ကိုယ်ံထက် အသက်အရွယ်ကြီးတဲ့ မင်းသား၊မင်းသမီးတွေနဲ့ ဇာတ်လမ်းတွဲတွေကို တွဲဖက်သရုပ်ဆောင်ခဲ့ကြတဲ့ IDOlS Couple တွေက ဘယ်သူတွေဖြစ်ကြပြီး အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကရော ဘာတွေဖြစ်မလဲ။

၁) Lee Jong Suk & Lee Bo Young
သူတို့ကတော့ I Can Hear Your Voice ဇာတ်လမ်းတွဲမှာ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး၊ Lee Jong Suk ကတော့ Lee Bo Young ထက် အသက် ၁၀ နှစ်ကြီးပါတယ်။

၂) Gong Yoo & Kim Go Eun
နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်တဲ့ Gong Yoo ကတော့ မင်းသမီး Kim Go Eun ထက်အသက် ၁၂ နှစ်ကြီးပါတယ်။သူတို့ကတော့ Goblin ဇာတ်လမ်းမှာ တွဲဖက်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

၃) Lee Seo Jin & UEE
Marriage Contract မှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြပြီး Lee Seo Jin ကတော့ မင်းသမီး UEE ထက် အသက် ၁၇ နှစ်တောင် ကြီးပါတယ်တဲ့။

၎) Lee Byung Hun & Kim Tae Ri
မင်းသမီး Kim Tae Ri ကတော့ Lee Byung Hun ထက်အသက် ၂၀ ငယ်ပါတယ်။ သူတို့ကတော့ Mr. Sunshine ဇာတ်လမ်းမှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြပါတယ်။

၅) Lee Sun Kyun & IU
IU ကတော့ သူမထက်အသက် ၁၈ နှစ်ကြီးတဲ့ မင်းသား Lee Sun Kyun နဲ့ My Mister ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့ကြပါတယ်။

၆) Song Seung Heon & Shin Se Kyung
When a Man Falls in Love ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား Song Seung Heon ကတော့ မင်းသမီး Shin Se Kyung ထက် အသက် ၁၄ နှစ်ကြီးပါတယ်။

၇) Joo Sang Wook & Kim Bo Ra
မင်းသမီး Kim Bo Ra ကတော့ သူမထက် အသက် ၁၇ နှစ်ကြီးတဲ့ မင်းသား Joo Sang Wook နဲ့ Touch ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့ကြတာပါ။

၈) Yoon Shi Yoon & Kim Sae Ron
Secret Healer ဆိုတဲ့ နန်းတွင်းဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသား Yoon Shi Yoon ကတော့ မင်းသမီး Kim Sae Ron ထက် အသက် ၁၄ နှစ်ကြီးပါတယ်။

၉) Park Seo Joon & Uhm Jung Hwa
အချစ်ဇာတ်လမ်းတွဲလေးဖြစ်တဲ့ A Witch’s Love ရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသကြီး Uhm Jung Hwa ကတော့ မင်းသား Park Seo Joon ထက် အသက် ၁၉ နှစ်ကြီးပြီး မနဲ့မောင် ဇာတ်လမ်းလေးလို့ပြောရင်လဲ မမှားပါဘူးနော်။

၁၀) Park Bo Gun & Song Hye Kyo
၂၀၁၉ ခုနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ Encounter ဇာတ်လမ်းတွဲရဲ့ သရုပ်ဆောင်တွေကတော့ မင်းသား Park Bo Gun နဲ့ မင်းသမီး Song Hye Kyo တို့ဖြစ်ပါတယ်။ မနဲ့မောင်ဇာတ်လမ်းလေးဖြစ်ပြီး Song Hye Kyo ကတော့ Park Bo Gun ထက် အသက် ၁၂ နှစ်ကြီးပါတယ်။

၁၁) Yoon Kyun Sang & Kim Yoo Jung
Clean with Passion ဆိုတဲ့ ဇာတ်ကားမှာတော့ မင်းသားကအသန့်အလွန်ကြိုက်ပြီး၊ညစ်ညစ်ပတ်ပတ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ကြတဲ့ အချစ်ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ ပါဝင်ခဲ့ကြတဲ့သရုပ်ဆောင် မင်းသား Yoon Kyun Sang ကတော့ မင်းသမီး Kim Yoo Jung ထက်အသက် ၁၂ နှစ်ကြီးတယ်လို့သိရပါတယ်။

၁၂)Yoon Ah In & Kim Hee Ae
Secret Affair ဆိုတဲ့ ဇာတ်လမ်းတွဲကလဲ တကယ်ကိုကြည့်ရှုလို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ ဒီဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ အနုပညာရှင်တွေကတော့ မင်းသမီးကြီး Kim Hee Ae နဲ့ မင်းသား Yoon Ah In တို့ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ အသက်ကွာခြားမှုကတော့ Kim Hee Ae ဟာ Yoon Ah In ထက် အသက်၁၉ နှစ်ကြီးတာပဲဖြစ်ပါတယ်။

Ref;KOREABOO

 

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.