အဝတ်အစားတွေကို အထာကျကျနဲ့ စနစ်တကျဖြစ်အောင်ဘယ်လိုသိမ်းမလဲ

၁) သုံးတဲ့အပေါ်မူတည်ပြီးစီပါ။
မကြာခဏအသုံးပြုတဲ့အရာတွေကို မျက်စိနဲ့ အနီးစပ်ဆုံးနေရာ၊ လက်နဲ့ အလွယ်တကူ ယူနိုင်တဲ့နေရာမှာထားပါ။

၂) အမျိုးအစားခွဲခြားပါ။
ထသွားထလာ ဝတ်လေ့ရှိတဲ့ အဝတ်တွေကို သီးသန့် နေရာတစ်ခုမှာ ထားရင်ပိုအဆင်ပြေပါတယ်။ ဘောင်းဘီတွေဆိုလည်း အရှည်တွေ၊ အတိုတွေကို တစ်ပုံစီ၊ တစ်ကန့်စီ စုထားရင် အဆင်ပြေပါတယ်။

၃) စနစ်တကျ သိမ်းဆည်း
ချိတ်တဲ့ ချိတ်လေးတွေ၊ ဖိနပ်ထည့်ဖို့ ဘူးလေးတွေကလည်း ရှိထားသင့် အရာတွေပဲဖြစ်ပါတယ်။ အသုံးအဆောင်ပစ္စည်းတွေကို မပျက်စီးရအောင် သိမ်းနိုင်သလို၊ လိုအပ်တဲ့အချိန် အချိန်မရွေး သုံးဖို့အတွက်လည်း ပိုအဆင်ပြေပါတယ်။ အဝတ်တွေက ခေါက်ထားတာထက် ချိတ်လေးနဲ့ ချိတ်ထားရင် ပိုကောင်းပါတယ်။

၎) ပြည့်ညှပ်နေအောင်မထားဘူး
အဝတ်တွေကို ဗီရိုထဲမှာ သိမ်းတဲ့အခါ ပြည့်ညပ်နေအောင်ထည့်တာမျိုးမလုပ်သင့်ပါဘူး။အဝတ်တွေ ကြေကုန်ပါလိမ့်မယ်။ ပြီးတော့ တစ်ခုခုလိုချင်လို့ ဆွဲထုတ်လိုက်တာနဲ့ အဝတ်ပုံက ပြိုကျလာတော့ ပြန်စီနေရတာ အချိန်ကုန်စေပါတယ်။

၅) ဗီရိုတံခါး
ဗီရိုတံခါးမှာလည်း သံချိတ်လေးတွေ ချိတ်ထားပြီး ပစ္စည်းလေးတွေထားလို့ရပါလိမ့်မယ်။ ပုဝါ၊လက်ကိုင်အိတ်၊ ခါးပတ်တို့ထားရန်အတွက် နေရာအပို ထွက်လာပါလိမ့်မယ်။

131 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.