ကြက်ဥနဲ့ အလှအပကို ထိန်းသိမ်းကြမယ်။

ကြက်ဥမှာ ပရိုတင်းဓာတ် အများအပြားနဲ့ အခြားအာဟာရများစွာ ပါဝင်ပြီးတော့ ကြက်ဥက အာဟာရဓာတ်အပြင် အလှအပကို ထိန်းသိမ်းဖို့အတွက်လည်း အသုံးဝင်ပါတယ်။
၁) ချွေးပေါက်ကျဉ်းစေဖို့
ကြက်ဥအကာနဲ့ ကျယ်နေတဲ့ ချွေးပေါက်တွေကို ကျဉ်းသွားအောင် လုပ်ကြမယ်။ကြက်ဥအကာအရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ သံပုရာရည် တစ်ခါညှစ်စာကို ရောမွှေပါ။ ပြီးနောက် ချွေးပေါက်အကျယ်ဆုံးနေရာတွေမှာ လိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးချပါ။ တစ်ပတ်မှာ နှစ်ကြိမ်လောက် လုပ်ပေးပါ။
၂) အဆီပြန်လွန်းရင်
ကြက်ဥက ချွေးပေါက်တွေ ကျဉ်းစေရုံမက အဆီပြန်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ အရင်ဆုံးမျက်နှာကို ရေနွေးနွေးဖြင့် သစ်ပါ။ ကြက်ဥအကာအရည်ကို မျက်နှာမှာ သုတ်လိမ်းပြီး ခြောက်အောင်ထားပါ။ ခြောက်သွားရင် ရေအေးဖြင့် ဆေးချပါ။
၃) ဆားဝက်ခြံနှင့် အမွှေးအမျှင်တွေ ဖယ်ရှားဖို့
မျက်နှာမှာ အမွှေးတွေပေါက်လို့ စိတ်ညစ်နေစရာ မလိုတော့ပါဘူး။ ဒီနည်းလေးက ဆားဝက်ခြံ ဖယ်ရှားရာမှာလည်း အသုံးဝင်ပါတယ်။ အရင်ဆုံး မျက်လုံးနှင့် နှုတ်ခမ်းကို ချန်ပြီး မျက်နှာတစ်ခုလုံးကို ကြက်ဥအကာအရည်လိမ်းပါ။ ပြီးရင်တော့ တစ်ရှုးပေါ်ကို ကြက်ဥအကာထပ်လိမ်းပါ။ပြီးရင်တော့ တစ်ရှုးအပါးကို မျက်စိနဲ့ နှုတ်ခမ်းနေရာတွေမှာ ဖြဲပြီး မျက်နှာပေါ်မှာ ကပ်ပါ။ တစ်ရှုးပေါ်ကို ကြက်ဥအကာထပ်လိမ်းပါ။ ခြောက်အောင်ထားပြီးရင် ခွာလိုက်ပါ။ တစ်ပတ်တစ်ခါ လုပ်ပေးရင် အသားအရည်အချောမွေ့သွားမှာ အသေအချပါ။
၎) ပျက်စီးနေတဲ့ဆံသားအတွက်
ကြက်ဥက မျက်နှာအတွက်ပဲမဟုတ်ပါဘူး။ ဆံပင်အတွက်ပါ အကျိုးရှိပါတယ်။ ကြက်ဥမှာပါတဲ့ ပရိုတင်းဓာတ်က ဆံသားတွေကို အားဖြည့်ပေးပါတယ်။ ကြက်ဥနှစ်လုံးကို သံလွင်ဆီ နှစ်ဇွန်းဖြင့်ရောပြီး ဆံပင်မှာ သုပ်လိမ်းထားပါ။ ၃၀-၄၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ရင်ရပါပြီ။
၅) အသားအရည်တောက်ပြောင်ဖို့
Highlighter မလိုပဲ မျက်နှာလေး အရောင်လင်းလင်းလေးဖြစ်ချင်ရင် ကြက်ဥနှစ်လုံးနဲ့ လတ်ဆက်တဲ့ ဒိန်ချဉ် တစ်ဇွန်းကို ရောပါ။ ခြောက်လာတဲ့အထိထားပြီး မျက်နှာသစ်လိုက်ပါ။ အသားအရည်လေးဝင်းပြီး တောက်ပြောင်သွားစေမှာပါ။
၆) အသားအရည်ခြောက်လွန်းရင်
ကြက်ဥတစ်လုံးနဲ့ ပျားရည်ဇွန်းတစ်ဝက်ကို ရောပါ။ မျက်နှာနဲ့ လည်ပင်းတစ်လျှောက်ကို လိမ်းပါ။ ခြောက်သွားတဲ့အထိထားပြီး ရေနွေးနွေးလေးဖြင့် ဆေးချလိုက်ရင်ရပါပြီ။

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.