ယောင်္ကျားလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင်
[ Unicode ]
ယောင်္ကျားတိုင်း မိန်းမတစ်ယောက်ကို တကယ်ချစ်လာပြီဆိုရင် ဒီအချက်တွေနဲ့ မကင်းနိုင်ပါဘူးတဲ့ ။ ကြုံဖူးသူတိုင်း သိပါလိမ့်မယ်နော်။
၁။ လုပ်ငန်းခွင်မှာ ဘယ်လောက်တော်တော်၊ ဘယ်လောက်ပဲ စမတ်ကျကျယောင်္ကျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် အပြောအဆိုတွေနုလာပြီး တခါတရံ အပြုအမူတွေဟာ ကလေးဆန်သွား တတ်တယ်။
၂။ တစ်ခါတရံ ချစ်သူရဲ့ဆိုးနွဲ့မှုတွေ သီးမခံနိုင်အောင်ဖြစ်တတ်ပေမယ့် ချစ်သူ မိန်းကလေးရဲ့ မူယာမာယာအနည်းငယ်မိလိုက်တာနဲ့ အပူဒါဏ်ထိတဲ့ ရေခဲတုံးလို အရည်ပျော်ကျသွား တတ်တယ် ။
၃။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေချိန် ကိုယ့် ချစ်သူမိန်းကလေး ဖုန်းတတီတီဆက်ပြီး အာရုံနောက်အောင်လုပ်နေတာမျိုးယောင်္ကျားလေး သူငယ်ချင်းရှေ့ အနေခက်အကျပ်တွေ့တာ ရှိပေမယ့် ဖုန်းချပြီးသွားရင် ကိုယ့်ချစ်သူစိတ်ဆိုးသွားပြီလားဆိုတဲ့ အတွေးနဲ့သူငယ်ချင်းပြောသမျှစကား စိတ်မဝင်စား မကြားချင်တော့။ စိတ်တွေက ချစ်သူမိန်းကလေးဆီကိုသာ ရောက်နေတတ်တယ်။
၄။ သူငယ်ချင်းတွေက အတင်းတိုက်တွန်းလို့ ချစ်သူမိန်းကလေးမကြိုက်တဲ့ အရာမျိုး လုပ်မိတော့မယ် ။ မုသားမပါ လင်္ကာမချော လိမ်ပြောခဲ့ပေမယ့် နောက်ဆုံး အလိမ်တွေ ပေါ်ပေါ်သွားတတ်တယ် ။ အဲ့ကျရင် မိန်းကလေးတွေ ကိုယ့်ချစ်သူကောင်လေးကို နားလည်ပေးဖို့ အလွန်အရေးကြီးတယ် ။ ဒီလိုအချိန်မျိုးမှာ ယောင်္ကျားတစ်ယောက်ရဲ့ ကြောက်ရွံ့မှုက မျက်ရည်ပါ ကျသွားနိုင်လို့ပါ ။
၅။ ယောင်္ကျားတွေဟာ ကိုယ်ယူတဲ့မိန်းမ ငါပြောသမျှ ငြိမ်နေရမယ် ၊ အိမ်မှုကိစ္စနိုင်ရမယ် ဘယ်လိုပဲပြောခဲ့ပြောခဲ့ တကယ်တမ်း ချစ်တဲ့သူနဲ့ တွေတဲ့အခါကျ ၊ အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်လက်ထဲမှာ ကိုယ့်ကို ချစ်ပြီး ၊ နားလည်မှုအပြည့်ပေးနိုင်တဲ့သူ ဖြစ်ရင်ပြီးရော ကျေနပ်နေတတ်တယ် ။
Ref; rsgoals
597 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.