Relationship တစ်ခုရဲ့သင်သတိမပြုမိချိန်လေးမှာဒီလိုအမှားမျိုးတွေ လုပ်မိနေပြီလား။

ဒီအချက်ကတော့ ချစ်သူရည်းစားတိုင်းမှာ ပိုပြီး ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။ အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးရင်တော့ နှစ်ဖက်အဆင်ပြေပါလိမ့်မယ်။
ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပဲ၊ နောက်မဖြစ်ဖို့ကိုသာ တောင်းဆိုရမှာ ဖြစ်ပါတယ်။
၁) တစ်ဦးပေါ်တစ်ဦး စိုးရိမ်လွန်ကဲခြင်း
ဒီအချက်ကတော့ အတော်လေး အရေးကြီးပါတယ်။ သူ ငါမသိအောင် ဘာတွေမဟုတ်တာလုပ်နေပြီလဲ၊သူ့ကို မပြောထားတာ ဘာတွေများ ရှိနေပြီလဲဆိုပြီး တစ်ခါတလေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။
အဲ့ဒါကို အမျိုးသားတွေဘက်က နားလည်အောင်သေချာရှင်းပြဖို့လိုပါတယ်။ အမျိုးသမီးတွေဘက်ကလဲ စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

၂) တစ်ဦးပေါ်တစ်ဦး စကားပြောများခြင်း
စကားများခြင်းက အဆိုးမဟုတ်သလို အမှားလဲ မဟုတ်ပါဘူး။သာမန်အားဖြင့်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောတတ်ကြတာ သဘာဝလို့ဆိုရမှာပါ။နားမထောင်ချင်တော့ဘူးဆိုရင် သင်ဆက်တိုက်ပြောဖို့ တစ်ခုခု ရှာကြံစဉ်းစားလိုက်ပါ။ ဒါမှမဟုတ် သူမ မသိတဲ့ အရာတစ်ခုကို ပြောဖို့ စဉ်းစားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စကားများတယ်ဆိုတာလည်း ခွင့်လွှတ်တတ်လို့ ရတဲ့အရာဖြစ်ပါတယ်။

၃) တစ်ယောက်ပေါ်တစ်ယောက် ဆရာလုပ်မိခြင်း
အမျိုးသားတွေထဲမှာလည်း ဆရာလုပ်တတ်သူရှိသလို အမျိုးသမီးတွေထဲမှာလည်း ဆရာလုပ်တတ်သူတွေရှိပါတယ်။
သူ့မျိုးရိုးနဲ့ သူလာတာဖြစ်ပြီး ယောက်ျား၊မိန်းမနဲ့ မဆိုင်လှပါဘူး။ အများရှေ့မှာ သင့်ကို သိက္ခာကျအောင် မပြောသရွေ့တော့ သူဆရာလုပ်တာကို သင်ခွင့်လွှတ်ပေးသင့်ပါတယ်။

305 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.