မူးပြီးကားမောင်းမှု မတိုင်ခင် နှစ်ရက်က အဖြစ်အပျက်ပါ။ မူးပြီးကားမောင်းမှုနဲ့ အဖမ်းခံရတဲ့ သတင်းကို ဖတ်ရန် Click !
မိုင်ယာမီရှိ မိုင်ယာမီဒိတ် စီရင်စု အကျဉ်းထောင်ကနေ ထွက်လာတဲ့ ဆယ်ကျော်သက် ပေါ့ပ်စတား Justin Bieberကို အနက်ရောင် ခေါင်းစွပ် ဆွယ်တာရှပ်နဲ့ တွေ့ရစဉ်။
ဖလော်ရီဒါ စစ်တီး ရဲအရာရှိတွေသုံးယောက်ဟာ Justin Bieberကို မိုင်ယာမီလေဆိပ်မှာ လိုက်လံစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒါဟာ ခွင့်ပြုမိန့်မကျထားတဲ့ လိုက်လံစောင့်ကြပ်မှု ဖြစ်တဲ့အတွက် အဲ့ဒီ့ ရဲအရာရှိ သုံးယောက်ကို ရာထူးကနေ ခဏချထားတယ်လို့ သတင်းရရှိပါတယ်။
“လေဆိပ်မှာ သူတို့သုံးယောက် တည်ရှိမှုက ခွင့်ပြုမိန့်မကျ ထားပါဘူး။ လေဆိပ်ကရဲတွေရဲ့ လိုက်လံစောင့်ရှောက်ပေးတာကိုတော့ ခွင့်ပြုထားပါတယ်။ လုပ်ငန်းစဉ်အတိုင်း သွားရမှာပေါ့ဗျ။ လိုက်လံစောင့်ရှောက်မယ့် သူတိုင်း ခွင့်ပြုမိန့်ယူထားရမယ်။ ဒီကိစ္စအတွက်တော့ Justin Bieberပဲဖြစ်ဖြစ်၊ တခြား ဘာကောင်ကြီးပဲဖြစ်ဖြစ်ပါ။” လို့ အိုပါလော့ကာ မြို့ လက်ထောက်မန်နေဂျာ David Chiverton က ဇန်န၀ါရီ ၂၄ရက်နေ့မှာ ပြောခဲ့ပါတယ်။
Ref: www.reuters.com