၉ ဂဏန္းသမားမ်ားအေၾကာင္း တေစ့တေစာင္း

မည့္သည့္လတြင္မဆို ၉၊ ၁၈၊ ၂၇ ရက္ေန႔ေမြးဖြားသူမ်ားသည္ ၉ ဂဏန္းသမားမ်ား ျဖစ္ၾကသသည္။
၉ ဂဏန္းသမားေတြရဲ႕ စိတ္ေနစိတ္ထား၊ ထူးျခားခ်က္အစံုအလင္ကို သိရွိႏိုင္ဖို႔
၉ ဂဏန္းသမားမ်ားအေၾကာင္း တေစ့တေစာင္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ ကဲ…ဆန္းစစ္ၾကည့္လိုက္ပါဦး။

၁။ အဂၤါၿဂိဳဟ္ စိုးမိုးသူမ်ား ပီပီ (9) ဂဏန္းသမားေတြဟာ “တုန္းဆိုတိုက္၊ က်ားဆိုကိုက္” သမားေတြ ျဖစ္တယ္။ စိတ္ေလာႀကီးၿပီး အရင္လို တတ္ၾကသူမ်ား ျဖစ္ၾကတယ္။ စိတ္ရွည္သည္းခံႏိုင္စြမ္း နည္းတယ္။ ရုပ္၀ါဒီ သမားေတြ မ်ားတယ္။ အၿပိဳင္အဆိုင္စိတ္ ရွိတယ္။ အတိုက္အခံ ျပဳလိုစိတ္ ရွိတယ္။ ဘာသာေရးဖက္မွာ အားနည္း တတ္ၾကတယ္။ ဒါေပမယ့္ ဘာသာေရးဖက္ကို လုပ္မိၿပီဆိုရင္လည္း အလြန္အကၽြံ လုပ္တတ္ ၾကျပန္တယ္။ ျပင္းျပင္းထန္ထန္ လုပ္တတ္ၾကတယ္။ ျမန္မာႏိုင္ငံမွာ ထင္ရွားတဲ့ ရဟန္းသံဃာေတာ္ေတြထဲမွာ (9)ဂဏန္းသမား အေတာ္မ်ားတယ္။

၂။ (9)ဂဏန္းသမားမ်ားဟာ ကုိယ္မွန္တယ္ထင္ရင္ ေနာက္မဆုတ္တတ္သူမ်ား ျဖစ္တာေၾကာင့္ အျငင္းအခုန္သန္သူမ်ား၊ ခိုက္ရန္ျဖစ္ပြား လြယ္သူမ်ား၊ လူခ်စ္လူခင္မမ်ားသူမ်ား အျဖစ္ အမ်ားဆံုး ေတြ႕ရတတ္တယ္။ သူတို႕ဟာ သူမ်ားအႀကံေပးခ်က္၊ တိုက္တြန္းခ်က္ မ်ားကို ထည့္သြင္းစဥ္းစားေလ့ မရွိဘဲ ကိုယ္႔ ဆံုးျဖတ္ခ်က္ကိုသာ ကိုယ္ယံုၾကည္ၾကသူမ်ား ျဖစ္ၾကတယ္။ ကိုယ့္ ဆံုးျဖတ္ခ်က္အတိုင္း လုပ္လို႕ အမွားေတြ႕ၾကရင္လည္း ေနာင္တရေလ့ မရွိၾကပါဘူး။ ေနာင္တ ရရင္လည္း ကိုယ့္စိတ္ ထဲမွာဘဲ ကိုယ္ထားၿပီး သူမ်ားကို ဖြင့္ဟ မေျပာတတ္ၾကပါဘူး။ သူတို႕ဟာ သူတို႕ အမွားကို ၀န္ခံေလ့ မရွိတတ္ၾက တဲ့ လူစားမ်ဳိးေတြျဖစ္တယ္။ “ကၽြန္ေတာ္/ကၽြန္မ သိပ္မွားသြားပါတယ္” ဆိုတဲ့ စကားမ်ဳိးကို (9)ဂဏန္းသမားေတြ ဆီက ၾကားရခဲပါတယ္။

၃။ (9)ဂဏန္း သမားေတြထဲမွာ အစြန္းေရာက္သူေတြ သိပ္မ်ားတယ္။ တစ္ခ်ဳိ႕က်ျပန္ေတာ့လည္း ကိုယ္က်ဳိးလံုး၀ဆို လံုး၀မၾကည့္ဘဲ အမ်ားအက်ဳိး သက္သက္သာ ေဆာင္ရြက္ေနသူေတြျဖစ္ၿပီး၊ တစ္ခ်ဳိ႕က်ျပန္ေတာ့လည္း “ဘယ္သူေသေသ၊ ငေတမာၿပီးေရာ” သမားေတြ ျဖစ္တတ္တယ္။ ဥပမာႏိႈင္းယွဥ္ျပရရင္ သူ႕ဘ၀တစ္ခုလံုးကို လူမႈေရး အက်ဳိးသက္သက္ အတြက္နဲ႕ ရွင္သန္သြားတဲ့ မဟာဂ႐ုဏာရွင္ “မာသာထရီဇာ” ဟာ (27)ရက္ေန႕မွာ ေမြးတဲ့ (9)ဂဏန္း ပိုင္ရွင္ျဖစ္ၿပီး ၊ ျပည္သူ သန္းေပါင္းမ်ားစြာကို လွ်ဳိ႕၀ွက္စြာ သတ္ျဖတ္ခဲ့တဲ့ ဆိုဗီယက္ အာဏာရွင္ေဟာင္း “စတာလင္” ဟာလည္း (18)ရက္ေန႕ ေမြးတဲ့ (9)ဂဏန္း ပိုင္ရွင္ဘဲ ျဖစ္ပါတယ္။ ဒါေပမယ့္ (18) ဂဏန္း နဲ႕ (27)ဂဏန္းဟာ (9)ျခင္း တူေပမယ့္ ကြာျခားခ်က္ေတြ အမ်ားႀကီး ရွိပါတယ္။

၄။ (9)ဂဏန္းသမားေတြဟာ ဘ၀ကို သက္သက္သာသာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖတ္သန္းရသူေတြ မဟုတ္ၾကပါ။ အၿမဲတမ္း ျပႆနာ၊ ဒုကၡ၊ အခက္အခဲ၊ အႏၲရာယ္ေတြ နဲ႕ ရင္ဆိုင္ေနရပါတယ္။ လူ လူခ်င္း ၿပိဳင္ဆိုင္ တိုက္ခိုက္ခံရတဲ့ ျပႆနာေတြ ရွိသလို ရန္သူမ်ဳိး(၅)ပါးေဘး၊ သဘာ၀ ေဘးဥပဒ္ ေဘးမ်ားနဲ႕လည္း မၾကာခဏ ႀကံဳရတတ္ပါတယ္။ ဒါေပမယ့္ သူတို႕ဟာ ခံႏိုင္ရည္ ျမင့္မားသူေတြျဖစ္ၿပီး အဆိုးဆံုး အေျခအေနထဲမွာ ေတာင္မွ အေကာင္းဆံုးျဖစ္လာမွာကို ေမွ်ာ္လင့္ခ်က္ အျပည့္ ရွိတဲ့သူေတြ ျဖစ္ၾကပါတယ္။ လြယ္လြယ္ နဲ႕ ေနာက္ဆုတ္တတတ္ၾကသူမ်ား မဟုတ္ဘူး။

၅။ သူတို႕ဘ၀ဟာ ကိုယ့္ကို အတိုက္အခံျပဳသူ ၊ အၿပိဳင္အဆိုင္ ျပဳသူေတြ အၿမဲရွိတတ္တယ္။ ရန္သူ မ်ားတတ္တယ္။ ေနာက္ၿပီး သူတို႕ ကုိယ္တုိင္ကလည္း ၿပိဳင္ဘက္ေတြကို အတိုက္အခံ ၊ အၿပိဳင္အဆိုင္ ျပဳလိုစိတ္ ျပင္းထန္သူေတြျဖစ္တယ္။ ေဘးက်က် ေျပာတတ္ၾကသူမ်ားျဖစ္လို႕ သူတို႕ အေၾကာင္း မသိရင္ အေတာ္ေပါင္းရ ခက္ပါတယ္။ တစ္ခ်ဳိ႕ စကားေျပာ ယဥ္ေက်းတဲ့ (9)သမားေတြလည္း ရွိပါတယ္။ ဒါေပမယ့္ စကားေျပာသာ မရိုင္း ေပမယ့္ “အေၾကာကေတာ့ အေတာ္မာတယ္” လို႔ ေျပာရပါမယ္။ သူတို႕ကို အႀကံေပးလို႕ မရပါဘူး။ သူတို႕ လုပ္ခ်င္ရာ လုပ္တတ္တဲ့ လူစားမ်ဳိးေတြ ျဖစ္ပါတယ္။

၆။ အခ်စ္ေရး၊ အိမ္ေထာင္ေရး ဘ၀မွာေတာ့ (9)ဂဏန္းသမားေတြဟာ ေယာက်ၤားေတြ နဲ႕ မိန္းမေတြဟာ ေျပာင္းျပန္ အက်ဳိးေပးတတ္ၾကပါတယ္။ ေယာက်ၤားေလး (9)သမားေတြဟာ ေယဘူယ် အိမ္ေထာင္ေရး ေကာင္းမြန္ၿပီး၊ မိန္းကေလး (9)သမားေတြ က်ေတာ့ ေယဘူယ် အိမ္ေထာင္ေရး ညံ့တတ္ ၾကပါတယ္။ သခ်ၤာေဗဒမွာ (4)ဂဏန္း အျခင္းျခင္း အိမ္ေထာင္မျပဳသင့္သလို (9)ဂဏန္း အခ်င္းခ်င္းလည္း အိမ္ေထာင္မျပဳသင့္ပါဘူး။ အေတြ႕ရမ်ားတာ ကေတာ့ (9)ဂဏန္း သမားျခင္း အိမ္ေထာင္ျပဳရင္ စီးပြားေရး ညံ့တတ္ပါတယ္။ လူခ်င္းကေတာ့ သင့္ျမတ္ အဆင္ေျပၾကတာ မ်ားပါတယ္။

ကမၻာေက်ာ္ (9)ဂဏန္းသမားေတြကေတာ့ –
ကဗ်ာဆရာႀကီး ေလာင္းဖဲလိုး က (27)ရက္ဖြား၊ လုပ္ႀကံခံရတဲ့ ဖိလစ္ပိုင္ အတိုက္အခံ ေခါင္းေဆာင္ ဘင္နီႏို အကြီႏို က (27)ရက္ဖြား၊ အေမရိကန္ သမၼတေဟာင္း ရစ္ခ်တ္နစ္ဆင္ က (9)ရက္ဖြား၊ ႏိုဘယ္ဆုရွင္ နယ္လဆင္မန္ဒဲလား က (18)ရက္ဖြား၊ ၾသစႀတီးယား အိမ္ေရွ႕မင္းသား ဖရန္စစ္ဖာဒီနန္ က (18)ရက္ဖြား၊ ႏိုဘယ္ဆုရွင္ ဂၽြန္စတိန္းဘတ္ က (27)ရက္ဖြား၊ အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးေဟာင္း ဟင္နရီ ကစ္ဆင္းဂ်ားက (27)ရက္ဖြား၊ ေမာ့စ္ ေၾကးနန္းစနစ္ကို တီထြင္ခဲ့သူ ဆင္ျမဴရယ္ ေမာ့စ္ က (27)ရက္ဖြား၊ အာကာသထဲကို ပထမဆံုး ေရာက္ခဲ့သူ ယူရီဂါဂါရင္ က (9)ရက္ဖြား၊ ဆြံအ နားမၾကား၊ မ်က္မျမင္ဘ၀နဲ႕ ပါရဂူဘြဲ႕ ေတြယူႏိုင္ခဲ့တဲ့ ဟယ္လင္ကယ္လား က (27)ရက္ဖြား၊ ဂ်ာမန္ နကၡတ္ပညာရွင္ ကတ္ပလာ က (27)ရက္ဖြား၊ အက္ရွင္မင္းသား ဂ်င္းကေလာက္ ဗန္ဒိန္း က (18)ရက္ဖြား၊ ေဟာလီး၀ုဒ္ မင္းသားေတြျဖစ္တဲ့ ကီဗင္ ေကာ့စနာ ၊ ဂၽြန္ထရာ ဗိုလ္တာ နဲ႕ ဘရက္ပစ္ တို႕က (18)ရက္ဖြားေတြ၊ ေအာင္ျမင္ေက်ာ္ၾကားေနခ်ိန္မွာ ရုတ္တရက္ ကြယ္လြန္သြားရ ရွာတဲ့ ေဟာင္ေကာင္ ကြန္ဖူးမင္းသား ဘရုစ္လီ က (27) ရက္ဖြား၊ ေနာက္လက္ရွိ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ေဟာင္ေကာင္ အက္ရွင္မင္းသား ေခ်ာင္ယြန္ဖတ္ က (18)ရက္ဖြား၊ အဆိုေက်ာ္ ခရစၥတီးနား အဂြီလီးယား က (18)ရက္ဖြား၊ သဘာ၀ မင္းသား တြမ္ဟန္႕ခ္ က (9)ရက္ဖြား၊ ကလီယိုပက္ထရာ ဇာတ္ကားနဲ႕ နာမည္ႀကီးခဲ့ၿပီး အိမ္ေထာင္ (၇)ဆက္ျပဳခဲ့တဲ့ မင္းသမီးႀကီး အဲလီဇဘက္ေတလာ က (27)ရက္ဖြား၊ ကမၻာေက်ာ္ ဂီတပညာရွင္ မိုးဇက္ က (27)ရက္ဖြား၊ ဘီတယ္ အဆိုေက်ာ္ ဂၽြန္လိီႏြန္က (9)ရက္ဖြား၊ ပုပ္ရဟန္းမင္းႀကီး ဂၽြန္ေပါ က (18) ရက္ဖြား၊ ဆိုဗီယက္ အာဏာရွင္ ဂ်ဳိးဇက္ စတာလင္ (18)ရက္ဖြား၊ အေမရိကန္ သန္းႂကြယ္သူေဌးႀကီး ဟင္နရီ ေဂ် ကိုင္ဇာ က (9)ရက္ဖြား၊ မဟာဂ႐ုဏာရွင္ မာသာထရီဇာ က (27)ရက္ဖြား၊ အေမရိကန္ သမၼတေဟာင္း သီအိုဒို ရု႕စ္ဘဲ က (27)ရက္ဖြား၊ ကဗ်ာစာဆိုႀကီး အိုမာေခရမ္ က (18)ရက္ဖြား အသီးသီး ျဖစ္ၾကပါတယ္။

[ Unicode ]

မည့်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်နေ့မွေးဖွားသူများသည် ၉ ဂဏန်းသမားများ ဖြစ်ကြသသည်။
၉ ဂဏန်းသမားတွေရဲ့ စိတ်နေစိတ်ထား၊ ထူးခြားချက်အစုံအလင်ကို သိရှိနိုင်ဖို့
၉ ဂဏန်းသမားများအကြောင်း တစေ့တစောင်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ကဲ…ဆန်းစစ်ကြည့်လိုက်ပါဦး။

၁။ အင်္ဂါဂြိုဟ် စိုးမိုးသူများ ပီပီ (9) ဂဏန်းသမားတွေဟာ “တုန်းဆိုတိုက်၊ ကျားဆိုကိုက်” သမားတွေ ဖြစ်တယ်။ စိတ်လောကြီးပြီး အရင်လို တတ်ကြသူများ ဖြစ်ကြတယ်။ စိတ်ရှည်သည်းခံနိုင်စွမ်း နည်းတယ်။ ရုပ်ဝါဒီ သမားတွေ များတယ်။ အပြိုင်အဆိုင်စိတ် ရှိတယ်။ အတိုက်အခံ ပြုလိုစိတ် ရှိတယ်။ ဘာသာရေးဖက်မှာ အားနည်း တတ်ကြတယ်။ ဒါပေမယ့် ဘာသာရေးဖက်ကို လုပ်မိပြီဆိုရင်လည်း အလွန်အကျွံ လုပ်တတ် ကြပြန်တယ်။ ပြင်းပြင်းထန်ထန် လုပ်တတ်ကြတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ရဟန်းသံဃာတော်တွေထဲမှာ (9)ဂဏန်းသမား အတော်များတယ်။

၂။ (9)ဂဏန်းသမားများဟာ ကိုယ်မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူများ ဖြစ်တာကြောင့် အငြင်းအခုန်သန်သူများ၊ ခိုက်ရန်ဖြစ်ပွား လွယ်သူများ၊ လူချစ်လူခင်မများသူများ အဖြစ် အများဆုံး တွေ့ရတတ်တယ်။ သူတို့ဟာ သူများအကြံပေးချက်၊ တိုက်တွန်းချက် များကို ထည့်သွင်းစဉ်းစားလေ့ မရှိဘဲ ကိုယ့် ဆုံးဖြတ်ချက်ကိုသာ ကိုယ်ယုံကြည်ကြသူများ ဖြစ်ကြတယ်။ ကိုယ့် ဆုံးဖြတ်ချက်အတိုင်း လုပ်လို့ အမှားတွေ့ကြရင်လည်း နောင်တရလေ့ မရှိကြပါဘူး။ နောင်တ ရရင်လည်း ကိုယ့်စိတ် ထဲမှာဘဲ ကိုယ်ထားပြီး သူများကို ဖွင့်ဟ မပြောတတ်ကြပါဘူး။ သူတို့ဟာ သူတို့ အမှားကို ဝန်ခံလေ့ မရှိတတ်ကြ တဲ့ လူစားမျိုးတွေဖြစ်တယ်။ “ကျွန်တော်/ကျွန်မ သိပ်မှားသွားပါတယ်” ဆိုတဲ့ စကားမျိုးကို (9)ဂဏန်းသမားတွေ ဆီက ကြားရခဲပါတယ်။

၃။ (9)ဂဏန်း သမားတွေထဲမှာ အစွန်းရောက်သူတွေ သိပ်များတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်ကျိုးလုံးဝဆို လုံးဝမကြည့်ဘဲ အများအကျိုး သက်သက်သာ ဆောင်ရွက်နေသူတွေဖြစ်ပြီး၊ တစ်ချို့ကျပြန်တော့လည်း “ဘယ်သူသေသေ၊ ငတေမာပြီးရော” သမားတွေ ဖြစ်တတ်တယ်။ ဥပမာနှိုင်းယှဉ်ပြရရင် သူ့ဘဝတစ်ခုလုံးကို လူမှုရေး အကျိုးသက်သက် အတွက်နဲ့ ရှင်သန်သွားတဲ့ မဟာဂရုဏာရှင် “မာသာထရီဇာ” ဟာ (27)ရက်နေ့မှာ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဖြစ်ပြီး ၊ ပြည်သူ သန်းပေါင်းများစွာကို လျှို့ဝှက်စွာ သတ်ဖြတ်ခဲ့တဲ့ ဆိုဗီယက် အာဏာရှင်ဟောင်း “စတာလင်” ဟာလည်း (18)ရက်နေ့ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် (18) ဂဏန်း နဲ့ (27)ဂဏန်းဟာ (9)ခြင်း တူပေမယ့် ကွာခြားချက်တွေ အများကြီး ရှိပါတယ်။

၄။ (9)ဂဏန်းသမားတွေဟာ ဘဝကို သက်သက်သာသာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းရသူတွေ မဟုတ်ကြပါ။ အမြဲတမ်း ပြဿနာ၊ ဒုက္ခ၊ အခက်အခဲ၊ အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရပါတယ်။ လူ လူချင်း ပြိုင်ဆိုင် တိုက်ခိုက်ခံရတဲ့ ပြဿနာတွေ ရှိသလို ရန်သူမျိုး(၅)ပါးဘေး၊ သဘာ၀ ဘေးဥပဒ် ဘေးများနဲ့လည်း မကြာခဏ ကြုံရတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံနိုင်ရည် မြင့်မားသူတွေဖြစ်ပြီး အဆိုးဆုံး အခြေအနေထဲမှာ တောင်မှ အကောင်းဆုံးဖြစ်လာမှာကို မျှော်လင့်ချက် အပြည့် ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ လွယ်လွယ် နဲ့ နောက်ဆုတ်တတတ်ကြသူများ မဟုတ်ဘူး။

၅။ သူတို့ဘဝဟာ ကိုယ့်ကို အတိုက်အခံပြုသူ ၊ အပြိုင်အဆိုင် ပြုသူတွေ အမြဲရှိတတ်တယ်။ ရန်သူ များတတ်တယ်။ နောက်ပြီး သူတို့ ကိုယ်တိုင်ကလည်း ပြိုင်ဘက်တွေကို အတိုက်အခံ ၊ အပြိုင်အဆိုင် ပြုလိုစိတ် ပြင်းထန်သူတွေဖြစ်တယ်။ ဘေးကျကျ ပြောတတ်ကြသူများဖြစ်လို့ သူတို့ အကြောင်း မသိရင် အတော်ပေါင်းရ ခက်ပါတယ်။ တစ်ချို့ စကားပြော ယဉ်ကျေးတဲ့ (9)သမားတွေလည်း ရှိပါတယ်။ ဒါပေမယ့် စကားပြောသာ မရိုင်း ပေမယ့် “အကြောကတော့ အတော်မာတယ်” လို့ ပြောရပါမယ်။ သူတို့ကို အကြံပေးလို့ မရပါဘူး။ သူတို့ လုပ်ချင်ရာ လုပ်တတ်တဲ့ လူစားမျိုးတွေ ဖြစ်ပါတယ်။

၆။ အချစ်ရေး၊ အိမ်ထောင်ရေး ဘဝမှာတော့ (9)ဂဏန်းသမားတွေဟာ ယောင်္ကျားတွေ နဲ့ မိန်းမတွေဟာ ပြောင်းပြန် အကျိုးပေးတတ်ကြပါတယ်။ ယောင်္ကျားလေး (9)သမားတွေဟာ ယေဘူယျ အိမ်ထောင်ရေး ကောင်းမွန်ပြီး၊ မိန်းကလေး (9)သမားတွေ ကျတော့ ယေဘူယျ အိမ်ထောင်ရေး ညံ့တတ် ကြပါတယ်။ သင်္ချာဗေဒမှာ (4)ဂဏန်း အခြင်းခြင်း အိမ်ထောင်မပြုသင့်သလို (9)ဂဏန်း အချင်းချင်းလည်း အိမ်ထောင်မပြုသင့်ပါဘူး။ အတွေ့ရများတာ ကတော့ (9)ဂဏန်း သမားခြင်း အိမ်ထောင်ပြုရင် စီးပွားရေး ညံ့တတ်ပါတယ်။ လူချင်းကတော့ သင့်မြတ် အဆင်ပြေကြတာ များပါတယ်။

ကမ္ဘာကျော် (9)ဂဏန်းသမားတွေကတော့ –
ကဗျာဆရာကြီး လောင်းဖဲလိုး က (27)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ဖိလစ်ပိုင် အတိုက်အခံ ခေါင်းဆောင် ဘင်နီနို အကွီနို က (27)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း ရစ်ချတ်နစ်ဆင် က (9)ရက်ဖွား၊ နိုဘယ်ဆုရှင် နယ်လဆင်မန်ဒဲလား က (18)ရက်ဖွား၊ သြစတြီးယား အိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် က (18)ရက်ဖွား၊ နိုဘယ်ဆုရှင် ဂျွန်စတိန်းဘတ် က (27)ရက်ဖွား၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားက (27)ရက်ဖွား၊ မော့စ် ကြေးနန်းစနစ်ကို တီထွင်ခဲ့သူ ဆင်မြူရယ် မော့စ် က (27)ရက်ဖွား၊ အာကာသထဲကို ပထမဆုံး ရောက်ခဲ့သူ ယူရီဂါဂါရင် က (9)ရက်ဖွား၊ ဆွံအ နားမကြား၊ မျက်မမြင်ဘဝနဲ့ ပါရဂူဘွဲ့ တွေယူနိုင်ခဲ့တဲ့ ဟယ်လင်ကယ်လား က (27)ရက်ဖွား၊ ဂျာမန် နက္ခတ်ပညာရှင် ကတ်ပလာ က (27)ရက်ဖွား၊ အက်ရှင်မင်းသား ဂျင်းကလောက် ဗန်ဒိန်း က (18)ရက်ဖွား၊ ဟောလီးဝုဒ် မင်းသားတွေဖြစ်တဲ့ ကီဗင် ကော့စနာ ၊ ဂျွန်ထရာ ဗိုလ်တာ နဲ့ ဘရက်ပစ် တို့က (18)ရက်ဖွားတွေ၊ အောင်မြင်ကျော်ကြားနေချိန်မှာ ရုတ်တရက် ကွယ်လွန်သွားရ ရှာတဲ့ ဟောင်ကောင် ကွန်ဖူးမင်းသား ဘရုစ်လီ က (27) ရက်ဖွား၊ နောက်လက်ရှိ အောင်မြင်ကျော်ကြားနေတဲ့ ဟောင်ကောင် အက်ရှင်မင်းသား ချောင်ယွန်ဖတ် က (18)ရက်ဖွား၊ အဆိုကျော် ခရစ္စတီးနား အဂွီလီးယား က (18)ရက်ဖွား၊ သဘာ၀ မင်းသား တွမ်ဟန့်ခ် က (9)ရက်ဖွား၊ ကလီယိုပက်ထရာ ဇာတ်ကားနဲ့ နာမည်ကြီးခဲ့ပြီး အိမ်ထောင် (၇)ဆက်ပြုခဲ့တဲ့ မင်းသမီးကြီး အဲလီဇဘက်တေလာ က (27)ရက်ဖွား၊ ကမ္ဘာကျော် ဂီတပညာရှင် မိုးဇက် က (27)ရက်ဖွား၊ ဘီတယ် အဆိုကျော် ဂျွန်လီနွန်က (9)ရက်ဖွား၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ က (18) ရက်ဖွား၊ ဆိုဗီယက် အာဏာရှင် ဂျိုးဇက် စတာလင် (18)ရက်ဖွား၊ အမေရိကန် သန်းကြွယ်သူဌေးကြီး ဟင်နရီ ဂျေ ကိုင်ဇာ က (9)ရက်ဖွား၊ မဟာဂရုဏာရှင် မာသာထရီဇာ က (27)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း သီအိုဒို ရု့စ်ဘဲ က (27)ရက်ဖွား၊ ကဗျာစာဆိုကြီး အိုမာခေရမ် က (18)ရက်ဖွား အသီးသီး ဖြစ်ကြပါတယ်။

Ref; numerology

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.