အိုသွေးပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထား

သင်သာ အို သွေးပိုင်ရှင်ဆိုရင်ဒီအချက်လေးတွေနဲ့ ကိုက်ညီပါရဲ့လား။

အိုသွေးပိုင်ရှင်လေးတွေက ဆူညံတာတွေကို လုံးဝမကြိုက်သလို အစားစားနေတဲ့အချိန်မှာလဲ နားပူအောင်လုပ်တာကို လုံးဝသည်းမခံနိုင်ကြပါဘူး။ အလုပ်လုပ်ကို စေ့စေ့စပ်စပ်နဲ့ လျင်မြန်ပြီးမြောက်အောင်လုပ်ကြပြီး ပစ္စည်းအသေး(အရုပ်အသေးလေးတွေ)ကို ဝယ်ပြီးစုရတာ ဝါသနာပါကြပါတယ်။

တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်ပြီး ခံစားချက်ကို ထုတ်မပြတတ်ပေမယ့် စိတ်ခံစားလွယ်သူတွေဖြစ်ကြပါတယ်။ အိုသွေးပိုင်ရှင်တွေရဲ့ စိတ်က မှန်းရခက်သလို အချစ်ကြီးတဲ့သူလေးတွေလဲဖြစ်ပါတယ်။

သူငယ်ချင်းတွေကြားမှာ အေးဆေးနေတတ်သူဖြစ်ပြီး ကိုယ့်အဖွဲ့ထဲမှာ သူစိမ်းတွေပါလာမယ်ဆိုရင်တော့ မျက်နှာခပ်တည်တည်နဲ့နေတတ်သူဖြစ်ပြီး စကားပြောတာကအစနည်းသွားပါတယ်။အမြဲတမ်းမျက်နှာတည်နဲ့နေတတ်ပြီး ပေါင်းကြည့်ရင်တော့ တကယ်ငပေါလေးတွေပါ။တစ်ခါတလေမှာ အတွေးထဲနစ်မြောနေတတ်ပြီး ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ဂရုစိုက်တတ်တဲ့အကျင့် အိုသွေးတွေမှာ မရှိပါဘူး။

စိတ်ခံစားမှုက နူးညံ့ပေမယ့် ကိုယ့်အပေါ်အလေးမထားတဲ့ သူတွေနဲ့သာ ကြုံတွေ့ရတတ်ပါတယ်။ သည်းခံနိုင်စွမ်းမှာတော့ စူပါ ပါဝါရှိတယ်လို့ပြောလို့ရပြီး စိတ်နာပြီဆိုရင်လဲ ဘယ်လောက်တောင်းပန်စေကာမူ လုံးဝ ပြန်လှည့်မကြည့်တဲ့ လူသားလေးတွေပါ။

လူတွေကို ရိုးရိုးသားသားနဲ့သာဆက်ဆံကြပြီး ကိုယ့်ထက် ကြီးသူပဲဖြစ်ဖြစ် ငယ်သူအပေါ်မှာလဲ အဆင်ပြေအောင်ပေါင်းတတ်သူတွေပါ။ သနားတတ်တဲ့နေရာမှာလဲ နှစ်ယောက်မရှိသလို ပေးကမ်းစွန့်ကြဲမှုကလဲ ရက်ရောသူတွေပါ။

အို သွေးပိုင်ရှင် ပရိသတ်ကြီးတွေအနေနဲ့ လဲ ပြောပြခဲ့တဲ့ အချက်လေးတွေနဲ့ ကိုက်ညီလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.