အချစ်ဆိုတာ စိတ်ကို အနိုင်ဆုံး အရာတစ်ခုပါလို့ ဆိုလိုက်တဲ့ ကောင်းပြည့်

625624_414433351936518_1685590354_n.jpg

ခုနောက်ပိုင်း တီဗီကြော်ငြာတွေ တော်တော်များများနဲ့ ဇာတ်ကားတွေမှာပါ အနုပညာခြေလှမ်းစိပ်စိပ်နဲ့ တွေ့လာရတဲ့ ကောင်းပြည့်နဲ့ တွေ့ဆုံခိုက် သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို မေးမြန်းကြည့်ဖြစ်တဲ့ အခါမှာတော့ ‘အခုရိုက်နေတဲ့ ကားလေးက မာစတာဘရိန်းတဲ့။ လူငယ် အချစ်ကျောင်းသား ကားလေးပါပဲ။ မကစ်နဲ့က အရမ်းချစ်ကြတဲ့ချစ်သူပေါ့။ ဒီကားထဲမှာ အရမ်းချစ်ကြတဲ့အတွက် ဆရာဝန်တွေက သူတို့ဖော်စပ်ထားတဲ့ဆေးကို ထိုးရင် တစ်ယောက်နဲ့တစ်ယောက်မေ့သွားမယ်ပေါ့။ အဲဒါ မယုံတာနဲ့ဆရာဝန်တွေနဲ့လောင်းပြီး ဆေးသောက်လိုက်တော့ မေ့သွားကြတဲ့ ပုံစံလေးပါ။ မင်းသမီးက မကစ်၊ ဒါရိုက်တာက မကြည်ဖြူသျှင်ပါ။ ဒီကားပြီးရင် ဒါရိုက်တာဗန်းကြီးနဲ့ရိုက်ပါမယ်’လို့ သူက ပြောပါတယ်။

လာမယ့်ချစ်သူများနေ့ကို ဘယ်လိုကုန်ဆုံးမယ်ဆိုတာနဲ့ သူ့ရဲ့ အချစ်ရေးကိုတော့ သူက ‘ချစ်သူများနေ့မှာ ကားရိုက်ပဲရှိမှာပါ။ တခြားထွေထွေထူးထူးဘာမှမရှိပါဘူး။ အရင်နှစ်တွေတုန်းကလဲ ကားပဲရိုက်နေပါတယ်။ ဒီနှစ်ပေးဖို့ စီစဉ်ထားတာ ဘာမှမရှိပါဘူး။ သူများဆီကရဖို့လဲ မမျှော်လင့် ပါဘူး။ ပေးဖို့လဲမရှိပါဘူး။ ပရိသတ်တွေပို့ပေးတာမျိုးတော့ ရှိပါတယ်။ ၂၀၁၄မှာ မင်္ဂလာ ဆောင်တော့မယ့် အနုပညာရှင်တွေ အတွက်တော့ သူတို့တွေ တကယ်ချစ်လို့ယူကြတာဖြစ်တဲ့ အတွက် အများကြီးဝမ်းသာပါတယ။် အချစ်ဆိုတာကတော့ စိတ်ကို အနိုင်ဆုံး အရာလို့ထင်တယ်။ အချစ်ကြောင့် စိတ်ညစ်ရင်လဲ တခြားစိတ်ညစ်စရာတွေထက်ပိုပြီး စိတ်ညစ်ရတယ်။ ပျော်ရင်လဲအများကြီး ပျော်အောင်လုပ်ပေးနိုင်တယ်။ စိတ်ထိခိုက်ရင်လဲ အများကြီး စိတ်ထိခိုက်ရတယ်။ တကယ်ချစ်ပြီဆိုရင် စိတ်ကို အကိုင်လှုပ်နိုင်ဆုံးအရာလို့ထင်ပါတယ်။ လက်ရှိရထားတဲ့ အချစ်ကိုပြည့်စုံမှုရှိမရှိဆိုတာ ရေရှည်ကို အများကြီးကြည့်ရမှာပါ။ အချစ်နဲ့ ပတ်သတ်ပြီး အရာအားလုံးကို အဆင်ပြေအောင်လုပ်သွားမှာပါ။ အိမ်ကတော့ ကျွန်တော့်အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့ ဘာမှမပြောပေမဲ့ ဒီအလုပ်ကို လုပ်နေတဲ့အချိန်မှာ အလုပ်ကိုပဲ ကြိုးစားပြီးတော့ လုပ်စေချင်တယ်။ ရည်းစားတော့ မထားစေချင်ဘူး။ မဖြစ်စေချင်ဘူးပေါ့။ ကျွန်တော့်အလုပ်ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့၊ အလုပ်ကိုပဲ ကြိုးစားဖို့ပြောပါတယ်’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.