ပဲပင်ပေါက်က ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ပဲပင်ပေါက်ကို ကြော်စားလို့ရသလို၊အသုပ်တွေထဲမှာထည့်သုပ်ခြင်း၊ ဟင်းချိုချက်တာဖြစ်ဖြစ်၊အချဉ်စိမ်ပြီးဖြစ်ဖြစ် စားလေ့ရှိကြပါတယ်။ဒီတစ်ခါမှာတော့ အခုစားသုံးနေကြဖြစ်တဲ့ ပဲပင်ပေါက်မှာရှိတဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်
ပဲပင်ပေါက်မှာ ဗီတာမင် စီ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်ပြီး ရောဂါပိုးတွေ ကူးစက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုး ဆန့်ကျင်အာနိသင်ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ဇီဝကမ္မ လုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်မှာပါ။ ဗီတာမင် အေ ပါဝင်နေတာကြောင့်လည်း ခန္ဓာကိုယ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။
ပဲပင်ပေါက်မှာ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံး လည်ပတ်နိုင်ဖို့ ထောက်ပံ့ပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပါတယ်။ ဒီအင်ဇိုင်ကို အခြားစားစဂရာတွေက နေရရှိဖို့ ခက်ခဲပါတယ်။ ပဲပင်ပေါက်မှာ ဆဲလ်တွေဖြစ်ပေါ်မှု၊ ကိုယ်တွင်းအင်္ဂါ ကျန်းမာအောင်ထောက်ပံ့ပေးမှုနဲ့ ကြွက်သားတွေကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးတဲ့ ပရိုတင်းဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ အရိုးနဲ့ ကြွက်သားတွေ သန်မာပြီး ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာစေဖို့ စားသုံးပေးသင့်ပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ပဲပင်ပေါက်မှာ ပါဝင်တဲ့ အင်ဇိုင်းက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး အစာကြေစေနိုင်သလို အူနံရံတွေကို အာဟာရဓာတ်တွေအကောင်းဆုံး စုပ်ယူနိုင်အောင် ထောက်ပံ့ပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချူပ်ခြင်းကနေ ကင်းဝေးအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။

ဝိတ်ကျစေနိုင်ပါတယ်
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ချချင်သူများအတွက်ကတော့ နေ့တိုင်းစားသုံးပေးသင့်ပါတယ်။

သွေးအားနည်းခြင်းကို သက်သာစေနိုင်ပါတယ်။
ခန္ဓာကိုယ်မှာ သံဓာတ်နည်းလာတဲ့အခါ သွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။ အဲ့ဒါကြောင့် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားဖို့လိုအပ်ပါတယ်။ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်း၊အစာခြေစနစ် ပြဿနာများ ခံစားရခြင်း၊ခြေကုန်လက်ပမ်းကျခြင်း၊ အမောမခံနိုင်ခြင်း စတာတွေမဖြစ်စေဖို့အတွက် ပဲပင်ပေါက်ကို စားသုံးပေးသင့်ပါတယ်။ ပဲပင်ပေါက်မှာပါဝင်တဲ့ သံဓာတ်နဲ့ ကော့ပါးဓာတ်တွေက ခန္ဓာကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေပြီး ကိုယ်တွင်းသွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။

အမြင်အာရုံကောင်းစေပါတယ်။
ဗီတာမင် အေ ကြွယ်ဝတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ မျက်စိအတွင်းတိမ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် မျက်လုံးကို အသုံးပြုပြီး အလုပ်လုပ်နေရသူတွေအနေနဲ့ မျက်လုံးကျန်းမာစေဖို့ ပဲပင်ပေါက်ကို စားသုံးပေးသင့်ပါတယ်။
Ref;HEALTHGROUP

295 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.