အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်မှာ ရှောင်သင့်သည်များ

တစ်ချို့သောအစားအစာတွေက မိခင်သာမကသန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်စဉ် မိခင်များရှောင်ရှားသင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁) ဆေးလိပ်မသောက်သင့်
ကိုယ်ဝန်ဆောင်မိခင်ကိုယ်တိုင်လည်းဆေးလိပ်မသောက်သင့်သလို၊ဆေးလိပ်သောက်သူများနားတွင်လည်း မနေသင့်ပါဘူး။ ဆေးလိပ်ငွေ့တွင်ပါဝင်သည့် နစ်ကိုတင်းဓာတ်သည် သန္ဓေသား၏ ဖွံ့ဖြိုးမှုကို ဟန့်တားနိုင်သောကြောင့် ရှောင်ရှားသင့်ပါတယ်။

၂) အရက်သေစာ မသောက်သင့်
အရက်သေစာကိုလည်း မသောက်သင့်ပါဘူး။အရက်တွင် ပါဝင်သော ဓာတ်ပစ္စည်းသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

၃) လက်ဖက်အလွန်အကျွံမစားသင့်
လက်ဖက်ရည်အချို၊လက်ဖက်ရည်အကြမ်းနှင့် လက်ဖက်တို့ကတော့ သံဓာတ်စုပ်ယူမှုကို ဟန့်တားနိုင်သဖြင့် သန္ဓေသားအား သွေးအားနည်းစေနိုင်သောကြောင့် အလွန်အကျွံမစားသင့်ပါဘူး။

၎) ကိုယ်ဝန်ဆောင်စဉ်မစားသင့်တဲ့ အစားအစာအချို့
ကိုယ်ဝန်ဆောင်စဉ် မစာင့်တဲ့ အစာအချို့မှာ ချဉ်ပတ်စုံ၊ အပူအစပ်နှင့် ဝမ်းနူးစေနိုင်တဲ့အစာများကို မစားသင့်ပါဘူး။ ကိုယ်ဝန်သည်မိခင်များ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် ကလေးစောစီးစွာမွေးဖွားတတ်ပြိး ပေါင်မပြည့်သေးတဲ့ ကလေးဖြစ်တတ်ပါတယ်။ဆူးပုတ်ရွက်၊ ဒညင်းသီး၊ ကြောင်လျှာသီး တို့ကိုလည်း ရှောင်သင့်ပါတယ်။ တစ်ခါတစ်ရံ မွေးရာပါ ကိုယ်လက်အင်္ဂါ မပြည့်စုံမှုဖြစ်တတ်ပါတယ်။

၅) ဆား အလွန်အကဲ မစားသင့်
ကိုယ်ဝန်ဆောင်မိခင်များသည် ဆားကို အလွန်အကဲ မစားသင့်ပါဘူး။ သွေးတိုးပြီး ကိုယ်ဝန်ဆိပ်တတ်ရောဂါဖြစ်ပြီးတော့ ဖွံ့ဖြိုးမှုနည်းတဲ့ ကလေးငယ်ကို စောစီးစွာ မွေးဖွားတတ်ပါတယ်။
ဒီလိုဆိုရင်တော့ အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်မှာ ရှောင်သင့်တာလေးတွေကို ဗဟုသုတရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Ref;Mayyinthawy

403 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.