ႏွစ္တစ္ေထာင္ FA ဆိုတာ…

ဒီအခ်က္ေတြထဲက တစ္ဝက္ေက်ာ္ေလာက္ သင္နဲ႔ တုိက္ဆိုင္ၿပီဆိုရင္ သင့္ကိုသင္ ႏွစ္တစ္ေထာင္ FA လို႔ သတ္မွတ္ႏိုင္ပါၿပီ။

၁။ ဘာသာေရး ကိုင္းရိႈင္းတတ္သည္။
၂။ ဇီဇာေၾကာင္တတ္သည္။
၃။ တိရိစၦာန္ကေလးမ်ားကို ခ်စ္တတ္သည္။
၄။ တူ၊တူမကေလးမ်ားကို အခ်စ္ၾကီးတတ္ၾကသည္။
၅။ တူ၊တူမကေလးမ်ားကို သူတို႔လိုေနရန္ တိုက္တြန္းတတ္ၾကသည္။
၆။ ဆံုးျဖတ္ခ်က္တစ္ခုခုက်ဖို႔ အၾကာၾကီးေစာင္႔ရတတ္သည္။
၇။ အျမဲလိုလို ဟိုဟာေကာင္းနိဳး၊ဒီဟာေကာင္းနိဳး ေရြးရခက္ေနတတ္သည္။
၈။ အေဖ၊အေမ ကို သူမ်ားထက္ ပိုခ်စ္တတ္သည္။
၉။ ကိုယ္႔ကိုကိုယ္ လည္း သူမ်ားထက္ပိုခ်စ္တတ္သည္။
၁၀။ အခ်စ္၊အိမ္ေထာင္ေရးအေၾကာင္း သူမ်ားထက္ ပိုသိဟန္ ျပတတ္သည္။
၁၁။ အခ်စ္၊အိမ္ေထာင္ေရးအေၾကာင္း သူမ်ားထက္ ပိုမိုစိတ္၀င္စားတတ္သည္။
၁၂။ မိုးေလ၀သလို ခန္႔မွန္းရခက္တတ္သည္။
၁၃။ လိုရင္းမေရာက္ဘဲ ေ၀႔လည္ေၾကာင္ပတ္ ေျပာတတ္သည္။
၁၄။ အတိတ္၊နမိတ္ ၊တေဘာင္ တို႔ကို ယံုၾကည္တတ္သူမ်ားျဖစ္သည္။
၁၅။ မရြာေသာမိုးကို ေမွ်ာ္ကိုးတတ္သည္။
၁၆။ ႏွေျမာတြန္႔တိုေသာ္လည္း အလွဴဒါန အေပးအကမ္း ရက္ေရာတတ္သည္။
၁၇။ စိတ္ထားေကာင္းေသာ္လည္း တဗ်စ္ေတာက္ေတာက္ ေျပာတတ္သည္။
၁၈။ လူစိမ္းမ်ားကိုအားမကိုးဟန္ျပေသာ္လည္း ရင္းႏွီးသူမ်ားကိုအားကိုးလြန္တတ္ၾကသည္။
၁၉။ သီခ်င္း၊၀တၲဳ၊ရုပ္ရွင္ (အႏုပညာ)မ်ားကို နင္႔နင္႔နဲနဲ ခံစားတတ္ၾကသည္။
၂၀။ တစ္ခုခုကိုၾကိဳက္မိလွ်င္ျဖစ္ေစ၊မၾကိဳက္လွ်င္ျဖစ္ေစ ေျပာမျပီးတတ္ၾကေခ်။
၂၁။ အရွက္၊အေၾကာက္ သာမန္ထက္ပိုၾကီးတတ္သည္။
၂၂။ ဒိုင္ယာရီလိုစာအုပ္မ်ိဳးကို ေရးဖို႔ထက္သိမ္းထားဖို႔ စိတ္၀င္စားသူမ်ားျဖစ္တတ္ၾကသည္။
၂၃။ အသက္ ေမးလွ်င္ (စိတ္တြင္းက) စိတ္ဆိုးေနတတ္ၾကသည္။
၂၅။ ေဗဒင္၊လကၡဏာ၊နတ္ တို႔ကို သူမ်ားထက္ စိတ္၀င္စားတတ္ၾကသည္။
၂၆။ အတိတ္အေၾကာင္းကို လြမ္းေမာေနေလ႔ရွိေသာ္္လည္း ထုတ္ေဖာ္ျပေလ႔မရွိၾက။
၂၇။ အစိုးရိမ္ၾကီးတတ္၊ပူပင္ေသာကၾကီးတတ္္ၾကသည္။
၂၈။ အပ်ိဳၾကီး၊လူပ်ိဳၾကီး ဟုအေျပာခံရမွာေၾကာက္တတ္ၾကသည္။
၂၉။ သို႔ရာတြင္ အိမ္ေထာင္ရွင္ဟုအထင္ခံရမည္ကို ပိုျပီးေၾကာက္တတ္ၾကသည္။
၃၀။ အိမ္ေထာင္ျပဳခ်င္ေနေသာသူ ဟု အထင္ခံရမည္ကိုကား အေၾကာက္ဆံုးျဖစ္သည္။
၃၁။ သရဲ ၊တေစ ၦ ထက္ လူ ကို ပိုေၾကာက္တတ္ၾကသည္။
၃၂။ ေဆြမ်ိဳးသားခ်င္းမ်ားကို အိမ္ေထာင္ခ်ေပးရန္မွာ သူတို႔တာ၀န္ဟု ထင္တတ္ၾကသည္။
၃၃။ အိပ္ လွ်င္ က်ယ္က်ယ္ျပန္႔ျပန္႔၊လြတ္လြတ္လပ္လပ္ အိပ္ခ်င္ၾကသည္။
၃၄။ စည္းစနစ္ၾကီးသူမ်ား ျဖစ္တတ္ၾကသည္။
၃၅။ အိမ္ေထာင္ထိန္းသိမ္းမႈတာ၀န္ကို ခ်စ္ျမတ္နိဳးသူမ်ားျဖစ္တတ္ၾကသည္။
၃၆။ ျဖစ္ကတတ္စမ္း ေနေလ႔ရွိသူမ်ား မဟုတ္တတ္ၾကပါ။
၃၇။ ဓါတ္ပံု(အလွပံု)ရိုက္ရန္ ၀န္ေလးေနတတ္သူမ်ားျဖစ္သည္။
၃၈။ သူတို႔အခ်စ္ကို အေ၀းမ ွcelebrities မ်ားအေပၚ ပံုေအာထားဟန္ျပဳတတ္ၾကသည္။
၃၉။ မိမိအားနည္းခ်က္ဟုေတြးထင္ထားေသာအရာမ်ား မ်ားျပားေနတတ္သည္။
၄၀။ မိမိအားနည္းခ်က္ဟုထင္ေသာအရာမ်ားကို ဖံုးဖိရန္ၾကိဳးစားတတ္ၾကသည္။
၄၁။ မိတ္ေဆြအိမ္ေထာင္ရွင္မ်ားကို အိမ္ေထာင္၀န္ပိေနသူမ်ားဟုထင္တတ္ၾကသည္။
၄၂။ အစား ေကာင္းေကာင္းလုပ္စားတတ္ၾကသည္။
၄၃။ မိမိစိတ္ခံစားခ်က္မ်ားကို ဖံုးကြယ္ ၊ဖိႏွိပ္ထားတတ္သူမ်ားျဖစ္ၾကသည္။
၄၄။ အမ်ားအားျဖင္႔ ဟန္ေဆာင္ေကာင္းတတ္သည္။
၄၅။ တိတ္တိတ္ကေလးေၾကကြဲေနတတ္သူမ်ားျဖစ္တတ္သည္။
၄၆။ မဂၤလာေဆာင္မ်ားကို သြားရန္၀န္ေလးတတ္ၾကသည္။
၄၇။ ေျပးၾကည္႔ဘို႔ထက္ ေတြးၾကည္႔ဘို႔ ပိုအားသန္တတ္ၾကသည္။
၄၈။ အလုပ္တြင္စိတ္ကိုႏွစ္၍ ၾကိဳးစားတတ္သူမ်ားျဖစ္သည္။
၄၉။ ကိုယ္႔ကိုကိုယ္ ယံုၾကည္မႈအားၾကီးတတ္သည္။
၅၀။ ဘ၀တူ လူပ်ိဳၾကီး၊အပ်ိဳၾကီး စာရင္းကို ျပဳစုထားရွိကာ အားတင္းထား တတ္ၾကသည္။
၅၁။ ဘ၀ရည္မွန္းခ်က္ၾကီးသူ မ်ားျဖစ္တတ္သည္။
၅၂။ ပညာေရးလိုဘၾကီးတတ္ၾကသည္။
၅၃။ မေရရာေသာ အေၾကာင္းျပခ်က္မ်ား ဆြဲကိုင္ထားတတ္ၾကသည္။
၅၄။ ေထာက္ထားညွာတာစရာ မ်ားစြာ ရွိတတ္ၾကသည္။
၅၅။ တစံုတခုတြင္ ႏွစ္ျမဳတ္ရင္း ေမ႔ပင္ေအာက္ ေရာက္ေနတတ္သည္။
၅၆။ ေရြးရင္းေရြးရင္းႏွင္႔ ေနာက္ထပ္ေရြးစရာကိုထပ္ေမွ်ာ္ေနတတ္ၾကသည္။
၅၇။ မိသားစုအားလံုး၏တာ၀န္ ကိုယ္႔တာ၀န္ဟု မွတ္ယူတတ္ၾကသည္။
၅၈။ ကိုယ္တိုင္သာမက အားလံုးကအၾကိဳက္ညီတာမ်ိဳးကို ရွာေဖြတတ္သည္။
၅၉။ တစ္ေယာက္ေယာက္၏ မေပးရေသးေသာမွတ္ခ်က္ကိုပင္ ၾကိဳ၍ေၾကာက္တတ္သည္။
၆၀။ အျပစ္ရွာျမန္တတ္သည္။
၆၁။ တစ္ႏွင္႔တစ္ေပါင္းလွ်င္ ႏွစ္ထက္ပိုၾကီးနိဳင္သည္ ဟု လက္မခံလိုၾက။
၆၂။ ခံစားခ်က္မရွိသူ ဟုအေျပာခံရမွာေၾကာက္တတ္ၾကသည္။
၆၃။ ခံစားခ်က္ရွိသူ ဟုေျပာလွ်င္လည္း မၾကိဳက္တတ္ၾက။
၆၄။ ဘယ္ေတာ႔စားရမလဲ ဟုေမးလွ်င္ (စိတ္ထဲက) ေက်နပ္ ေနတတ္ၾကသည္။
၆၅။ ပစၥည္းမ်ားကို တစ္ေယာက္ကိုင္အျဖစ္ပဲ သံုးခ်င္တတ္ၾကသည္။
၆၆။ သိပ္ၾကိဳက္သည္႔ပစၥည္းဆိုရင္ ပံုစံတူႏွစ္ခုေလာက္၀ယ္တတ္ၾကသည္။
၆၇။ မည္သည္႔အရာကိုမွ် ကိုယ္ ကို တိုင္ေလာက္ စိတ္မခ်ခ်င္တတ္ၾကေပ။
၆၈။ လူစိမ္းေတြၾကားမွာ ခပ္တည္တည္ၾကီးေနတတ္ၾကသည္။
၆၉။ မိတ္ဆက္ေပးလွ်င္ ဟက္ဟက္ပက္ပက္ မရွိတတ္ၾက။
၇၀။ ပထမဦးဆံုးေတြ႔တာျဖစ္လွ်င္ ဆံပင္အစ၊ေျခသည္းအဆံုး ခ်က္စ္တတ္ၾကသည္။
၇၁။ စားေသာက္ဆိုင္ တစ္ဆိုင္ေရာက္လွ်င္ ပထမဦးဆံုးေရအိမ္၀င္တတ္ၾကသည္။
၇၂။ လူရွင္းရာေနရာ ရွာ၍ ပုဆိုး၊ အကၤ်ီ၊ ထမီ ကိုျဖန္႔ျပီး ေသသပ္ေအာင္ျပင္တတ္္ၾကသည္။
၇၃။ ႏႈတ္ခမ္းနီ(သို႔) ေခါင္းဘီး ေနရာတကာ ယူတတ္ၾကသည္။
၇၄။ အက်ည္းတန္မဟုတ္ေသာ္လည္း မွန္ၾကိဳက္တတ္ၾကသည္။
၇၅။ မည္မွ်မွန္ၾကည္႔ျပီးသည္ျဖစ္ေစ အဆင္ေျပရဲ႔လား ထပ္ေမးတတ္သည္။
၇၆။ ေနာက္ေက်ာမလံုတတ္ၾကေခ်။
၇၇။ ထီ ကို လူမသိေအာင္ ထိုးတတ္ၾကသည္။
၇၈။ ပိုက္ဆံ ကို လူမသိေအာင္ စုတတ္ၾကသည္။
၇၉။ သီခ်င္းကို လူမၾကားေအာင္ ဆိုတတ္ၾကသည္။
၈၀။ သနပ္ခါး(မိတ္ကပ္)၊ ေပါင္ဒါ(ေခါင္းလိမ္းဆီ) မရွိမျဖစ္ေဆာင္တတ္သည္။
၈၁။ အေခ်ာ႔ၾကိဳက္တတ္ၾကသည္။
၈၂။ စိတ္ေကာက္ျမန္တတ္ၾကသည္။
၈၃။ စိတ္ေျပဖို႔ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ယူတတ္ၾကသည္။
၈၄။ အားလွ်င္ ေျခသည္း၊လက္သည္း သေနတတ္ၾကသည္။
၈၅။ စ တာ၊ ေနာက္ တာ ကို အတည္ဟု မွတ္ယူတတ္ၾကသည္။
၈၆။ ခ်စ္သူစံုတြဲယုယုယယေနတာကို ျမင္ျပင္းကတ္တတ္ၾကသည္။
၈၇။ လိုတာမရ၍ မဟုတ္ပဲရတာမလို၍ဟူေသာလက္သံုးစကားကိုတြင္တြင္သံုးတတ္သည္။

[ Unicode ]

ဒီအချက်တွေထဲက တစ်ဝက်ကျော်လောက် သင်နဲ့ တိုက်ဆိုင်ပြီဆိုရင် သင့်ကိုသင် နှစ်တစ်ထောင် FA လို့ သတ်မှတ်နိုင်ပါပြီ။
၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။
၂။ ဇီဇာကြောင်တတ်သည်။
၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။
၄။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။
၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။
၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဖို့ အကြာကြီးစောင့်ရတတ်သည်။
၇။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုး ရွေးရခက်နေတတ်သည်။
၈။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။
၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။
၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။
၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။
၁၂။ မိုးလေဝသလို ခန့်မှန်းရခက်တတ်သည်။
၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။
၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။
၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။
၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။
၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။
၁၈။ လူစိမ်းများကိုအားမကိုးဟန်ပြသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။
၁၉။ သီချင်း၊ဝတ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။
၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။
၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။
၂၂။ ဒိုင်ယာရီလိုစာအုပ်မျိုးကို ရေးဖို့ထက်သိမ်းထားဖို့ စိတ်ဝင်စားသူများဖြစ်တတ်ကြသည်။
၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။
၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။
၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။
၂၇။ အစိုးရိမ်ကြီးတတ်၊ပူပင်သောကကြီးတတ်ကြသည်။
၂၈။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည်။
၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်ကို ပိုပြီးကြောက်တတ်ကြသည်။
၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။
၃၁။ သရဲ ၊တစေ ္ဆ ထက် လူ ကို ပိုကြောက်တတ်ကြသည်။
၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။
၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ်လပ်လပ် အိပ်ချင်ကြသည်။
၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။
၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်ကို ချစ်မြတ်နိုးသူများဖြစ်တတ်ကြသည်။
၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။
၃၇။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ဝန်လေးနေတတ်သူများဖြစ်သည်။
၃၈။ သူတို့အချစ်ကို အဝေးမ ှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။
၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထားသောအရာများ များပြားနေတတ်သည်။
၄၀။ မိမိအားနည်းချက်ဟုထင်သောအရာများကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။
၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကို အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။
၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည်။
၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြသည်။
၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။
၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူများဖြစ်တတ်သည်။
၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။
၄၇။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။
၄၈။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။
၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။
၅၀။ ဘဝတူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။
၅၁။ ဘဝရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။
၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။
၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။
၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။
၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။
၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော်နေတတ်ကြသည်။
၅၇။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။
၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကို ရှာဖွေတတ်သည်။
၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။
၆၀။ အပြစ်ရှာမြန်တတ်သည်။
၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။
၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည်။
၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။
၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကျေနပ် နေတတ်ကြသည်။
၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။
၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင် ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။
၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။
၆၈။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။
၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။
၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။
၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည်။
၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ အင်္ကျီ၊ ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။
၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။
၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။
၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။
၇၆။ နောက်ကျောမလုံတတ်ကြချေ။
၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။
၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။
၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။
၈၀။ သနပ်ခါး(မိတ်ကပ်)၊ ပေါင်ဒါ(ခေါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။
၈၁။ အချော့ကြိုက်တတ်ကြသည်။
၈၂။ စိတ်ကောက်မြန်တတ်ကြသည်။
၈၃။ စိတ်ပြေဖို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။
၈၄။ အားလျှင် ခြေသည်း၊လက်သည်း သနေတတ်ကြသည်။
၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။
၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။
၈၇။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံးစကားကိုတွင်တွင်သုံးတတ်သည်။

Ref; singles

459 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.