ဟောလိဝုဒ်ရဲ့ အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တွေထဲမှ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသားကြီး Tom Cruise ရဲ့ ဘဝအကြောင်း

အမေရိကန်နိုင်ငံရဲ့ သရုပ်ဆောင်နှင့် producer တစ်ဦးဖြစ်တဲ့ Cruise Mapother IV,aka Tom Cruise ကို ၁၉၆၂ ခုနှစ်၊ဇူလိုင်လ ၃ ရက်နေ့မှာ Thomas Mapother III နဲ့ Mary Lee Pfeiffer တို့မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ Syracuse မှာမွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၅၈ နှစ်ထဲကိုရောက်တော့မှာပဲဖြစ်ပါတယ်။

အနုပညာလောကကို ၁၉၈၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုလက်ရှိအောင်မြင်နေဆဲ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကကိုစတင်ဝင်ရောက်ချိန်မှစပြီး ဆက်တိုက်အောင်မြင်နေခဲ့သလို အနုပညာနဲ့ပတ်သတ်တဲ့ ဆုပေါင်းများစွာကိုလဲ ရရှိထားသူပါ။

မင်းသမီး Mini Rogers နဲ့ ၁၉၈၇ ခုနှစ်၊မေလ ၉ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့မှာ ကွာရှင်းခဲ့ပါတယ်။ ဒုတိယမြောက်ဇနီး Nicole Kidman နဲ့ Day of Thunder ဇာတ်ကားရိုက်ကူးရင်းတွေ့တာဖြစ်ပြီး၁၉၉၀ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး၊ Isabella (born 1993) နှင့် Connor (born 1995) တို့ကို မွေးစားခဲ့ပါတယ်။၂၀၀၁ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ တော့ သူတို့ဇနီးမောင်နှံဟာ တရားဝင်ကွာရှင်းခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ Cruise က Katie Holmes နဲ့ စတင် ဒိတ်ခဲ့ကြပါတယ်။ဇွန်လ ၁၇ ရက်နေ့ ၂၀၀၅ ခုနှစ်မှာတော့ ပဲရစ်မြို့ရဲ့နာမည်ကြီး အီဖယ်မျှော်စင်ရှေ့မှာ ပရိုပို့စ်လုပ်ခဲ့ပြီး၊ အီတလီနိုင်ငံ၊ Bracciano မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ၂၀၀၆ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ထို့နောက်မှာတော့ သူတို့ရဲ့ တတိယသမီးလေးဖြစ်တဲ့ Suri ကိုမွေးဖွားခဲ့ပါတယ်။

နောက်ပြီးတော့ William Mapother ဆိုတဲ့ ဝမ်းကွဲညီအစ်ကို တစ်ယောက်လဲ ရှိပါသေးတယ်။David Miscavige ကတော့ Tom Cruise ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းပဲဖြစ်ပါတယ်။
Mission:Impossible Fallout(2018)၊ Mission: Impossible Rogue Nation(2015)၊ The Mummy ဆိုတဲ့ ဇာတ်ကားတွေကတော့ Tom ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေထဲကမှ ဇာတ်ကားအချို့ပဲဖြစ်ပါတယ်။
အနုပညာကြေး အကြီးဆုံးသရုပ်ဆောင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပြီး ၂၀၂၀ခုနှစ်မှာ သူရဲ့ ဝင်ငွေက $4 billion ခန့်ရှိပါတယ်လို့ သိရပါတယ်။

 

349 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.