ပြီးခဲ့တဲ့ ကြာသပတေးနေ့က လေဒီဂါဂါအနေနဲ့ သူမရဲ့အမာခံပရိသတ်တွေကို အဖမ်းဆီးခံထားရတဲ့ ဂျက်စတင်ဘီဘာကို support လုပ်ပေးဖို့ အကြံပေးခဲ့ပါတယ်။
ကနေဒီယံအဆိုတော်ဟာ ဆေးဝါးသုံးစွဲပြီး မိုင်ယာမီကမ်းခြေက ကားပြိုင်ပွဲတွေကြောင့် အဖမ်းခံထားရပါတယ်။ တရားစီရင်မဆုံးဖြတ်ရသေးခင်မှာ သူ့ကို အာမခံနဲ့ လွှတ်ထားပေးတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂါဂါအနေနဲ့ သူမရဲ့ fans တွေကို တွေ့ဆုံစဉ်မှာ ဘီဘာနဲ့ ဘီဘာရဲ့ပရိသတ်တွေကို ထောက်ခံအားပေးမှုတွေ ပြုလုပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် ဘီဘာရဲ့ ဒီလိုခက်ခဲတဲ့ အချိန်မျိုးမှာ ပိုလိုအပ်တယ်လို့ဆိုပါတယ်။
သူမရဲ့ တရားဝင်ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Littlemonsters.com မှာ “ဒီနေ့မှာအားလုံးဟာ ဂျက်စတင်ဘီဘာ အဖမ်းခံရခြင်းနဲ့ ပတ်သက်တဲ့အကြောင်းကို စကားလုံးအမျိုးအစားပေါင်း မျိုးစုံနဲ့ ဆုံးဖြတ်မှုမျိုးစုံကို အင်တာနက်မှာ ပြောနေမယ်ဆိုတာသိပါတယ်။ အားလုံးက သူတို့ကိုယ်ပိုင်အမြင်နဲ့ သူတို့ရှိနေမှာပါ။ ဒါပေမယ့် ကျွန်မကတော့ ဘီဘာနဲ့သူ့ရဲ့ပရိသတ်တွေကို ထောက်ပံ့မှုတွေ ပေးသင့်တယ်လို့ ထင်ပါတယ်။” လို့ ရေးသားထားပါတယ်။
Ref:starpulse.com