[ Unicode ]
အသီးမှာ သရက်ဆိုသလိုပဲ ကျန်းမာစေတဲ့ သရက်သီးက လူ့ခန္ဓာကိုယ်ကို ဘယ်လိုစောင့်ရှောက်မှုပေးနေသလဲဆိုတာ သိရှိဖို့ Trend ပရိသတ်ကြီးအတွက် သရက်သီး၏ ကျန်းမာရေးစောင့်ရှောက်မှု ၇ ရပ်ကို ဝေမျှပေးလိုက်ပါတယ်။ ဘေးဘယာဝေးကွာကြပါစေ။
၁။ အဆီနဲ့သွေးအချိုဓာတ်ကို ထိန်း ညှိပေးပါတယ်။လေ့လာမှုတွေအရ သရက်သီးမှာ ဇီဝလှုပ်ရှားမှုဖြစ် စဉ်တွေကို မြန်ဆန်စေတဲ့သဘာဝပစ္စည်းတွေပါဝင်နေပါတယ်။ သရက်သီးဟာ အဆီကျဆေးတွေမှာ ပါဝင်တဲ့အာနိ သင်နဲ့ အလားတူပါတယ်။ aနာက်ပြီး သရက်သီးဟာ leptin ဟော်မုန်း တွေကိုနည်းပါးစေ တဲ့အတွက်အဆီ တွေဇီဝဖြစ်ပျက်မှုဖြစ် စဉ်ပေါ် ပေါက်ခြင်း ကိုနှေးကွေးစေတာဖြစ်ပါတယ်။အစာစားချင်စိတ်ကိုလည်း နည်းပါးစေပါ တယ်။ နောက်ပြီး သွေးတွင်း ဂလူးကို့စ်တွေကိုလည်း ထိန်းညှိ ပေးနိုင်ပါတယ်။
၂။ သရက်သီးမှာ ပိုတက်ဆီယမ် ပါဝင်မှုများပြားတဲ့အတွက် နှလုံးခုန် သံစည်းချက်ကို ထိန်းချုပ်နိုင်ပြီး သွေး ပေါင်ချိန်ကို ထိန်းထားပေးပါတယ်။
၃။ ကင်ဆာရောဂါတွေကို ကာကွယ် ပေးနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်သရက်သီးတွေမှာပါဝင် တဲ့ ပေါ်လီဖီနော်ဟာ ကင်ဆာဆဲလ်တွေ ကို သတ်ပစ်နိုင်ပါတယ်။ကင်ဆာ ရောဂါဖြစ်စေတဲ့ ရောင်ရမ်း မှုဖြစ်စဉ် တွေကိုတားဆီးပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတဲ့အတွက်သွေးကင်ဆာ၊ ဆီးကျိတ်ကင် ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၄။ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ပါဝင်မှု မြင့်မားတဲ့ အတွက်ခုခံအား စနစ်ကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်ပါ တယ်။
၅။ သရက်သီးမှာပါဝင်တဲ့ အမျှင် ဓာတ်တွေ၊ အင်ဇိုင်းတွေဟာ အစာ ခြေခြင်းကို မြန်ဆန်စေပြီး ကိုယ်ခန္ဓာ အပူချိန်ကိုလည်း မျှတစေပါတယ်။ ဒါကြောင့် အခုလိုပူပြင်းနေတဲ့ အချိန်မှာသရက် သီးဖျော်ရည်အေးအေး လေးသောက်ပေးနိုင်ပါတယ်။ သရက်သီးစိမ်းကတော့ နေပူလောင်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
၆။ သရက်သီးမှာ ဗီတာမင် B6 ပါဝင် မှုကအာရုံကြောတွေကနေ ဦးနှောက် ကို ပို့ဆောင်ပေးတဲ့ စနစ်ကို ပိုမိုလျှင် မြန်စေပါတယ်။
၇။ သရက်သီးမှာပါဝင်တဲ့ သတ္ထု ဓာတ်တွေဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုမြှင့် တင်ပေးနိုင်ပါတယ်။
Ref; goodhealth
336 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.