ရင္ဘတ္ခ်င္းနီးခ်င္သူမ်ားအတြက္

အေနေဝးလို႔ အခ်စ္ေတြ တိုက္စားခံရမွာ ေၾကာက္ေနသူမ်ား၊ ကြန္ပ်ဴတာ၊ ဖုန္း screen နဲ႕ပဲ ေက်နပ္ေနရသူမ်ား၊ အသံေလးနဲ႔ပဲ ေက်နပ္ေနရသူမ်ား ႏွစ္သိမ့္ေနရသူမ်ားအတြက္ အခ်စ္ေတြေလ်ာ့ပါး မသြားေစဖို႔ မိုင္ေတြေဝးလည္း ရင္ဘတ္ခ်င္းနီးႏိုင္ဖို႔ အၾကံဥာဏ္ေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။

(၁) စကားေျပာဖို႔လို အေနေ၀းၾကတဲ့ခ်စ္သူေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္စကားလက္ဆံုေျပာဖို႔ အခ်ိန္နဲ႕အခြင့္အေရးရွားပါးတတ္ၾက ပါတယ္။ တစ္ခါတစ္ေလမွာ အခ်ိန္နဲ႕အခြင့္အေရးက ရွိေစဦးေတာ့ ႏွလံုးသားက ႏိုးထဖို႔ေမ့ေနတတ္ၾကပါတယ္။ အေနေ၀းေနတဲ့ ခ်စ္သူတိုင္းတစ္ေယာက္နဲ႕တစ္ေယာက္ အခ်ိန္ဖန္တီးျပီး စကားလက္ဆံုၾကဖို႔လိုအပ္တယ္။ ကြန္နက္ရွင္ဟာ အျမဲျပတ္ေတာက္ေနမယ္ဆိုရင္ အနာဂတ္ခ်စ္ခရီးလမ္းဟာ မႈန္၀ါး၀ါးျဖစ္သြားလိမ့္မယ္။ ဖုန္းနဲ႕ပဲေျပာေနတယ္ဆိုရင္ အခ်ိန္ၾကာလာတာနဲ႕အမွ် ရိုးအီသြားတတ္တယ္။

(၂) နည္းေပါင္းစံုအဆက္အသြယ္ မျပတ္ေအာင္လုပ္ ဘယ္နည္းနဲ႔ပဲျဖစ္ျဖစ္ ၊ အြန္လိုင္းနဲ႔ပဲျဖစ္ျဖစ္၊ ဖုန္းနဲ႕ပဲျဖစ္ျဖစ္ စာနဲ႔ပဲျဖစ္ျဖစ္ သူနဲ႕ကိုယ္ၾကားက သံေယာဇဥ္ၾကိဳးကို အျမဲ ခ်ည္ေႏွာင္ေစဖို႔ နည္းေပါင္းစံုနဲ႕အဆက္အသြယ္ျပဳလုပ္ထားပါ။ လက္ေဆာင္ပို႔ေပးတာတို႔၊ ခ်စ္သ၀ဏ္လႊာ ပို႔ေပးတာတို႔ စသျဖင့္ အျမဲအဆက္အသြယ္ရွိေနပါေစ။

(၃) ဘံု စိတ္၀င္စားစရာဖလွယ္ပါ။ မိုင္ေတြျခားေနေပမယ့္ ရင္ဘတ္ျခင္းနီးခ်င္ၾကတဲ့သူေတြအတြက္ ရင္ခုန္သံေတြ အျမဲေႏြးေစဖို႔ သူေရာ ကိုယ္ေရာ စိတ္၀င္ စားတဲ့အေၾကာင္း အရာတစ္ခုကိုေရြးျပီး အတူတကြေဆြးေႏြးၾကည့္ပါ။

ဥပမာ – လီေျဗာင္ဟြန္းရဲ႕ ေဟာလိ၀ုဒ္ကား G.I Joe: The Rise of Cobra မွာ လီေျဗာင္ဟြန္းရဲ႕ဗီလိန္သရုပ္ေဆာင္ပံုေကာင္းတယ္၊ မေကာင္းဘူးဆိုတာ သူေရာကိုယ္ေရာ သီးျခားစီၾကည့္ျပီးေဆြးေႏြး ၾကေပါ့။ သီခ်င္းဆိုရင္လည္း ဘယ္အဆိုေတာ္ကျဖင့္ေကာင္းတယ္၊ ဘယ္သီခ်င္းကျဖင့္ ဆုရသြားတာ နားေထာင္ၾကည့္။ ျပီးရင္ေဆြးေႏြးၾကည့္ၾက။ ဒီလိုနည္းနဲ႕ သူနဲ႕ကိုယ္နဲ႕ အဆက္မျပတ္ျဖစ္ေတာ့ဘူးေပါ့။

(၄) တစ္ေယာက္နဲ႕တစ္ေယာက္ ယံုၾကည္မႈရွိပါ။ အေနေ၀းေနတဲ့ခ်စ္သူမ်ားအေနနဲ႕ မွားေလ့မွားထရွိတဲ့ အမွားတစ္ခုကေတာ့ အေနေ၀းလို႔ၾကားေလမ်ားေသြးမွာစိုးျပီး တစ္ေယာက္ေပၚတစ္ေယာက္ ထိန္းခ်ဳပ္ခ်င္ၾကတယ္။ အဲလိုလုပ္ရင္း တစ္ဖက္ဖက္ကေနျပီး ၾကင္ယာဖက္ အစစ္အမွန္ မဟုတ္ဘူးလို႔ ထင္ျမင္လာရင္ ေနာက္ထပ္သင့္ေတာ္တဲ့ လူတစ္ေယာက္လက္ထဲ ပါသြားလိမ့္မယ္။ အေနေ၀းေနတဲ့ခ်စ္သူတိုင္းတစ္ေယာက္အေပၚတစ္ေယာက္ ယံုၾကည္မႈအျပည့္အ၀ရွိဖို႔လိုအပ္တယ္။ ဟုိလူနဲ႕စြပ္စြဲတာမ်ိဳး၊ သံသယစိတ္၀င္တာမ်ိဳး၊ ထိန္းခ်ဳပ္ခ်င္တာမ်ိဳးတို႔ မလုပ္ရဘူး။

(၅) အနာဂတ္အေၾကာင္းေဆြးေႏြးေပး။ ကိုယ္တို႔ခ်စ္သူႏွစ္ေယာက္ရဲ႕ အနာဂတ္ခ်စ္လမ္းခရီးအတြက္ ဘယ္လိုဘယ္ပံုျပင္ဆင္ၾကမလဲဆိုတာ ေဆြးေႏြးပါ။ အတူေနဖို႔ဘယ္ေနရာကေတာ့ျဖင့္ေကာင္းတယ္၊ သားေလးေမြးမယ္၊ သမီးေလးေမြးမယ္ စသျဖင့္ အနာဂတ္အတြက္ ေဆြးေႏြးၾကပါ။ ဒီနည္းဟာ အေနေ၀းေနတဲ့ ခ်စ္သူေတြအတြက္ အရမ္းေကာင္းပါတယ္။ ရင္ခုန္သံကိုအျမဲ လတ္ဆတ္ေစတယ္။
(၆) ဖုန္း၊ အင္တာနက္ ဖုန္းနဲ႕ပဲျဖစ္ေစ၊ အင္တာနက္နဲ႕ပဲျဖစ္ေစ အဆက္အသြယ္ျပဳလုပ္ေပးရမယ္။

(၇) ဘာေတြေျပာရမလဲ…။ အေနေ၀းေနတဲ့ခ်စ္သူေတြ စကားလက္ဆံုၾကေတာ့မယ္ဆိုပါစို႔။ တစ္ေယာက္နဲ႕တစ္ေယာက္ ဘာေတြမ်ားေျပာၾကမလဲ။ လြမ္းတဲ့အေၾကာင္းပဲ ေျပာေနလို႔ကိစၥက မျပီးေသးဘူး။ ဒါေၾကာင့္ တစ္ေယာက္နဲ႕တစ္ ေယာက္ ဒီေန႔အဖို႔ဘာေတြလုပ္ထားလဲ။ ဘယ္သူေတြနဲ႕ေတြ႕တယ္ ဘာအလုပ္ေတြကိုေတာ့ျဖင့္လုပ္တယ္။ ထူးထူးျခားျခား ဘာေတြျဖစ္တယ္ စတဲ့အေၾကာင္းေတြေျပာ။ သူ၀ါသနာပါတဲ့အေၾကာင္း၊ ကိုယ္၀ါသနာပါတဲ့ အေၾကာင္းေတြေျပာေပးပါ။
ဒါဆို…ရင္ခုန္သံတူညီသူတိုင္း ရင္ဘတ္ျခင္း အျမန္နီးႏိုင္ၾကပါေစလို႔။

[ Unicode ]

အနေဝေးလို့ အချစ်တွေ တိုက်စားခံရမှာ ကြောက်နေသူများ၊ ကွန်ပျူတာ၊ ဖုန်း screen နဲ့ပဲ ကျေနပ်နေရသူများ၊ အသံလေးနဲ့ပဲ ကျေနပ်နေရသူများ နှစ်သိမ့်နေရသူများအတွက် အချစ်တွေလျော့ပါး မသွားစေဖို့ မိုင်တွေဝေးလည်း ရင်ဘတ်ချင်းနီးနိုင်ဖို့ အကြံဉာဏ်တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

(၁) စကားပြောဖို့လို အနေဝေးကြတဲ့ချစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက်စကားလက်ဆုံပြောဖို့ အချိန်နဲ့အခွင့်အရေးရှားပါးတတ်ကြ ပါတယ်။ တစ်ခါတစ်လေမှာ အချိန်နဲ့အခွင့်အရေးက ရှိစေဦးတော့ နှလုံးသားက နိုးထဖို့မေ့နေတတ်ကြပါတယ်။ အနေဝေးနေတဲ့ ချစ်သူတိုင်းတစ်ယောက်နဲ့တစ်ယောက် အချိန်ဖန်တီးပြီး စကားလက်ဆုံကြဖို့လိုအပ်တယ်။ ကွန်နက်ရှင်ဟာ အမြဲပြတ်တောက်နေမယ်ဆိုရင် အနာဂတ်ချစ်ခရီးလမ်းဟာ မှုန်ဝါးဝါးဖြစ်သွားလိမ့်မယ်။ ဖုန်းနဲ့ပဲပြောနေတယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရိုးအီသွားတတ်တယ်။
(၂) နည်းပေါင်းစုံအဆက်အသွယ် မပြတ်အောင်လုပ် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ၊ အွန်လိုင်းနဲ့ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် စာနဲ့ပဲဖြစ်ဖြစ် သူနဲ့ကိုယ်ကြားက သံယောဇဉ်ကြိုးကို အမြဲ ချည်နှောင်စေဖို့ နည်းပေါင်းစုံနဲ့အဆက်အသွယ်ပြုလုပ်ထားပါ။ လက်ဆောင်ပို့ပေးတာတို့၊ ချစ်သဝဏ်လွှာ ပို့ပေးတာတို့ စသဖြင့် အမြဲအဆက်အသွယ်ရှိနေပါစေ။
(၃) ဘုံ စိတ်ဝင်စားစရာဖလှယ်ပါ။ မိုင်တွေခြားနေပေမယ့် ရင်ဘတ်ခြင်းနီးချင်ကြတဲ့သူတွေအတွက် ရင်ခုန်သံတွေ အမြဲနွေးစေဖို့ သူရော ကိုယ်ရော စိတ်ဝင် စားတဲ့အကြောင်း အရာတစ်ခုကိုရွေးပြီး အတူတကွဆွေးနွေးကြည့်ပါ။
ဥပမာ – လီဗြောင်ဟွန်းရဲ့ ဟောလိဝုဒ်ကား G.I Joe: The Rise of Cobra မှာ လီဗြောင်ဟွန်းရဲ့ဗီလိန်သရုပ်ဆောင်ပုံကောင်းတယ်၊ မကောင်းဘူးဆိုတာ သူရောကိုယ်ရော သီးခြားစီကြည့်ပြီးဆွေးနွေး ကြပေါ့။ သီချင်းဆိုရင်လည်း ဘယ်အဆိုတော်ကဖြင့်ကောင်းတယ်၊ ဘယ်သီချင်းကဖြင့် ဆုရသွားတာ နားထောင်ကြည့်။ ပြီးရင်ဆွေးနွေးကြည့်ကြ။ ဒီလိုနည်းနဲ့ သူနဲ့ကိုယ်နဲ့ အဆက်မပြတ်ဖြစ်တော့ဘူးပေါ့။
(၄) တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိပါ။ အနေဝေးနေတဲ့ချစ်သူများအနေနဲ့ မှားလေ့မှားထရှိတဲ့ အမှားတစ်ခုကတော့ အနေဝေးလို့ကြားလေများသွေးမှာစိုးပြီး တစ်ယောက်ပေါ်တစ်ယောက် ထိန်းချုပ်ချင်ကြတယ်။ အဲလိုလုပ်ရင်း တစ်ဖက်ဖက်ကနေပြီး ကြင်ယာဖက် အစစ်အမှန် မဟုတ်ဘူးလို့ ထင်မြင်လာရင် နောက်ထပ်သင့်တော်တဲ့ လူတစ်ယောက်လက်ထဲ ပါသွားလိမ့်မယ်။ အနေဝေးနေတဲ့ချစ်သူတိုင်းတစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုအပြည့်အဝရှိဖို့လိုအပ်တယ်။ ဟိုလူနဲ့စွပ်စွဲတာမျိုး၊ သံသယစိတ်ဝင်တာမျိုး၊ ထိန်းချုပ်ချင်တာမျိုးတို့ မလုပ်ရဘူး။
(၅) အနာဂတ်အကြောင်းဆွေးနွေးပေး။ ကိုယ်တို့ချစ်သူနှစ်ယောက်ရဲ့ အနာဂတ်ချစ်လမ်းခရီးအတွက် ဘယ်လိုဘယ်ပုံပြင်ဆင်ကြမလဲဆိုတာ ဆွေးနွေးပါ။ အတူနေဖို့ဘယ်နေရာကတော့ဖြင့်ကောင်းတယ်၊ သားလေးမွေးမယ်၊ သမီးလေးမွေးမယ် စသဖြင့် အနာဂတ်အတွက် ဆွေးနွေးကြပါ။ ဒီနည်းဟာ အနေဝေးနေတဲ့ ချစ်သူတွေအတွက် အရမ်းကောင်းပါတယ်။ ရင်ခုန်သံကိုအမြဲ လတ်ဆတ်စေတယ်။
(၆) ဖုန်း၊ အင်တာနက် ဖုန်းနဲ့ပဲဖြစ်စေ၊ အင်တာနက်နဲ့ပဲဖြစ်စေ အဆက်အသွယ်ပြုလုပ်ပေးရမယ်။ (၇) ဘာတွေပြောရမလဲ…။ အနေဝေးနေတဲ့ချစ်သူတွေ စကားလက်ဆုံကြတော့မယ်ဆိုပါစို့။ တစ်ယောက်နဲ့တစ်ယောက် ဘာတွေများပြောကြမလဲ။ လွမ်းတဲ့အကြောင်းပဲ ပြောနေလို့ကိစ္စက မပြီးသေးဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ် ယောက် ဒီနေ့အဖို့ဘာတွေလုပ်ထားလဲ။ ဘယ်သူတွေနဲ့တွေ့တယ် ဘာအလုပ်တွေကိုတော့ဖြင့်လုပ်တယ်။ ထူးထူးခြားခြား ဘာတွေဖြစ်တယ် စတဲ့အကြောင်းတွေပြော။ သူဝါသနာပါတဲ့အကြောင်း၊ ကိုယ်ဝါသနာပါတဲ့ အကြောင်းတွေပြောပေးပါ။
ဒါဆို…ရင်ခုန်သံတူညီသူတိုင်း ရင်ဘတ်ခြင်း အမြန်နီးနိုင်ကြပါစေလို့။

Ref; rsgoals

 

276 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.