ဘာမွမေျပာဘဲ မေနသင့္တဲ့ အေကာင္းဆုံးအခ်ိန္ ၃ ခ်ိန္

အရႈံးေပးရင္ ႏွလုံးေအးတယ္ဆိုေပမဲ့ ေဝဖန္တိုက္ခိုက္ခံရတဲ့အခါ၊ နားလည္မႈလြဲတဲ့အခါ၊ အျပစ္ေတြတင္တဲ့အခါမ်ိဳးေတြမွာ ကိုယ့္ဖက္က ဘာမွမေျပာဘဲ ေရငုံႏႈတ္ပိတ္မေနသင့္ပါဘူး။ ဒါေၾကာင့္ ဘယ္လိုအေျခအေနမွာ ဘယ္လိုေျပာသင့္တာ အေကာင္းဆုံးျဖစ္မလဲဆိုတဲ့ အခ်ိန္ ၃ ခ်ိန္ကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ ဆန္းစစ္ၾကည့္လိုက္ပါဦး။

အေကာင္းဆုံးအခ်ိန္ (၁)
သူ႔ျပႆနာကို ကိုယ့္ျပႆနာလုပ္ၿပီး သင့္ကို အျပစ္ေတြတင္ေနတဲ့အခ်ိန္မ်ိဳးမွာ မေျပာဘဲ ၿငိမ္မေနသင့္ပါဘူး။ အေျခအေနကို အျမန္ဆုံးၿပီးေစခ်င္တာေၾကာင့္ သင့္ဘက္က ၿငိမ္ေနတယ္ဆိုေပမဲ့ အေျခအေနကို အမွန္အတိုင္းသိျမင္ေအာင္ တစ္ဖက္လူကို ျပန္ရွင္းျပသင့္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ေတာ့ သူတို႔ကိုယ္တိုင္ အျပစ္မရွိဘူးလို႔ ထင္လာၿပီး သင့္ကိုႏိုင္တာ အက်င့္ျဖစ္သြားပါလိမ့္မယ္။

အေကာင္းဆုံးအခ်ိန္ (၂)
သင့္ကို ဒုကၡေပး႐ုံသက္သက္ရည္႐ြယ္ၿပီး လုပ္ေနတယ္ဆိုရင္ မေျပာဘဲ ၿငိမ္မေနသင့္ပါဘူး။ ဘာအေၾကာင္းမွမရွိဘဲ သင့္ကို လိုက္လံတိုက္ခိုက္ေနတာဟာ သင့္အတြက္ လက္ခံဖို႔ ခက္ပါတယ္။ သူတို႔ ဒီလို လိုက္တိုက္ခိုက္ေနတာကို လက္ခံထားတယ္ဆိုေပမဲ့ သင္မႀကိဳက္ဘူး ဆိုတာေတာ့ သူတို႔သိေအာင္ ျပထားသင့္ပါတယ္။

အေကာင္းဆုံးအခ်ိန္ (၃)
နားလည္မႈလြဲတဲ့အခါမ်ိဳးမွာလည္း ၿငိမ္မေနသင့္ပါဘူး။ သူတို႔က သင့္အတြက္ေကာင္းတယ္ထင္လို႔ ဒီလိုျပဳမူေနၾကတာ ျဖစ္ၿပီး သင္ကလည္း ဘာမွမေျပာတဲ့အခါ အဆင္ေျပတယ္လို႔ ထင္သြားတတ္ၾကပါတယ္။ ဒီအခါမ်ိဳးမွာလည္း သင့္ဘက္က အဆင္မေျပေၾကာင္း ေျပာထားသင့္ပါတယ္။

အထက္ပါအခ်ိန္ ၃ ခ်ိန္မွာ ဘယ္အရာကိုပဲ ေျပာေျပာ တည္ၿငိမ္စြာ ေျပာသင့္ပါတယ္။ အလြန္အကြၽံခံစားတာမ်ိဳး မလုပ္သင့္ပါဘူး။

[ Unicode ]

အရှုံးပေးရင် နှလုံးအေးတယ်ဆိုပေမဲ့ ဝေဖန်တိုက်ခိုက်ခံရတဲ့အခါ၊ နားလည်မှုလွဲတဲ့အခါ၊ အပြစ်တွေတင်တဲ့အခါမျိုးတွေမှာ ကိုယ့်ဖက်က ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်မနေသင့်ပါဘူး။ ဒါကြောင့် ဘယ်လိုအခြေအနေမှာ ဘယ်လိုပြောသင့်တာ အကောင်းဆုံးဖြစ်မလဲဆိုတဲ့ အချိန် ၃ ချိန်ကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဆန်းစစ်ကြည့်လိုက်ပါဦး။

အကောင်းဆုံးအချိန် (၁)
သူ့ပြဿနာကို ကိုယ့်ပြဿနာလုပ်ပြီး သင့်ကို အပြစ်တွေတင်နေတဲ့အချိန်မျိုးမှာ မပြောဘဲ ငြိမ်မနေသင့်ပါဘူး။ အခြေအနေကို အမြန်ဆုံးပြီးစေချင်တာကြောင့် သင့်ဘက်က ငြိမ်နေတယ်ဆိုပေမဲ့ အခြေအနေကို အမှန်အတိုင်းသိမြင်အောင် တစ်ဖက်လူကို ပြန်ရှင်းပြသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ သူတို့ကိုယ်တိုင် အပြစ်မရှိဘူးလို့ ထင်လာပြီး သင့်ကိုနိုင်တာ အကျင့်ဖြစ်သွားပါလိမ့်မယ်။

အကောင်းဆုံးအချိန် (၂)
သင့်ကို ဒုက္ခပေးရုံသက်သက်ရည်ရွယ်ပြီး လုပ်နေတယ်ဆိုရင် မပြောဘဲ ငြိမ်မနေသင့်ပါဘူး။ ဘာအကြောင်းမှမရှိဘဲ သင့်ကို လိုက်လံတိုက်ခိုက်နေတာဟာ သင့်အတွက် လက်ခံဖို့ ခက်ပါတယ်။ သူတို့ ဒီလို လိုက်တိုက်ခိုက်နေတာကို လက်ခံထားတယ်ဆိုပေမဲ့ သင်မကြိုက်ဘူး ဆိုတာတော့ သူတို့သိအောင် ပြထားသင့်ပါတယ်။

အကောင်းဆုံးအချိန် (၃)
နားလည်မှုလွဲတဲ့အခါမျိုးမှာလည်း ငြိမ်မနေသင့်ပါဘူး။ သူတို့က သင့်အတွက်ကောင်းတယ်ထင်လို့ ဒီလိုပြုမူနေကြတာ ဖြစ်ပြီး သင်ကလည်း ဘာမှမပြောတဲ့အခါ အဆင်ပြေတယ်လို့ ထင်သွားတတ်ကြပါတယ်။ ဒီအခါမျိုးမှာလည်း သင့်ဘက်က အဆင်မပြေကြောင်း ပြောထားသင့်ပါတယ်။

အထက်ပါအချိန် ၃ ချိန်မှာ ဘယ်အရာကိုပဲ ပြောပြော တည်ငြိမ်စွာ ပြောသင့်ပါတယ်။ အလွန်အကျွံခံစားတာမျိုး မလုပ်သင့်ပါဘူး။

Ref; lifehacks

 

 

541 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.