ခ်စ္သူေမာင္ႏွံ ေရႊလက္တြဲခိုင္ၿမဲေစမဲ့ နည္းလမ္းမ်ား

အိမ္ေထာင္က်စမွာေတာ့ အခ်စ္ဟာ သိပ္ကို ခမ္းနားၿပီး သိပ္ကိုၾကည္ႏူးစရာေကာင္းေနမွာပါ။ ကိုယ္ခ်စ္တဲ့ လူနဲ႔အတူေန ခြင့္ရတာ နည္းတဲ့ကုသိုလ္ကံမွမဟုတ္တာ။ မဟုတ္ဘူးလား။ အိမ္ ေထာင္ သက္တမ္းၾကာလာတာနဲ႔အမွ် အခ်စ္က ပထမဦးစားေပး အဆင့္ကေန ေလွ်ာက်လာပါေတာ့မွာပါ။ ဇနီးေမာင္ႏွံေတြ ေတာ္ေတာ္ မ်ားမ်ားဟာ ဒီအတိုင္းပါပဲ။ ေပ်ာ္ရႊင္ ေက်နပ္စရာေကာင္းတဲ့ အိမ္ေထာင္ေရးတစ္ခုျဖစ္လာဖို႔ဆိုတာ လုပ္ယူမွရပါတယ္။ အျမဲတမ္း မခြဲ စတမ္း ေနခ်င္တယ္ဆိုရင္ေတာ့ အဲဒီအတြက္ ႀကိဳးစားျပင္ဆင္ထားဖို႔ လိုပါတယ္။ ဒါေၾကာင့္ အခ်စ္ေတြ ဆက္လက္ရွင္သန္ေနေစမယ့္ နည္းလမ္းေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။

၁။ ကိုယ့္အိမ္ေထာင္ဖက္ကို နမ္းဖို႔ အခ်ိန္ေပးပါ
ဟုတ္ပါတယ္။ ဒီေန႔ေခတ္လို အခ်ိန္ရွားပါးလွတဲ့ေခတ္ႀကီးမွာ လူေတြဟာ ကိုယ့္အိမ္ေထာင္ဖက္ကို ၿပီးစလြယ္ပဲ ဖတ္ခနဲ နမ္းလိုက္ေလ့ရွိပါတယ္။ ကိုယ့္အိမ္ေထာင္ဖက္ရဲ႕ႏႈတ္ခမ္းကို ေျခာက္စကၠန္႔ ေတာ့ အခ်ိန္ေပးၿပီးနမ္းသင့္ပါတယ္။ အဲဒီလို တစ္ေန႔ အနည္းဆံုး တစ္ခါ နမ္းသင့္ပါတယ္။ ဒါဟာ ဘာမွမၾကာလွတဲ့ အခ်ိန္ပါ။

၂။ ကိုယ့္အိမ္ေထာင္ဖက္ရဲ႕ တစ္ေန႔တာ အေရးအႀကီးဆံုးကိစၥကို သိေအာင္လုပ္ပါ
ကိုယ့္အိမ္ေထာင္ဖက္ အျပင္ထြက္သြားတာဟာ ကုိယ္နဲ႔ ေခတၱခဏ ခြဲခြာသြားတာပါပဲ။ ဒီေတာ့ ဒီေန႔ သူ႔အတြက္ ဘာက အေရး အႀကီးဆံုးလဲဆိုတာ သိေအာင္လုပ္ပါ။ သူက မေျပာဘူးဆိုလည္း ေမးဖို႔ ႏႈတ္မတြန္႔ပါနဲ႔။ ဒီလို ေမးလိုက္ျမန္းလိုက္ရင္ သူ႔ကိစၥေတြကို ကိုယ္စိတ္၀င္စားတယ္ ဆိုတာ ျပရာေရာက္ၿပီး ႏွစ္ေယာက္သား အတိုင္းထက္အလြန္ ပိုရင္းႏွီးသြားႏိုင္ပါတယ္။

၃။ တစ္ေန႔တာအလုပ္ေတြ ၿပီးသြားခ်ိန္မွာ သူနဲ႔စကားစျမည္ ေျပာပါ
ဒီအခ်ိန္မွာ လုပ္ရမွာက သူနဲ႔မိနစ္၂၀ေလာက္ စကားစျမည္ေျပာဖို႔ပါပဲ။ တစ္ေယာက္နဲ႔ တစ္ ေယာက္ တစ္ေန႔တာ ဘာေတြျဖစ္ခဲ့လဲ၊ဘာအခက္ အခဲေတြရွိခဲ့လဲဆိုတာကိုရင္ဖြင့္ေျပာရမယ့္အခ်ိန္ပါပဲ။ သူေျပာတာကို နားပဲ နားေထာင္ၿပီးေ၀ဖန္တာေတြ၊ ဘာေတြေတာ့ မလုပ္ပါနဲ႔။ ဒီလိုပံုမွန္ ေလးလုပ္သြားမယ္ဆိုရင္ အိမ္ေထာင္ေရးကို ဖိစီးလာေစႏိုင္တဲ့ အေၾကာင္းအခ်က္ေတြ ေလ်ာ့နည္း သြားႏိုင္ပါတယ္။

၄။ သူ႔အေၾကာင္းကို ခေရေစ့တြင္းက် သိပါေစ
ကိုယ့္အိမ္ေထာင္ဖက္အေၾကာင္းကို ခေရေစ့တြင္းက် သိေအာင္လုပ္ဖို႔ လိုပါ တယ္။ ဒါေၾကာင့္ သူ႔အေၾကာင္းသိေနေအာင္ တစ္ပတ္ကို အနည္းဆံုး အခ်ိန္နည္းနည္းေတာ့ ေပးသင့္ပါတယ္။ ဒါဆိုရင္ သူ ဘာျဖစ္ေနေန ကိုယ္ သူ႔နားမွာ မခြဲစတမ္းရွိေနမယ္ဆိုတာကို သူသိေအာင္ လုပ္ႏိုင္သြားမွာေပါ့။ ကုိယ့္ အိမ္ေထာင္ဖက္က ဘာေတြကို စိုးရိမ္ပူပန္ေနသလဲ၊ သူ႔ေမွ်ာ္လင့္ခ်က္ေတြက ဘာေတြလဲ၊ သူ႔ဘ၀ ရည္မွန္းခ်က္ေတြက ဘာေတြလဲ၊ သူႀကိဳက္တာ၊ မႀကိဳက္တာ ေတြကဘာေတြလဲဆိုတာ မွတ္မိေနဖို႔ လိုပါတယ္။

၅။ တစ္ေယာက္ကိုတစ္ေယာက္ အျမင္သစ္နဲ႔ ၾကည့္ပါ
ကိုယ္အၾကာႀကီး ေပါင္းလာတဲ့လူဟာ အိမ္ေထာင္ဦးတုန္းကအတိုင္းပဲ ျဖစ္မွာပဲလို႔ တစ္ထစ္ခ် မတြက္ထားပါနဲ႔။ အိမ္ေထာင္ဦးတုန္းကနဲ႔ မတူဘဲ အခ်ဳိးေတြအေျပာင္းႀကီးေျပာင္းသြားၿပီမို႔ ဒီလူကို မလိုခ်င္ေတာ့ဘူးလို႔ လုပ္လို႔မရပါဘူး။ ေရွ႕ကိုပဲ ဆက္ရမွာပါ။ ႏွစ္ေယာက္လံုးနဲ႔ ကိုက္ညီတဲ့ ဆက္ဆံေရးကို ပ်ဳိးေထာင္ဖုိ႔က ႏွစ္ေယာက္လံုးရဲ႕တာ၀န္ျဖစ္သြားပါၿပီ။

၆။ ႏွစ္ကိုယ္တူ ခ်စ္ရည္လူးတဲ့ေနရာကို ေျပာင္းပါ
အိပ္ခန္းထဲမွာ ခ်စ္ရည္လူးရတာ အရမ္းႀကီး စိတ္မပါေတာ့ဘူးဆိုရင္ ေနရာ ေျပာင္းၾကည့္ဖို႔ လိုလာပါၿပီ။ ဒီကိစၥကို ႏွစ္ေယာက္သား မေျပာျဖစ္ၾကဘူးဆိုရင္ ကိုယ္က စေျပာဖို႔ လိုေနပါၿပီ။ အရင္က အိပ္ခန္းထဲမွာပဲ ဆက္ဆံတယ္ဆိုရင္ ဧည့္ခန္း ဒါမွမဟုတ္ မီးဖိုေခ်ာင္ကို ေျပာင္းၾကည့္ပါ။

၇။ တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္အသြယ္ရွိေနပါေစ
အိမ္ေထာင္သက္ေလး နည္းနည္းရလာၿပီဆိုတာနဲ႔ အိမ္ေထာင္သည္ေတြဟာ လုပ္ငန္းခြင္မွာပဲ နစ္ေျမာသြားတတ္ေလ့ရွိပါတယ္။ ဒါေပမဲ့ အလုပ္ခ်ိန္မွာ သူ႔ဆီ စာတိုေလး ျဖစ္ျဖစ္ပို႔ျဖစ္ေအာင္ပို႔ပါ။ ဘာမွ အေထြအထူး ေျပာစရာမရွိဘူးဆိုရင္ေတာင္ ခ်စ္စကားေတြ၊ ေနာက္ေျပာင္တာေလးေတြ ပို႔လို႔ရတာပဲေလ။ ဒါဆိုရင္ ေ၀းေနတာေတာင္မွ ကိုယ့္ စိတ္ထဲမွာ သူရွိေနတယ္ဆိုတာ ျပၿပီးသားျဖစ္သြားတာေပါ့။ ကိုယ့္ဘ၀မွာ သူသာလွ်င္ နံပါတ္တစ္ဦးစားေပးလို႔ သူခံစားသိရွိသြားဖို႔က အေရးႀကီးပါတယ္။

၈။ အထိအေတြ႕
ဟုတ္ပါတယ္။ နမ္း႐ႈပ္တာ၊ ဖက္တာ၊ ႏွစ္ေယာက္ သား ကလူက်ီစယ္တာေတြကို လုပ္သင့္ပါတယ္။ လူဆိုတာ ကိုယ္ကလည္းသူမ်ားကို ထိေတြ႕ခ်င္၊ သူမ်ားက ကိုယ့္ကို ထိ ေတြ႕တာကိုလည္း ခံခ်င္ၾကတာခ်ည္းပါပဲ။ ေနာက္တစ္ခါ သူမီးဖိုထဲမွာ ခ်က္ျပဳတ္ေနရင္ ေနာက္ကေန သြားဖက္ေပးပါ။ တစ္ခါတေလက်ရင္ စေနာက္က်ီစယ္ေပါ့။

၉။ မၾကာမၾကာ အတူရယ္ေမာပါ
ႏွစ္ေယာက္လံုး အားပါးတရ အတူရယ္ခဲ့ရဖူးတဲ့ အတိတ္က အေၾကာင္းေတြကို ျပန္ေျပာၿပီး ျပန္ရယ္ပါ။ ႏွစ္ေယာက္အတူ ရွိေနခ်ိန္မွာ ေပ်ာ္ရႊင္ရယ္ေမာၾကတဲ့ လင္မယားေတြဟာ ပိုျမဲေလ့ရွိပါတယ္။ အတိတ္က ရယ္ စရာေတြကို သတိမရေတာ့ဘူးဆိုရင္လည္း ဟာသကား ေတြအတူၾကည့္လို႔ရတာပဲေလ။

ယေန႔မွစ ႏွစ္တရာတိုင္ၾကပါေစေနာ္။

[ Unicode ]

အိမ်ထောင်ကျစမှာတော့ အချစ်ဟာ သိပ်ကို ခမ်းနားပြီး သိပ်ကိုကြည်နူးစရာကောင်းနေမှာပါ။ ကိုယ်ချစ်တဲ့ လူနဲ့အတူနေ ခွင့်ရတာ နည်းတဲ့ကုသိုလ်ကံမှမဟုတ်တာ။ မဟုတ်ဘူးလား။ အိမ် ထောင် သက်တမ်းကြာလာတာနဲ့အမျှ အချစ်က ပထမဦးစားပေး အဆင့်ကနေ လျှောကျလာပါတော့မှာပါ။ ဇနီးမောင်နှံတွေ တော်တော် များများဟာ ဒီအတိုင်းပါပဲ။ ပျော်ရွှင် ကျေနပ်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့ဆိုတာ လုပ်ယူမှရပါတယ်။ အမြဲတမ်း မခွဲ စတမ်း နေချင်တယ်ဆိုရင်တော့ အဲဒီအတွက် ကြိုးစားပြင်ဆင်ထားဖို့ လိုပါတယ်။ ဒါကြောင့် အချစ်တွေ ဆက်လက်ရှင်သန်နေစေမယ့် နည်းလမ်းတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

၁။ ကိုယ့်အိမ်ထောင်ဖက်ကို နမ်းဖို့ အချိန်ပေးပါ
ဟုတ်ပါတယ်။ ဒီနေ့ခေတ်လို အချိန်ရှားပါးလှတဲ့ခေတ်ကြီးမှာ လူတွေဟာ ကိုယ့်အိမ်ထောင်ဖက်ကို ပြီးစလွယ်ပဲ ဖတ်ခနဲ နမ်းလိုက်လေ့ရှိပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ရဲ့နှုတ်ခမ်းကို ခြောက်စက္ကန့် တော့ အချိန်ပေးပြီးနမ်းသင့်ပါတယ်။ အဲဒီလို တစ်နေ့ အနည်းဆုံး တစ်ခါ နမ်းသင့်ပါတယ်။ ဒါဟာ ဘာမှမကြာလှတဲ့ အချိန်ပါ။

၂။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ တစ်နေ့တာ အရေးအကြီးဆုံးကိစ္စကို သိအောင်လုပ်ပါ
ကိုယ့်အိမ်ထောင်ဖက် အပြင်ထွက်သွားတာဟာ ကိုယ်နဲ့ ခေတ္တခဏ ခွဲခွာသွားတာပါပဲ။ ဒီတော့ ဒီနေ့ သူ့အတွက် ဘာက အရေး အကြီးဆုံးလဲဆိုတာ သိအောင်လုပ်ပါ။ သူက မပြောဘူးဆိုလည်း မေးဖို့ နှုတ်မတွန့်ပါနဲ့။ ဒီလို မေးလိုက်မြန်းလိုက်ရင် သူ့ကိစ္စတွေကို ကိုယ်စိတ်ဝင်စားတယ် ဆိုတာ ပြရာရောက်ပြီး နှစ်ယောက်သား အတိုင်းထက်အလွန် ပိုရင်းနှီးသွားနိုင်ပါတယ်။

၃။ တစ်နေ့တာအလုပ်တွေ ပြီးသွားချိန်မှာ သူနဲ့စကားစမြည် ပြောပါ
ဒီအချိန်မှာ လုပ်ရမှာက သူနဲ့မိနစ်၂၀လောက် စကားစမြည်ပြောဖို့ပါပဲ။ တစ်ယောက်နဲ့ တစ် ယောက် တစ်နေ့တာ ဘာတွေဖြစ်ခဲ့လဲ၊ဘာအခက် အခဲတွေရှိခဲ့လဲဆိုတာကိုရင်ဖွင့်ပြောရမယ့်အချိန်ပါပဲ။ သူပြောတာကို နားပဲ နားထောင်ပြီးဝေဖန်တာတွေ၊ ဘာတွေတော့ မလုပ်ပါနဲ့။ ဒီလိုပုံမှန် လေးလုပ်သွားမယ်ဆိုရင် အိမ်ထောင်ရေးကို ဖိစီးလာစေနိုင်တဲ့ အကြောင်းအချက်တွေ လျော့နည်း သွားနိုင်ပါတယ်။

၄။ သူ့အကြောင်းကို ခရေစေ့တွင်းကျ သိပါစေ
ကိုယ့်အိမ်ထောင်ဖက်အကြောင်းကို ခရေစေ့တွင်းကျ သိအောင်လုပ်ဖို့ လိုပါ တယ်။ ဒါကြောင့် သူ့အကြောင်းသိနေအောင် တစ်ပတ်ကို အနည်းဆုံး အချိန်နည်းနည်းတော့ ပေးသင့်ပါတယ်။ ဒါဆိုရင် သူ ဘာဖြစ်နေနေ ကိုယ် သူ့နားမှာ မခွဲစတမ်းရှိနေမယ်ဆိုတာကို သူသိအောင် လုပ်နိုင်သွားမှာပေါ့။ ကိုယ့် အိမ်ထောင်ဖက်က ဘာတွေကို စိုးရိမ်ပူပန်နေသလဲ၊ သူ့မျှော်လင့်ချက်တွေက ဘာတွေလဲ၊ သူ့ဘ၀ ရည်မှန်းချက်တွေက ဘာတွေလဲ၊ သူကြိုက်တာ၊ မကြိုက်တာ တွေကဘာတွေလဲဆိုတာ မှတ်မိနေဖို့ လိုပါတယ်။

၅။ တစ်ယောက်ကိုတစ်ယောက် အမြင်သစ်နဲ့ ကြည့်ပါ
ကိုယ်အကြာကြီး ပေါင်းလာတဲ့လူဟာ အိမ်ထောင်ဦးတုန်းကအတိုင်းပဲ ဖြစ်မှာပဲလို့ တစ်ထစ်ချ မတွက်ထားပါနဲ့။ အိမ်ထောင်ဦးတုန်းကနဲ့ မတူဘဲ အချိုးတွေအပြောင်းကြီးပြောင်းသွားပြီမို့ ဒီလူကို မလိုချင်တော့ဘူးလို့ လုပ်လို့မရပါဘူး။ ရှေ့ကိုပဲ ဆက်ရမှာပါ။ နှစ်ယောက်လုံးနဲ့ ကိုက်ညီတဲ့ ဆက်ဆံရေးကို ပျိုးထောင်ဖို့က နှစ်ယောက်လုံးရဲ့တာဝန်ဖြစ်သွားပါပြီ။

၆။ နှစ်ကိုယ်တူ ချစ်ရည်လူးတဲ့နေရာကို ပြောင်းပါ
အိပ်ခန်းထဲမှာ ချစ်ရည်လူးရတာ အရမ်းကြီး စိတ်မပါတော့ဘူးဆိုရင် နေရာ ပြောင်းကြည့်ဖို့ လိုလာပါပြီ။ ဒီကိစ္စကို နှစ်ယောက်သား မပြောဖြစ်ကြဘူးဆိုရင် ကိုယ်က စပြောဖို့ လိုနေပါပြီ။ အရင်က အိပ်ခန်းထဲမှာပဲ ဆက်ဆံတယ်ဆိုရင် ဧည့်ခန်း ဒါမှမဟုတ် မီးဖိုချောင်ကို ပြောင်းကြည့်ပါ။

၇။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိနေပါစေ
အိမ်ထောင်သက်လေး နည်းနည်းရလာပြီဆိုတာနဲ့ အိမ်ထောင်သည်တွေဟာ လုပ်ငန်းခွင်မှာပဲ နစ်မြောသွားတတ်လေ့ရှိပါတယ်။ ဒါပေမဲ့ အလုပ်ချိန်မှာ သူ့ဆီ စာတိုလေး ဖြစ်ဖြစ်ပို့ဖြစ်အောင်ပို့ပါ။ ဘာမှ အထွေအထူး ပြောစရာမရှိဘူးဆိုရင်တောင် ချစ်စကားတွေ၊ နောက်ပြောင်တာလေးတွေ ပို့လို့ရတာပဲလေ။ ဒါဆိုရင် ဝေးနေတာတောင်မှ ကိုယ့် စိတ်ထဲမှာ သူရှိနေတယ်ဆိုတာ ပြပြီးသားဖြစ်သွားတာပေါ့။ ကိုယ့်ဘဝမှာ သူသာလျှင် နံပါတ်တစ်ဦးစားပေးလို့ သူခံစားသိရှိသွားဖို့က အရေးကြီးပါတယ်။

၈။ အထိအတွေ့
ဟုတ်ပါတယ်။ နမ်းရှုပ်တာ၊ ဖက်တာ၊ နှစ်ယောက် သား ကလူကျီစယ်တာတွေကို လုပ်သင့်ပါတယ်။ လူဆိုတာ ကိုယ်ကလည်းသူများကို ထိတွေ့ချင်၊ သူများက ကိုယ့်ကို ထိ တွေ့တာကိုလည်း ခံချင်ကြတာချည်းပါပဲ။ နောက်တစ်ခါ သူမီးဖိုထဲမှာ ချက်ပြုတ်နေရင် နောက်ကနေ သွားဖက်ပေးပါ။ တစ်ခါတလေကျရင် စနောက်ကျီစယ်ပေါ့။

၉။ မကြာမကြာ အတူရယ်မောပါ
နှစ်ယောက်လုံး အားပါးတရ အတူရယ်ခဲ့ရဖူးတဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြောပြီး ပြန်ရယ်ပါ။ နှစ်ယောက်အတူ ရှိနေချိန်မှာ ပျော်ရွှင်ရယ်မောကြတဲ့ လင်မယားတွေဟာ ပိုမြဲလေ့ရှိပါတယ်။ အတိတ်က ရယ် စရာတွေကို သတိမရတော့ဘူးဆိုရင်လည်း ဟာသကား တွေအတူကြည့်လို့ရတာပဲလေ။

ယနေ့မှစ နှစ်တရာတိုင်ကြပါစေနော်။

Ref; rsgoals

 

156 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.