ပီကင္းဘဲကင္နည္း

ကိုယ္႔အိမ္မွာ ကိုယ္႔ဘာသာ ပီကင္းဘဲကင္လုပ္စားၾကမယ္။ ဆိုင္မွာ ေစ်းၾကီးေပးျပီး ၀ယ္စားရတာထက္ ကိုယ္႔ဘာသာလုပ္စားၾကည္႔ေတာ႔ လုပ္တတ္တာေပါ႔ေနာ္။ ဒါေၾကာင့္ ပီကင္းဘဲကင္ေမႊးေမႊးေလး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါ၀င္ပစၥည္းမ်ား
၁။ ဘဲသား (ေခါင္းမပါ ၊ ကလီစာမပါ)
၂။ ပဲငံျပာရည္အေနာက္
၃။ ပ်ားရည္
၄။ သံပုရာသီး
၅။ ဆန္အရက္
၆။ သစ္ၾကံပိုးေခါက္
၇။ နာနတ္ပြင္႔
၈။ ဆားအနည္းငယ္တို႔လိုအပ္ပါတယ္။
( သစ္ၾကံပိုးေခါက္နဲ႔ နာနတ္ပြင္႔ မသံုးခ်င္ရင္ တရုတ္မဆလာနဲ႔ လည္း လုပ္လို႔ရပါတယ္။ၾကိဳက္တဲ႔ ပံုစံသံုးပါ)

ျပဳလုပ္နည္း
၁။ ပထမဦးဆံုး သံပုရာသီးကို အေစ႔မပါေစဘဲ ပါးပါးလွီးထားပါ။
၂။ ျပီးတာနဲ႔ အိုးထဲကို ေရ ၀.၅ လီတာ၊ ပ်ားရည္စားပြဲတင္ဇြန္း(၃)ဇြန္း၊ ပဲငံျပာရည္စားပြဲတင္ဇြန္း(၃)ဇြန္း၊ ဆန္အရက္စားပဲြတင္ဇြန္း(၅)ဇြန္း၊ သစ္ၾကံပိုးေခါက္တစ္ခု၊သံပုရာသီးပါးပါးလွီးထားတာ ထည္႔၊ နာနတ္ပြင္႔ အနည္းငယ္ ဆားအနည္းငယ္ ထည္႔ျပီး ဆူလာတဲ႔ အထိတည္ပါ။ ျပီးရင္ အေအးခံထားပါ။
၃။ ျပီးတာနဲ႔ အကင္လုပ္မယ္႔ဘဲကို ယူျပီး အေမႊးႏုေလးေတြေျပာင္ေအာင္ သန္႔ရွင္းေအာင္လုပ္ပါ။ အိုးၾကီး တစ္အိုးထဲကို ေရထည္႔ျပီး တည္ပါ။
၄။ ေရေႏြးဆူလာတာနဲ႔ ခုနက သန္႔ရွင္းထားတဲ႔ ဘဲကို ျမဳပ္တဲ႔အထိ ထည္႔ျပီး ဘဲအေကာင္ရဲ႕ အေရခံြ အေရာင္ေျပာင္းလာတဲ႔ အထိ ေရေႏြးေဖ်ာေပးပါ။
၅။ ျပီးတာနဲ႔ ခ်က္ခ်င္းဆယ္ျပီး ေရေျခာက္ေအာင္ အ၀တ္သန္႔သန္႔နဲ႔ သုတ္ေပးပါ။ ေရေျခာက္ျပီး ေရစစ္သြားျပီးဆိုရင္ ခုနက လုပ္ထားတဲ႔ ေဆာ႔စ္အရည္ကို ဘဲသားရဲ႔ အတြင္းေရာ အျပင္ေရာ ႏွံ႔ေနေအာင္ သုတ္ေပးပါ။
၆။ ျပီးရင္ ဘဲသားကို ဘာနဲ႔မွ မဖံုးမအုပ္ပဲ ေရခဲေသတၱာထဲမွာျဖစ္ျဖစ္ ယင္မနားတဲ႔ ေနရာမွာပဲျဖစ္ျဖစ္ ေဆာ႔စ္ အသားထဲ၀င္ျပီး အရသာရွိေအာင္ အရည္ေျခာက္သြားျပီး အေရာင္လွေအာင္ (၄)နာရီကေန(၅)နာရီၾကာ အေျခာက္ခံထားပါ။
၇။ ျပီးရင္ အကင္စက္ရွိတယ္ဆိုရင္ေတာ႔ (၄၅)မိနစ္ေလာက္ ဘဲသားအေရာင္ နီညိဳေရာင္ ျဖစ္လာတဲ႔ ကင္ေပးပါ။ အကင္စက္မရွိရင္ေတာ႔ ခဲပတ္နဲ႔ပတ္ျပီး မီးေသြးနဲ႔ကင္လို႔ရပါတယ္။ တစ္ခ်ဳိ႕ကေတာ႔ မိနစ္(၂၀)ေလာက္ မက်က္တစ္က်က္ကင္ျပီး ခုတ္ပိုင္းျပီး ဆီနဲ႔ ျပန္ေၾကာ္ေလ႔ရွိပါတယ္။ ကိုယ္ၾကိဳက္ႏွစ္သက္သလိုလုပ္စားၾကည္႔ပါ။

ေနာက္တစ္နည္း
ဘဲကင္ကို မီးေသြးနဲ႔ ကင္တဲ႔နည္းေလး နည္းနည္းေျပာျပခ်င္ပါတယ္။ တစ္ေတာင္ေက်ာ္ေက်ာ္ စည္ပိုင္းျပတ္တစ္ခုလိုပါတယ္။ စည္ပိုင္းျပတ္ရဲ႔ အတြင္းေဘးပတ္လည္ကို မီးက်ည္းခဲ မီးေသြးခဲေတြ ထည္႔ေပးရမွာပါ။ ဘဲကို အေပၚကေန တဲြေလာင္းခ်ိတ္ေပးျပီး လွည္႔လွည္႔ေပးရပါမယ္။ ျပီးရင္ လုပ္ထားတဲ႔ ေဆာ႕စ္အရည္ေလးသုတ္သုတ္ေပးျပီး ပတ္ပတ္လည္ႏွ႔ံေအာင္ကင္ေပးရံုပါပဲ။

[ Unicode ]

ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ ပီကင်းဘဲကင်လုပ်စားကြမယ်။ ဆိုင်မှာ ဈေးကြီးပေးပြီး ဝယ်စားရတာထက် ကိုယ့်ဘာသာလုပ်စားကြည့်တော့ လုပ်တတ်တာပေါ့နော်။ ဒါကြောင့် ပီကင်းဘဲကင်မွှေးမွှေးလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ဘဲသား (ခေါင်းမပါ ၊ ကလီစာမပါ)
၂။ ပဲငံပြာရည်အနောက်
၃။ ပျားရည်
၄။ သံပုရာသီး
၅။ ဆန်အရက်
၆။ သစ်ကြံပိုးခေါက်
၇။ နာနတ်ပွင့်
၈။ ဆားအနည်းငယ်တို့လိုအပ်ပါတယ်။
( သစ်ကြံပိုးခေါက်နဲ့ နာနတ်ပွင့် မသုံးချင်ရင် တရုတ်မဆလာနဲ့ လည်း လုပ်လို့ရပါတယ်။ကြိုက်တဲ့ ပုံစံသုံးပါ)

ပြုလုပ်နည်း
၁။ ပထမဦးဆုံး သံပုရာသီးကို အစေ့မပါစေဘဲ ပါးပါးလှီးထားပါ။
၂။ ပြီးတာနဲ့ အိုးထဲကို ရေ ဝ.၅ လီတာ၊ ပျားရည်စားပွဲတင်ဇွန်း(၃)ဇွန်း၊ ပဲငံပြာရည်စားပွဲတင်ဇွန်း(၃)ဇွန်း၊ ဆန်အရက်စားပွဲတင်ဇွန်း(၅)ဇွန်း၊ သစ်ကြံပိုးခေါက်တစ်ခု၊သံပုရာသီးပါးပါးလှီးထားတာ ထည့်၊ နာနတ်ပွင့် အနည်းငယ် ဆားအနည်းငယ် ထည့်ပြီး ဆူလာတဲ့ အထိတည်ပါ။ ပြီးရင် အအေးခံထားပါ။
၃။ ပြီးတာနဲ့ အကင်လုပ်မယ့်ဘဲကို ယူပြီး အမွှေးနုလေးတွေပြောင်အောင် သန့်ရှင်းအောင်လုပ်ပါ။ အိုးကြီး တစ်အိုးထဲကို ရေထည့်ပြီး တည်ပါ။
၄။ ရေနွေးဆူလာတာနဲ့ ခုနက သန့်ရှင်းထားတဲ့ ဘဲကို မြုပ်တဲ့အထိ ထည့်ပြီး ဘဲအကောင်ရဲ့ အရေခွံ အရောင်ပြောင်းလာတဲ့ အထိ ရေနွေးဖျောပေးပါ။
၅။ ပြီးတာနဲ့ ချက်ချင်းဆယ်ပြီး ရေခြောက်အောင် အဝတ်သန့်သန့်နဲ့ သုတ်ပေးပါ။ ရေခြောက်ပြီး ရေစစ်သွားပြီးဆိုရင် ခုနက လုပ်ထားတဲ့ ဆော့စ်အရည်ကို ဘဲသားရဲ့ အတွင်းရော အပြင်ရော နှံ့နေအောင် သုတ်ပေးပါ။
၆။ ပြီးရင် ဘဲသားကို ဘာနဲ့မှ မဖုံးမအုပ်ပဲ ရေခဲသေတ္တာထဲမှာဖြစ်ဖြစ် ယင်မနားတဲ့ နေရာမှာပဲဖြစ်ဖြစ် ဆော့စ် အသားထဲဝင်ပြီး အရသာရှိအောင် အရည်ခြောက်သွားပြီး အရောင်လှအောင် (၄)နာရီကနေ(၅)နာရီကြာ အခြောက်ခံထားပါ။
၇။ ပြီးရင် အကင်စက်ရှိတယ်ဆိုရင်တော့ (၄၅)မိနစ်လောက် ဘဲသားအရောင် နီညိုရောင် ဖြစ်လာတဲ့ ကင်ပေးပါ။ အကင်စက်မရှိရင်တော့ ခဲပတ်နဲ့ပတ်ပြီး မီးသွေးနဲ့ကင်လို့ရပါတယ်။ တစ်ချို့ကတော့ မိနစ်(၂၀)လောက် မကျက်တစ်ကျက်ကင်ပြီး ခုတ်ပိုင်းပြီး ဆီနဲ့ ပြန်ကြော်လေ့ရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်သလိုလုပ်စားကြည့်ပါ။

နောက်တစ်နည်း
ဘဲကင်ကို မီးသွေးနဲ့ ကင်တဲ့နည်းလေး နည်းနည်းပြောပြချင်ပါတယ်။ တစ်တောင်ကျော်ကျော် စည်ပိုင်းပြတ်တစ်ခုလိုပါတယ်။ စည်ပိုင်းပြတ်ရဲ့ အတွင်းဘေးပတ်လည်ကို မီးကျည်းခဲ မီးသွေးခဲတွေ ထည့်ပေးရမှာပါ။ ဘဲကို အပေါ်ကနေ တွဲလောင်းချိတ်ပေးပြီး လှည့်လှည့်ပေးရပါမယ်။ ပြီးရင် လုပ်ထားတဲ့ ဆော့စ်အရည်လေးသုတ်သုတ်ပေးပြီး ပတ်ပတ်လည်နှံ့အောင်ကင်ပေးရုံပါပဲ။

Ref; asianfood

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.