အသက်ကြီးလာချိန်မှာ လူတွေ နောင်တအရဆုံးသော အရာတွေက ဘာတွေဖြစ်မလဲ။

တစ်ချိန်ချိန်မှာ ပြန်စဉ်းစားကြည့်မိရင် ကိုယ့်ကိုယ်ကို မကျေမချမ်းဖြစ်ရတဲ့ အရာတွေဆိုတာ ရှိတတ်ကြမှာပါ။ နောင်တဆိုတာ နောက်ကျမှ သိရတဲ့ အရာမျိုးဖြစ်ပြီး ပူလောင်တဲ့ ခံစားမှုပေးလို့ လူတိုင်းဟာ နောင်တရမှာ စိုးရိမ်ကြပါတယ်။

၁) အခွင့်အရေးရတုန်း ခရီးမထွက်မိတာ
ဘဝမှာ ငယ်ရွယ်နုပျိုခြင်းက တစ်ကြိမ်ပဲလာပြီး ငယ်ရွယ်နေချိန်မှာပဲ ကမ္ဘာတစ်ဝန်းကို ခြေဆန့်ဖို့ကောင်းတာပါ။ လူတော်တော်များများက ငယ်ရွယ်တုန်းမှာ အခွင့်အရေးတွေရှိနေတုန်း ခရီးမသွားမိတာကို နောင်တစ်ချိန်အသက်ကြီးလာချိန်မှာ နောင်တရကြပါတယ်။ အိမ်ထောင်မကျခင်၊အသက်ငယ်တုန်း၊ ပိုက်ဆံလည်း ရှာနိုင်တုန်းမှာ စွန့်စားခန်းအခရီးတွေထွက်နိုင်သလောက်ထွက်ပါ။ အမှတ်တရများစွာဖန်တီးခဲ့ပါ။ အသက်ကြီးလာချိန်မှာ ကိုယ်သွားခဲ့တဲ့ ခရီးတွေက ပုံပြင်တွေလို နောင်လာနောက်သားတွေကို ပြန်ပြောလို့ရမှာ ဖြစ်ပါတယ်။

၂) အမုန်း၊ သံသယတွေအကြား နေခဲ့မိတာ
ဆိုးဝါးတဲ့ ဆက်ဆံရေးတစ်ခုရှိခဲ့ပြီး ကိုယ်ရောစိတ်ပါ မွန်းကြပ် ပင်ပန်းခဲ့ရတာမျိုးတွေနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတယ်ဆိုရင် တကယ်နောင်တ ရဖို့ ကောင်းတဲ့နှစ်တွေ ဖြစ်နေမှာပါ။ တစ်ခါတလေမှာလည်း တစ်ယောက်တည်းအထီးကျန်ရမှာ ကြောက်လို့ မပြေလည်တဲ့ Relationship တစ်ခုကနေ ရုန်းမထွက်နိုင်ခဲ့ဘူးဆိုရင်လဲ နောင်တရဖို့ ကောင်းပါတယ်။ ဝမ်းနည်းစရာ၊ နောင်တရစရာကောင်းတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေနဲ့ ဆက်ဆံရေးတွေအကြား နေခဲ့မိရင်၊ လူတွေကို အမုန်းနဲ့ ဆက်ဆံခဲ့ပြီး သံသယနဲ့ ကြည့်ခဲ့မိမယ်ဆိုရင် အဲ့ဒီနှစ်တွေဟာ ပြန်ယူပြီး ဖျက်ဆီးပစ်ချင်တဲ့ နှစ်တွေ ဖြစ်လာမှာပါ။

၃) တစ်ခြားသူတွေရဲ့ လွှမ်းမိုးမှုအောက်မှာ နေခဲ့မိတာ
လူတွေရဲ့ အတွေးအမြင်တွေကို ဂရုစိုက်လွန်းလို့ ကိုယ်လုပ်ချင်ခဲ့တာတွေ မလုပ်မိခဲ့ရတာလည်း နောင်တရနိုင်တဲ့ အကြောင်းအရင်းပါပဲ။ ကိုယ့်ပတ်ဝန်းကျင်က အထင်တွေကို ခေါင်းထဲ ထည့်လွန်းလို့ အပြစ်ဆိုမှာ ကြောက်လို့ မလုပ်ဘဲ ရှောင်ရှားခဲ့တဲ့ အရာတွေအကြောင်း ပြန်စဉ်းစားမိတဲ့ အချိန်ဟာ နောင်တရမယ့် အချိန်ပဲဖြစ်ပါတယ်။

၎) ချစ်တဲ့စကားဆိုဖို့ ကြောက်ခဲ့မိတာ
အကြင်နာစကားတစ်ခွန်းက ဆောင်း လေးလလုံးကို နွေးထွေးစေတယ်ဆိုတဲ့ ဂျပန်ဆိုရိုးစကားတစ်ခု ရှိပါတယ်။ သင့်ဘဝမှာ တကယ်အလေးအနက် အရေးပါခဲ့ပြီး သင်ကိုယ်တိုင်လဲ ချစ်ခင်နှစ်သက်ခဲ့သူတွေကို ချစ်ခင်ကြောင်း မေတ္တာပြဖို့ အရေးကြီးပါတယ်။ကျွေးမွေးပြုစုခဲ့တဲ့ ဖခင်၊ ယုယကြင်နာခဲ့တဲ့ မိခင်၊ မိဘသဖွယ်စောင့်ရှောက်ခဲ့တဲ့ သူစိမ်းတွေကို ကြင်ကြင်နာနာဆက်ဆံဖို့၊ ဂရုစိုက်ဖို့လိုပါတယ်။ မိသားစုကို အချိန်ပေးပါ။ ကလေးတွေနဲ့ ပျော်ရွှင်အောင်ကစားပါ။ တကယ်လို့ မေ့လျော့ ချန်လှပ်ခဲ့ရင်အသက်ကြီးလာတဲ့အခါ နောင်တရစရာတွေ ဖြစ်လာပါလိမ့်မယ်။

၅) ဆိုးဝါးတဲ့အလုပ်ကနေ မထွက်ခဲ့မိတာ
အလုပ်က နေထိုင်ရေး living အတွက် မရှိမဖြစ်အရေးပါတဲ့ အရာဖြစ်ပါတယ်။ဒါပေမယ့် living အတွက် အလုပ်များလွန်းလို့ တကယ့်ဘဝ life ဆိုတဲ့ အဓိပ္ပာယ် ပျောက်ကွယ်လာရင် အဲ့ဒီဘဝဟာ တန်ပါရဲ့လား။အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆင်းရဲစရာကောင်းပြီး ဂုဏ်မယူချင်တဲ့ အလုပ်ကနေ မထွက်နိုင်တာက နောင်တစ်ချိန်မှာ နောင်တရဖို့အကြောင်းရင်းဖြစ်လာနိုင်ပါတယ်။

386 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.