ကိုယ့်ရဲ့ခြေလှမ်းတွေကို ပေါ့ပါးသွက်လက်စေမယ့် Flat ဖိနပ်များ

item0.rendition.slideshowvertical.party-flats-cover.jpg

ဟိုနား၊ ဒီနား ပေါ့ပေါ့ပါးပါးစီးနိုင်တဲ့ Flat တွေ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုစေတဲ့ Boot တွေဟာ ကိုယ့်ဖက်ရှင်ကို အထာကျစေအောင် ပံ့ပိုးပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့ကြောင့် ဘယ်လို flat အမျိုးအစားတွေကို ဘာတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်တယ် ဆိုတာ ပြောပြပေးလိုက်တယ်နော်။

၁။ထသွားထလာအတွက်သာမက ပွဲတက်တွေအထိ ၀တ်ဆင်နိုင်တဲ့ flat လေးတွေကို ၀ယ်ဖြစ်အောင် ၀ယ်ထားပါ။ အထူးသဖြင့် အနက်ရောင် flat လေးတွေက ဘာနဲ့တွဲဝတ်ဝတ် လိုက်ဖက်တာမို့ အနက်ရောင်တစ်ရံတော့ ၀ယ်ထားသင့်ပါတယ်။

၂။ကိုယ်ကပွဲတက်အတွက် ပေါ့ပေါ့ပါးပါးဆိုပေမယ့် ခပ်ဆန်းဆန်းလေးဖြစ်ချင်တယ်ဆိုရင်တော့ metallic ဒီဇိုင်းဆန်း flat ဖိနပ်လေးတွေ ရှာပြီးဆင်မြန်းကြည့်ပါ။

၃။Boot တွေ ကြိုက်တတ်တဲ့ ပျိုမေတွေဆိုရင်တော့ Boot တစ်ရံရှိရုံနဲ့ ပွဲတက်ရော၊ ထသွားထလာအတွက်ပါ အဆင်ပြေစေတယ်ဆိုတာ ပြောပြပေးချင်ပါတယ်။ အပြင်မှာကိုယ်က ခြေစွပ်လေးနဲ့ပဲ ကောက်စွပ်သွားလိုက်တဲ့ Boot က ပွဲအတွက်ဆိုရင်တော့ ခုလို stocking တွေ၊ အသားကပ်ခြေအိတ်အပါးစားတွေနဲ့ တွဲဝတ်လိုက်တာနဲ့ အထာကျသွားပြီလေ။

၎။ခုဆိုရင် flat ဒီဇိုင်းတွေကို ကာတွန်းရုပ်လေးတွေ၊ hello kitty လို ၊ Minnie mouse လို ဒီဇိုင်းမျိုးတွေနဲ့ ထသွားထလာအတွက်ရော ပွဲတက်အတွက်ပါ ထုတ်လာကြပြီမို့ ဒါလေးတွေကို ရှာကြည့်လိုက်ဦးနော်။

၅။A-line cutting ရှိတဲ့ flat လေးတွေကတော့ ဘောင်းဘီဆိုရင်လည်း ခြေဆစ်မရောက်ခင် crop လုပ်ထားတဲ့ ဘောင်းဘီမျိုး၊ ခေါက်တင်ထားတဲ့ ဘောင်းဘီမျိုး ဒါမှမဟုတ်ရင်တော့ ပုံမှာပြထားသလို စကတ်အကားလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

Ref:luckymag.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.