿပီးမုန္႔လံုးကိုေရစြတ္ကာႏွမ္းေလွာ္ျဖင့္အႏွ့ံကပ္ေအာင္ျပဳလုပ္ၿပီးလံုးေပးပါ။
(၁၁)မုန္႔လံုးအားလံုးအစာသြပ္ၿပီးႏွမ္းကပ္ၿပီးပါကဆီအိုးတည္ကာဆီပူတြင္သံုးမိနစ္ခန္႔အေရာင္ရေအာင္ေၾကာ္ပါ။အေရာင္ညီေစရန္ေယာက္မျဖင့္လွည့္ေပးပါ။
(၁၂)ေရႊဝါေရာင္ရပါကဆယ္ယူဆီစစ္ထားလိုက္ပါ။

ခုဆိုရင္ေတာ့ ပူေနြးၾကြပ္ရြတဲ့ ေကာက္ညွင္းႏွမ္းလံုးကပ္ေၾကာ္ေလးကို သံုးေဆာင္ရေအာင္ေနာ္။

[ Unicode ]

ပူပူနွေးနွေးကြွပ်ရွမွှေးကြိုင်နေတဲ့ ဝါးလိုက်ရင်ဖောက်ကနဲ အိအိလေးနဲ့ စားလို့ကောင်းတဲ့ အရသာရှိရှိ ကောက်ညှင်းနှမ်းလုံးကပ်ကြော် ပူပူလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း(၁၂လုံး)
ကောက်ညင်းမှုန့် – ၂၅၀ဂရမ်
သကြား – ၃၀ဂရမ်
ဆား -အနည်းငယ်
Baking Powder -တဇွန်းလ္ဘက်ဇွန်း
ရေ – ၂၀၀ ml
ပဲယို – တစ်ပန်းကန်
ရေတပန်းကန် – မုန့်လုံးရေစွတ်ရန်
နှမ်းလှော် – တစ်ပန်းကန်
ဆီ – ကြော်ရန်
အစားအစာသုံးအရောင်မှုန့် (food colour) – အစိမ်းရောင် (အနည်းငယ်)

ပြင်ဆင်ပြုလုပ်ပုံ
(၁)ပန်းကန်လုံးတခုတွင်ကောက်ညင်းမုန့်ကို၂၀၀ဂရမ်ချိန်ထည့်ထားပါ။
(၂)ပြီးလျှင်နောက်ထပ်ပန်းကန်တခုတွင်မုန့်လုံးတလုံးစာ၅၀ဂရမ်ကောက်ညင်းမုန့်ကိုရေအနည်းငယ်ဖြင့်လုံး၍ရသည့်အနေထိနယ်ပါ။ ဒီနေရာမှာ အစိမ်းရောင်ဖြစ်ချင်တယ်ဆိုရင် အစိမ်းရောင် food color ကို အနည်းငယ်ရောထည့်လိုက်ပါ။
(၃)မုန့်နှစ်တလုံးစာရပါကအိုးတခုဖြင့်ရေနွေးတည်ကာဆူပွက်ပါကလုံးပြီးသားမုန့်လုံးကိုထည့်ပြီးသုံးမိနစ်ပြုတ်ပါ။
(၄)ပြီးလျှင်ဆယ်ယူပြီးရေအေးစိမ်ထားကာအေးအောင်ပြုလုပ်ပါ။
(၅)အေးသွားပါကဆယ်ယူပြီးပန်းကန်လုံးအကြီးထဲမှကောက်ညင်းမုှန့်ထဲထည့်ပါ။ဆားသကြားbakingpowderထည့်ပြီးမုန့်လုံးကိုကြေပြီးကောက်ညင်းမှုန့်များဖြင့်သမအောင်နယ်ပေးပါ။

***ဤ(၂)မှ(၅)အချက်သည်မုန့်ကြော်ချိန်ဆီမပေါက်စေရန်ပြုလုပ်သည့်အဓိကအချက်ဖြစ်သည်
(၆)ကျက်ပြီးသားမုန့်လုံးသကြားဆားကောက်ညင်းမှုန့်တို့သမသွားပါကရေကိုဖြည်းဖြည်းဆီထည့်နယ်ပြီးချောမွေလာသည်ထိနယ်ပေးပါ။
လက်မကပ်စေရန်ကောက်ညင်းမှုန့်အနည်းငယ်ဖြူးပြီးကိုင်ပါ။
(၇)ပြီးလျှင်အရွယ်ညီ၁၂လုံးလုံးထားပြီးမိနစ်၃၀ခန့်နှပ်ထားပါ။
(၈)နှပ်ထားစဉ်ပဲယိုသို့မဟုတ်နှစ်သက်ရာယိုကိုအလုံးလေးများ၁၂လုံးလုံးထားပါ။ရေတစ်ပန်းကန်နှမ်းလှော်တစ်ပန်းကန်အသင့်ပြင်ထားပါ။
(၉)ကောက်ညင်းလုံးကိုအနည်းငယ်ပြားအောင်ပြုလုပ်ပြီးပဲယိုထည့်ကာမုန့်လုံးကိုချောမွေ့အောင်ပြုလုပ်ပါ။
(၁၀)ပြီးလျှင်ရေပန်းကန်တွင်နှစ်ပြီးမုန့်လုံးကိုရေစွတ်ကာနှမ်းလှော်ဖြင့်အနှံ့ကပ်အောင်ပြုလုပ်ပြီးလုံးပေးပါ။
(၁၁)မုန့်လုံးအားလုံးအစာသွပ်ပြီးနှမ်းကပ်ပြီးပါကဆီအိုးတည်ကာဆီပူတွင်သုံးမိနစ်ခန့်အရောင်ရအောင်ကြော်ပါ။အရောင်ညီစေရန်ယောက်မဖြင့်လှည့်ပေးပါ။
(၁၂)ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားလိုက်ပါ။

ခုဆိုရင်တော့ ပူနွေးကြွပ်ရွတဲ့ ကောက်ညှင်းနှမ်းလုံးကပ်ကြော်လေးကို သုံးဆောင်ရအောင်နော်။

Ref; asianfood

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.