မြောက်ကိုရီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ ထူးခြားအံ့သြဖွယ်ကောင်းတဲ့ အချက်များ

မြောက်ကိုရီးယားနိုင်ငံဟာ တံခါးပိတ်ဝါဒကို နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးနေတဲ့နိုင်ငံဖြစ်ပြီး၊ သူရဲ့ စီးပွားဘက်နိုင်ငံကတော့ တရုတ်နဲ့ ရုရှားတို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်အုပ်စုကို ဆန့်ကျင်နေတဲ့ အီရန်၊ အီရက်၊ ဆီးရီးယားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေလည်း မြောက်ကိုရီးယားနဲ့ စီးပွားရေး(လျှို့ဝှက်) ဆက်ဆံနေကြတယ်လို့ ဆိုပါတယ်။မြောက်ကိုရီးယားက လျှို့ဝှက်ချက်တွေ များပြားလွန်းတဲ့ နိုင်ငံဖြစ်ပြီး၊ လူသိနည်းသေးတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တရားဝင်ဆေးခြောက်အသုံးပြုလို့ရတဲ့ အမေရိကန်နိုင်ငံ၊မက္ကဆီကို နိုင်ငံတွေရဲ့ ပြည်နယ်အချို့မှာ ဆေးခြောက်ကို သတ်မှတ်ထားတဲ့ ပမာဏနဲ့ အညီ သိုလှောင်ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းကို ဥပဒေအရ ခွင့်ပြုပေးခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားကတော့ ရှေးနှစ်ပေါင်းများစွာကတည်းက ဆေးခြောက်က လူတစ်ယောက်ရဲ့ အလုပ်လုပ်ချင်စိတ်ကို မြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်ပြီး တရားဝင် အသုံးပြုခွင့်ပေးထားတဲ့ နိုင်ငံဖြစ်ပါတယ်။

Opium poppy, botanical plant, ecology. Poppy flower field, harvesting. Drug and love intoxication, opium, medicinal. Summer and spring, landscape, poppy seed. Remembrance day, Anzac Day, serenity.

၂။ ထူးခြားတဲ့မြောက်ကိုရီးယား ပြက္ခဒိန်
မြောက်ကိုရီးယား ပြက္ခဒိန်က ကမ္ဘာမှာသုံးနေတဲ့ ပြက္ခဒိန်မဟုတ်ပါဘူး။ သူတို့ရဲ့ ပြက္ခဒိန်ကို ယခင်က ကိုရီးယားရိုးရာပြက္ခဒိန်အတိုင်းအသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ ခေါင်းဆောင်ကြီး ကင်အီဆွန် မွေးဖွားခဲ့တဲ့ (၁၉၁၂)ခုနှစ် ဧပြီလ (၁၅) ရက်နေ့ကို အခြေခံထုတ်ဝေထားတာပဲဖြစ်ပါတယ်။

၃။ မီးမလင်းသော လမ်းဘေးမီးပွိုင့်များ
မြောက်ကိုရီးယားမှာ တပ်ဆင်ထားတဲ့ မီးပွိုင့်တွေဟာ တပ်ဆင်ပြီး သိပ်မကြာမီမှာ မီးမလင်း၊အလုပ်မလုပ်တော့ပါဘူး။ သက်ဆိုင်ရာက ဓာတ်အားဖြတ်တောက်ထားတယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် ယာဉ်ကြောရှုပ်ထွေးတဲ့နေရာတွေမှာ ယာဉ်ထိန်းရဲမေတွေ ရှိနေတတ်ပါတယ်။

၎။ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး
မြောက်ကိုရီးယားနိုင်ငံ၊ပြုံယမ်းမြို့တော်မှာ Rungnado May Day stadium အမည်ရ ကမ္ဘာ့အကြီးဆုံးသော ဘောလုံးကွင်း တည်ရှိပါတယ်။ ထိုဘောလုံးကွင်းကြီးက ပရိသတ် (၁၅၀၀၀၀) အထိ ဆန့်ပါတယ်။ ဒါပေမယ့် စံချိန်တင် ပရိသတ်အားပေးမှုအဖြစ် ပရိသတ်နပန်းပွဲ တစ်ခုကို ပရိသတ် (၁၉၀၀၀၀) အထိ အားပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

၅။ မျိုးဆက်သုံးခု အပြစ်ပေးတဲ့စနစ်
မြောက်ကိုရီးယားမှာ အထူးသဖြင့် ခေါင်းဆောင်တွေကို ဆန့်ကျင်ပုတ်ခင်လျှင်(သို့) ပုန်ကန်ရန်ကြိုးစားလျှင်၊ဒါမှမဟုတ် နိုင်ငံတော်သစ္စ်ာဖောက်မှုဖြင့် စွဲချက်တင်ခံရလျှင် မျိုးဆက် သုံးဆက်အထိ အပြစ်ပေးတဲ့ သက်ဦးဆံပိုင်ဥပဒေကို လက်ရှိအချိန်အထထိ ကျင့်သုံးနေဆဲဖြစ်ပါတယ်။

၆။ တောင် – မြောက်နယ်စပ်က ကျေးရွာအတု
တောင် – မြောက် စစ်ပွဲပြီးသွားတဲ့အခါ မြောက်ကိုရီးယားတွေက တောင်ကိုရီးယားကနေ ခွဲထွက်ပြီးနာက် အလွန်အဆင်ပြေနေကြပါတယ်ဆိုတာကိုပြသဖို့အတွက် Kijong-dong(Peace Village) အမည်ရ ထပ်မြင့်အဆောက်အဦးတွေပါဝင်တဲ့ ကျေးရွာအတုတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ လူမနေပေမယ့်၊မီးမပျက် ထွန်းထားတယ်လို့ ဆိုကြပါတယ်။

၇။ပြည်သူအပန်းဖြေဖို့ ပန်းခြံ ၃ခု
အလွန်ကြီးမားတဲ့ ပြုံယမ်းမြို့တော်မှာ အများပြည်သူအပန်းဖြေနိုင်ဖို့ ပန်းခြံ ၃ခုရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာချင်အောင် ဓာတ်ပုံဗွီဒီယိုတွေ ဝေဝေဆာဆာနဲ့ လူမှုကွန်ယက်မျာ ပြသခဲ့ပေမယ့်၊ တစ်လနေလို့ တစ်ခါ ဖွင့်ဖို့မသေချာတဲ့ ပန်းခြံတွေပဲဖြစ်ပါတယ်။

၈။ တီဗွီချန်နယ် ၃ခု
မြောက်ကိုရီးယားမှာ ထုတ်လွှင့်ပြသနေတဲ့ တီဗွီအစီအစဉ် သုံးခုသာရှိပါတယ်။ နှစ်ခုကတော့ စနေ၊တနင်္ဂနွေနေ့တွေမှာသာ ထုတ်လွှင့်ပြီး၊ တစ်ခုကတော့ နေ့စည် ညနေပိုင်းရောက်မှ ထုတ်လွှင့်ပါတယ်။ အပိုင်းလိုက်ဇာတ်လမ်းတွဲတွေကို ပြသတဲ့ မြောက်ကိုရီးယားဇာတ်လမ်းတွေရှိပြီး တစ်နိုင်ငံလုံးက အားပေးရတဲ့ ဇာတ်ကားတွေပါ။

၉။ စာတတ်သူ ၉၉ ရာခိုင်နှုန်းရှိတဲ့ မြောက်ကိုရီးယား
မြောက်ကိုရီးယားမှာ စာတတ်သူ ၉၉ ရာခိုင်နှုန်းအထိသာရှိတယ်လို့ ကြေငြာထားပါတယ်။ သူတို့တွေစာတတ်မတတ် စံသတ်မှတ်ချက်က ရိုးရိုးရှင်းရှင်းပါပဲ။ နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ နာမည်ကို ရေးတတ်၊ ဖတ်တတ်တယ်ဆိုရင် စာတတ်တယ်လို့ မှတ်ယူပါတယ်တဲ့။

၁၀။ မြောက်ကိုရီးယားတွေရဲ့ ဇိမ်ခံမြို့တော် ပြုံယမ်း
မြောက်ကိုရီးယားမှာ ဇိမ်ခံမြို့တော် တစ်ခုပဲရှိပြီး ထိုနေရာကတော့ ပြုံယမ်းမြို့တော်ပဲဖြစ်ပါတယ်။ လူဦးရေ ၂၅ သန်းကျော်ရှိတဲ့အနက် ၃ သန်းကျော်က ပြုံယမ်းမှာနေထိုင်ကြပါတယ်။ အဆိုပါ ၃ သန်းက တိုင်းပြည်ရဲ့ ချမ်းသာဆုံးသော သူဌေးတွေသာဖြစ်ပါတယ်။ အစိုးရထိပ်သီးပုဂ္ဂိုလ်တွေ၊ အစိုးရနဲ့ နီးစပ်တဲ့ သူကြွယ်တွေနဲ့ ယင်းတို့ရဲ့ ဆွေမျိုးရင်းချာများ၊ အဆင့်မြင့် အရာရှိတွေရဲ့ အိမ်ထောင်စုတွေစုဝေးရာဟာ မြောက်ကိုရီးယားရဲ့ ပြုံယမ်းမြို့တော်မှာပဲဖြစ်ပါတယ်။

Ref;NAVER

284 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.