အောင်မဲညိုဖျော်ရည် ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
၂။ သံပုရာသီး – တစ်စိတ်
၃။ ပျားရည် – အနည်းငယ်
ဖျော်စပ်နည်း
၂။ ရေနွေးနဲ့စိမ်ပါ။
[ Unicode ]
လန်းဆန်းအမောပြေပြီး ကျန်းမာစေမဲ့ အောင်မဲညိုဖျော်ရည် ဖျော်စပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ အောင်မဲညိုပွင့်ဖတ်က ဆံပင်ကျွတ်တာ၊ ဆံပင်ဖြူတာသက်သာသလို မျက်စိအားကောင်းတယ်လို့ ဆိုပါတယ်။ ရေရှည်သောက်ရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိမဲ့ ဖျော်ရည်တစ်ခွက်ပါပဲ။ ကဲ…ဒါဆို ဖျော်သောက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ အောင်မဲညိုပွင့်ဖတ် (သို့ ) ပွင့်ခြောက် – အနည်းငယ်
၂။ သံပုရာသီး – တစ်စိတ်
၃။ ပျားရည် – အနည်းငယ်
၄။ ရေခဲတုံး – သင့်ရုံ ( မထည့်လည်း ရ )
ဖျော်စပ်နည်း
၁။ အပွင့်ခြောက် (သို့) အစိုကို ရေသန့်စင်ပြီး ဖန်ခွက်ထဲ ထည့်ပါ။
၂။ ရေနွေးနဲ့စိမ်ပါ။
၃။ အရောင်ထွက်လာရင် ပွင့်ဖတ်ကို ဆယ်ထုတ်ပါ။
၄။ ပန်းပွင့်ရည်ထဲကို သံပုရာသီးတစ်စိတ်ညှစ်ထည့်ပါ။ ( သံပုရာသီးညှစ်ထည့်လျှင် ပန်းရောင်သို့ ပြောင်းသွားပါသည် )
၅။ ပျားရည် အနည်းငယ်ထည့်ပါ။
၆။ ရေခဲတုံးများကို သင့်ရုံထည့်လိုက်ပါ။
ခုဆိုရင်တော့ သောက်လို့လည်းကောင်း ကျန်းမာရေးအတွက်လည်းအကျိုးများတဲ့ အောင်မဲညိုဖျော်ရည်အေးအေးလေးကို သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.