မန်ကျည်းသီးနှင့် အလှအပလျှို့ဝှက်ချက်

၁) ဝက်ခြံသက်သာစေခြင်း
မန်ကျည်းသီးက အစားခြေစနစ်ကို ကောင်းမွန်စေတဲ့ အသီးတွေ၊ အစားအစာတွေထဲမှာ နာမည်ကြီးတဲ့အသီးတမျိုးပါပဲ။ ဘာကြောင့်လဲဆိုရင် မန်ကျည်းသီးမှာ အမျှင်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ မန်ကျည်းသီး နည်းနည်းလောက် စားသုံးပေးမယ်ဆိုရင်တောင် အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို တိုးတတ်စေပါတယ်။ အစာကြေလွယ်ခြင်း၊ ဝမ်းချူပ်ခြင်း စတဲ့ ရောဂါတွေကိုလဲ သက်သာစေပါတယ်။ အဲ့ဒီလိုဆိုရင် အပူတွေရှိတာကြောင့် ဝက်ခြံပေါက်တာမျိုး မဖြစ်တော့ပါဘူး။

၂) ခြောက်သွေ့ခြင်းအတွက် ပေါင်းတင်နည်း
နေရောင်ခြည်များများထိတွေ့တာကြောင့် အသားအရေ ပျက်စီးပြီး ခြောက်သွေ့နေတယ်ဆိုရင် မန်ကျည်းသီးကို စားပေးလို့ရသလို ပေါင်းတင်တဲ့အခါမှာလည်း ထည့်သုံးလို့ရပါတယ်။ မန်ကျည်းသီးကို ပျစ်ပျစ်လေးဖျော်လိုက်ပါ။ ပြီးရင် ရေနွေးနှင့် နနွင်းမှုန့်ကို လက်ဖက်စားဇွန်း တစ်ဝက်လောက်ထည့်ပြီးရောပါ။ မျက်နှာတဝိုက် လိမ်းထားပေးပါ။ ခြောက်သွေ့စေတဲ့ နေရာတွေကို အဓိကထားလိမ်းပါ။ တစ်ပတ်ကို (၂) ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် အသားအရေပျက်စီးတာ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။

၃) အရေးအကြောင်းများအတွက် ပေါင်းတင်ခြင်း
အရွယ်မတိုင်ခင် အသက်အရွက်ကြီးရင့်တာကြောင့် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်တာကို ဖယ်ရှားချင်တယ်ဆိုရင်တော့ မန်ကျည်းသီး သုံးလို့ရပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်မှုနဲ့ free radicals တွေကို ဖယ်ရှားပေးတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တာကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မန်ကျည်းရည် လက်စားဇွန်းတစ်ဇွန်းနဲ့ ပျားရည်နည်းနည်းလောက်ရောပြီး မျက်နှာပေါ်အနှံ့ လိမ်းပေးပါ။ တစ်ပတ်ကို (၃) ကြိမ်လောက်ပြုလုပ်ပေးရင်တော့ နုပျိုလှပလာမှာနော်။

၎) ဝက်ခြံအတွက် ပေါင်းတင်ခြင်း
မန်ကျည်းသီးက ဝက်ခြံအတွက် ကုသရာမှာလည်း အရမ်းအသုံးဝင်ပါတယ်။ မန်ကျည်းသီးမှာ ဗီတာမင် စီနှင့် အေ ပါဝင်တာကြောင့် ဝက်ခြံကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ မန်ကျည်းသီးကို ပျစ်ပျစ်လေးဖျော်ပြီး အနှစ်ရအောင်လုပ်ပါ။ ထို့နောက်မှာတော့ ဒိန်ချဉ်(အဆီမပါ) နှင့် ရောပြီး ဝက်ခြံရှိတဲ့ နေရာတဝိုက်မှာ လိမ့်ပေးပါ။ (၁၀) မိနစ်လောက် ထားပြီး၊ ခြောက်သွေ့သွားရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာကိုသစ်ပေးပြီး ၊အစိုဓာတ်ထိန်းခရင်မ် လိမ်းထားပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းကြောင့် ဝက်ခြံတွေ ချပ်လာမှာ အသေအချာပါ။
Ref;HEALTHGROUP

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.