သရက္သီးစိမ္းထမင္းခ်ဥ္စပ္သုပ္ ျပဳလုပ္နည္း

ထမင္းၿမိန္ၿမိန္အဝစားဖို႔ ခ်ဥ္ငံစပ္သရက္သီးထမင္းသုပ္နည္းေလးကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ ထမင္းၿမိန္ၿမိန္စားၾကရေအာင္ေနာ္။

ပါ၀င္ေသာပစၥည္းမ်ား
၁။ ၾကက္သား – ၂၅၀ဂရမ္ (ပါးပါးလွီးထားပါ)
၂။ ဆား – အနည္းငယ္
၃။ သၾကား – အနည္းငယ္
၄။ ငရုတ္ေကာင္း – အနည္းငယ္
၅။ ၾကက္သားမႈန္႕ – အနည္းငယ္
၆။ ဆီ – စားပြဲဇြန္း ၇ဇြန္း
၇။ ပုစြန္ေျခာက္ – ၅၅ ဂရမ္
၈။ ပုစြန္ငပိ – အနည္းငယ္
၉။ ေရွာက္ရြက္ – အနည္းငယ္(ပါးပါးလွီးထားပါ)
၁၀။ ခ်င္း – အနည္းငယ္
၁၁။ ၾကက္သြန္နီ(ေသး) – ၁၀လံုးခန္႕
၁၂။ ထမင္း – ၈၀၀ ဂရမ္ (အေအးခံထားပါ)
၁၃။ သခြားသီး – – ၂၁၀ ဂရမ္ (အေစ့ထုတ္ျပီး အတံုးေသးမ်ားလွီးထားပါ)
၁၄။ သရက္သီး(စိမ္း) – ၂၁၀ ဂရမ္ (အခြံခြာျပီးပါးပါးလွီးကာ ဖြဖြေလးေထာင္းထားပါ)
၁၅။ ငရုတ္သီး(နီ) – ၂ေတာင့္ (ပါးပါးလွီးထားပါ)
၁၆။ ၾကက္သြန္နီေၾကာ္ – စားပြဲတင္ဇြန္း ၂ဇြန္း

ခ်က္ျပဳတ္ပံု (ေလးေယာက္စာ)
– ၾကက္သားကို ဆား၊ သၾကား၊ ငရုတ္ေကာင္း၊ ၾကက္သားမႈန္႕တို႕နဲ႕ သမေအာင္နယ္ျပီး ငါးမိနစ္ခန္႕ ႏွပ္ထားပါ။
– ဆီက်က္တဲ့အခါ ပုစြန္ေျခာက္ကို အနံ႕ေမႊးလာတဲ့အထိ ေၾကာ္ျပီး ခဏဖယ္ထားပါ။ ၾကက္သားကို အညိဳေရာင္သမ္းလာတဲ့အထိေၾကာ္ျပီး ဆီစစ္ထားပါ။
– ၾကက္သား၊ ပုစြန္ေျခာက္၊ ၾကက္သြန္နီ၊ ခ်င္း၊ ေရွာက္ရြက္၊ ပုစြန္ငါးပိတို႕ကို ထမင္းနဲ႕ သမေအာင္နယ္ပါ။ ျပီးရင္ သခြားသီးနဲ႕ သရက္သီးကိုထည့္ျပီး ျပန္နယ္ပါ။
– ပန္းကန္ထဲမွာ နယ္ထားတဲ့ထမင္းကိုထည့္ျပီး အေပၚက ငရုတ္သီးစိမ္း၊ ၾကက္သြန္နီေၾကာ္တို႕နဲ႕ အလွဆင္ေပးျပီးရင္ေတာ့ အသြင္ဆန္းတဲ့ သရက္သီးထမင္းသုပ္ကို သံုးေဆာင္လို႕ရပါျပီေနာ္။

[ Unicode ]

ထမင်းမြိန်မြိန်အဝစားဖို့ ချဉ်ငံစပ်သရက်သီးထမင်းသုပ်နည်းလေးကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ထမင်းမြိန်မြိန်စားကြရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား – ၂၅၀ဂရမ် (ပါးပါးလှီးထားပါ)
၂။ ဆား – အနည်းငယ်
၃။ သကြား – အနည်းငယ်
၄။ ငရုတ်ကောင်း – အနည်းငယ်
၅။ ကြက်သားမှုန့် – အနည်းငယ်
၆။ ဆီ – စားပွဲဇွန်း ၇ဇွန်း
၇။ ပုစွန်ခြောက် – ၅၅ ဂရမ်
၈။ ပုစွန်ငပိ – အနည်းငယ်
၉။ ရှောက်ရွက် – အနည်းငယ်(ပါးပါးလှီးထားပါ)
၁၀။ ချင်း – အနည်းငယ်
၁၁။ ကြက်သွန်နီ(သေး) – ၁၀လုံးခန့်
၁၂။ ထမင်း – ၈၀၀ ဂရမ် (အအေးခံထားပါ)
၁၃။ သခွားသီး – – ၂၁၀ ဂရမ် (အစေ့ထုတ်ပြီး အတုံးသေးများလှီးထားပါ)
၁၄။ သရက်သီး(စိမ်း) – ၂၁၀ ဂရမ် (အခွံခွာပြီးပါးပါးလှီးကာ ဖွဖွလေးထောင်းထားပါ)
၁၅။ ငရုတ်သီး(နီ) – ၂တောင့် (ပါးပါးလှီးထားပါ)
၁၆။ ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်ပုံ (လေးယောက်စာ)
– ကြက်သားကို ဆား၊ သကြား၊ ငရုတ်ကောင်း၊ ကြက်သားမှုန့်တို့နဲ့ သမအောင်နယ်ပြီး ငါးမိနစ်ခန့် နှပ်ထားပါ။
– ဆီကျက်တဲ့အခါ ပုစွန်ခြောက်ကို အနံ့မွှေးလာတဲ့အထိ ကြော်ပြီး ခဏဖယ်ထားပါ။ ကြက်သားကို အညိုရောင်သမ်းလာတဲ့အထိကြော်ပြီး ဆီစစ်ထားပါ။
– ကြက်သား၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ ချင်း၊ ရှောက်ရွက်၊ ပုစွန်ငါးပိတို့ကို ထမင်းနဲ့ သမအောင်နယ်ပါ။ ပြီးရင် သခွားသီးနဲ့ သရက်သီးကိုထည့်ပြီး ပြန်နယ်ပါ။
– ပန်းကန်ထဲမှာ နယ်ထားတဲ့ထမင်းကိုထည့်ပြီး အပေါ်က ငရုတ်သီးစိမ်း၊ ကြက်သွန်နီကြော်တို့နဲ့ အလှဆင်ပေးပြီးရင်တော့ အသွင်ဆန်းတဲ့ သရက်သီးထမင်းသုပ်ကို သုံးဆောင်လို့ရပါပြီနော်။

Ref; asianfood

 

378 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.