မိန်းကလေးအချစ်ဆိုတာ…
မိန်းကလေးအချစ်ဆိုတာ…
[ Unicode ]
မိန်းကလေးတွေရဲ့ အချစ်ဆိုတာ ရယ်မောနေပေမဲ့ ရင်ထဲမှာ နာကျင်နေတာမျိုး၊ နူးညံ့နေပေမဲ့ တခါတရံမာကျောနေတတ်တာမျိုး၊ …။ ဒါကြောင့် နားလည်ရခက်တဲ့ မိန်းကလေးတွေရဲ့ အချစ်ကို ပိုမိုနားလည်သိရှိနိုင်ဖို့ Trend ပရိသတ်ကြီးအတွက် မိန်းကလေးတွေရဲ့ အချစ်အကြောင်းကို ဝေမျှလိုက်ပါတယ်။
မိန်းကလေးအချစ်ဆိုတာ…
၁။ ငြင်းခုံရန်ဖြစ်နေချိန် ခေါင်းငုံ့အရှုံးပေးချင်ပေမဲ့ တင်းခံပြီး ပြန်ငြင်းတတ်သူ
၂။ ချစ်သူရဲ့ ကတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းထားပေမဲ့ “ ကျွန်မကို ချစ်မိတာ နောင်တမရဘူးလား” လို့ လိုက်မေးတတ်သူ
၃။ လမ်းဖြတ်ကူးတဲ့အချိန် ချစ်သူရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့သူ
၄။ ချစ်သူရဲ့ ရှေ့မှာ မလှဆုံး၊ ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ
၅။ လေပြင်းမုန်တိုင်းကျနေပါစေ၊ ချစ်သူရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး ကျော်ဖြတ်ရဲသူ
၆။ အချက်အပြုတ်မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင်ချက်ကျွေးချင်တဲ့သူ
၇။ ဗေဒင်လက္ခဏာတွေတွက်၊ ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့ ပေါင်းဖက်ရအောင်လုပ်သူ
၈။ ချစ်သူကို တနေ့မမြင်ရရင် နံရိုးတချောင်းလျော့နေတယ်လို့ ထင်သူ
၉။ ချစ်သူမောပန်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မှာ ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်တတ်သူ
၁၀။ ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့အနမ်းနဲ့ ချစ်သူကို မျှဝေပေးတတ်သလို စိတ်ညစ်ဝမ်းနည်းမှုတွေကိ မျက်ရည်နဲ့အတူ ချစ်သူကို ရင်ဖွင့်တတ်သူ
Ref; rsgoals
272 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.