ဒူးရင်းသီးနှင့် တွဲဖက်စားသုံးခြင်းမပြုလုပ်သင့်သော အစားအစာများ

၁) အရက်၊ဘီယာ
ဒူးရင်းသီးစားရင်းနဲ့ အရက်သောက်ခြင်းက သေစေနိုင်လောက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်တစ်မျိုးက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အရက်ပမာဏထိန်းချုပ်တာကို ကူညီပေးတဲ့ဆဲလ်တွေကို ဟန့်တားစေပါတယ်။ အဲ့ဒီအချက်ကလေးကတော့ သေစေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။


၂) နို့
ဒူးရင်းသီးက သွေးထဲမှာရှိတဲ့ ကဖင်းဓာတ်ကို လျော့နည်းစေပါတယ်။ ကဖင်းဓာတ်ဆိုတာ လူကို လန်းဆန်းစေတဲ့ ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဒူးရင်းသီးအများကြီးစားတဲ့အခါ အိပ်ချင်ခြင်း၊ခေါင်းလေးခြင်းတို့ ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်ခြင်းဟာ ကဖင်းဓာတ်လျော့နည်းသွားခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒူးရင်းသီးကို နို့နဲ့ အတူတွဲစားသုံးမိရင် ကဖင်းဓာတ်ကို ပိုလျော့စေပြီး သွေးတိုးတာတွေဖြစ်တတ်ပါတယ်။ အခန့်မသင့်ရင် သေတဲ့အထိ ဖြစ်နိုင်ပါတယ်။


၃) ကိုကာကိုလာ
ကဖင်းဓာတ်အများကြီးပါဝင်တဲ့ ကိုလာကိုလာနဲ့ ဒူးရင်းသီးကို တွဲစားတဲ့အခါ ရုတ်တရက် နှလုံးရပ်ခြင်း၊ အသက်ရှုကြပ်ခြင်း၊စတာတွေပါ ဖြစ်စေပါတယ်။

၎) ခရမ်းသီး
ခရမ်းသီးနှင့် ဒူးရင်းသီးတို့က အပူစာတွေဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်ခုကို တွဲဖက်စားသုံးလျှင် အပူတွေများပြီး နေမကောင်းဖြစ်တတ်ပါတယ်။

၅) ဂဏန်း
ဂဏန်းက အအေးစာဖြစ်ပြီး ဒူးရင်းသီးက အပူစာဆိုတော့ ဒီနှစ်ခုကို တွဲစားလျှင် ဗိုက်အောင့်၊ ဗိုက်နာခြင်း စတာတွေဖြစ်တတ်ပါတယ်။

၆) အမဲသား
အမဲသားသည်လည်း ဒူးရင်းသီးကဲ့သို့ အပူစာဖြစ်တာကြောင့် တွဲဖက်စားသုံးလျှင် အပူများပြီး နေမကောင်းဖြစ်တတ်ပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.