မိန်းကလေးတိုင်း ကိုယ်ကြိတ် Crush နေရတဲ့သူ သတိထားမိအောင်ဘယ်လိုနည်းလမ်းတွေသုံးသင့်လဲ။

မိန်းကလေးဆိုတာ အိနြေ္ဒငဲ့ရမယ်၊ ကိုယ်ဘက်က ဘယ်တော့မှအရင်ဖွင့်မပြောရဘူးဆိုပေမယ့်လည်း ကိုယ်ချစ်ရတဲ့သူ(ကိုယ့် crush)ကို တော့ ကိုယ်ချစ်နေတာလေးကို သိသွားအောင် ဒီလိုနည်းလမ်းလေးတွေသုံးကြည့်ရအောင်။

၁) Facebook account ရှာပါ။
အခုလို Online အသုံးများနေတဲ့ ခေတ်ကြီးမှာ ဘယ်သူကဘယ်သွားတယ်၊ ဘယ်လာတယ် ဆိုတာတွေကို facebook ကတဆင့် သိနိုင်နေပြီနော်။သူ့ရဲ့ အကောင့်လေး မီးစိမ်းနေတာမြင်ရရင်ပျော်နေရပြီဆိုတော့ သူဘယ်သူနဲ့ သူငယ်ချင်းဖြစ်ထားတယ်။ သူရဲ့ နေထိုင်မှုပုံစံကဘယ်လိုဆိုတာကအစ မြင်တွေ့ရမှာပါ။
နောက်တစ်ခုက ကိုယ် Crush နေတာသိစေဖို့ သူတင်တဲ့ ပို့စ်တိုင်းမှာ Love react လေးတွေ ၊HaHa ပေးတာမျိုးလေးတွေ လုပ်ပါ။ ဒီလိုလုပ်တဲ့အခါမှာလည်း ပို့စ်အကုန်လုံးကို Love react ပေးတာမျိုး မလုပ်ပါနဲ့ ။ love react အမြဲပေးနေရင် သူ့ဘက်က ငါဘာတင်တင် love react ပေးမှာပဲ ဆိုပြီး ခံစားချက်ပေါ့သွားနိုင်ပါတယ်။ ကိုယ်ဘယ်လို react မျိုးပေးနိုင်မယ်ဆိုတာ သူ့ဘက်စိတ်ဝင်စားလာအောင် react တစ်ခုကိုပဲ စွဲမြဲပေးတာမျိုးကို ရှောင်ရပါမယ်။

၂) သူနဲ့ဆိုင်တဲ့ ခံစားချက်လေးတွေ
သူ့ကို ရည်ညွှန်းချင်တဲ့ ခံစားချက်လေးတွေ တင်ပါ။ ဒီလိုလုပ်ခြင်းကတော့ ဖွင့်ပြောနေစရာမလိုဘဲ သူသိနိုင်မယ့် အကောင်းဆုံး နည်းလမ်းလေးပါ။

၃)အကြည့်ချင်းဆုံပါ။
Crush နဲ့ အကြည့်ချင်းဆုံဖြစ်အောင်နေပါ။ ဆုံအောင် ကြိုးစားရမှာက ကိုယ့်တာဝန်ပါ။ မျက်ဝန်းတွေကတဆင့် စကားပြောကြည့်ပါ။ ဘယ်က ဘယ်လိုစရမယ်ဆိုတာ မသိရင် ပထမဆုံး တည့်တည့်သာ စိုက်ကြည့်ပါ။ သူပြန်ကြည့်ရင်တော့ အကြည့်လွှဲလိုက်တော့နော်။ ဒီလိုဆိုရင် သူနည်းနည်းတော့ စတင်ရိပ်မိလာမှာတော့ သေချာပါတယ်။

၎) စကားပြောပါ
ချစ်တယ်၊ကြိုက်တယ်ဆိုတာမျိုးမဟုတ်ဘဲ ရင်းနှီးမှုတစ်ခုရအောင် အရင်ကြိုးစားပါ။ အပြင်မှာ စကားမပြောရဲဘူးဆိုရင်တောင် အကြောင်းတစ်ခုခုကိုရှာပြီး chatbox မှတဆင့် ဆက်သွယ်ပါ။ ဒါကတော့ အဆင်ပြေဆုံးနည်းလမ်းလို့ ပြောလို့ရပါတယ်။ စကားပြောတော့မယ်လို့ ဆုံးဖြတ်ပြီးရင် သူစိတ်ရှုပ်နေလား၊ဒါမှမဟုတ် စိတ်ကြည်နေလား ဆိုတာ အရင် စုံစမ်းပါ။ စိတ်ရှုပ်နေတဲ့အချိန်တော့ စကားလုံးဝ သွားမပြောမိပါစေနဲ့နော်။

128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.