ဗိုက်အဆီကျစေဖို့ ကြိုးစားနေတယ်ဆိုရင် ဒါတွေလုံးဝမလုပ်မိပါစေနဲ့။

အိပ်ရေးပျက်ခြင်းကြောင့် ဝလာနိုင်သလို၊ အထိုင်များခြင်းကြောင့်လည်း ဗိုက်မှာ အဆီတွေစုပြီး ဝလာနိုင်ပါတယ်။ ပြီးတော့ လူတစ်ယောက်က ဝ လာပြီဆိုရင် ဗိုက်ကအရင်စထွက်လာတာပါ။အဲ့ဒါကြောင့် ကိုယ်ခန္ဓာအလှကို ဖျက်ဆီးနေတဲ့ ပူနေတဲ့ ဗိုက်ကို နည်းမျိုးစုံနဲ့ ကြိုးစားချကြမိမယ်ထင်ပါတယ်။ ဒီလိုအဆီချတဲ့နေရာမှာ အစားလျှော့ရုံနဲ့တင်မပြီးသေးပါဘူး။အခုပြောပြမယ့် အမှားတွေကိုတော့ လုံးဝမလုပ်မိစေဖို့တော့ လိုအပ်ပါတယ်။

၁) ဗိုက်အဆီချစေဖို့ အိပ်ထမတင် တစ်မျိုးတည်း ဇောက်ချလုပ်ခြင်း။
အိပ်ထမတင်လေ့ကျင့်ခန်းက ဗိုက်ကြွက်သားတွေကို အားသန်စေပြီး ဗိုက်အဆီကို ကျစေတဲ့ လေ့ကျင့်ခန်းဆိုတာမှန်ပေမယ့် သူ့တစ်မျိုးတည်းလုပ်ပြီး အခြား Cardio လေ့ကျင့်ခန်းတွေ မလုပ်ဘဲနေရင်တော့ အချိန်တိုအတွင်း အဆီကျနိုင်မှာ မဟုတ်ပါဘူး။
၂) အိပ်ချိန်နည်းခြင်း။
အိပ်ချိန်နည်းလွန်းတဲ့အခါ ကိုယ်တွင်းမှ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ကုန်ပြီး သွေးတွင်းသကြားဓာတ်များလာမယ့်အပြင် ဗိုက်ဆာစေတဲ့ စင်တာကိုလည်း သွားရောက်လှုံ့ဆော်ပြီး ghrelin နဲ့ leptin ဟော်မုန်းတွေ ပိုဖြစ်တတ်ပြီး အဆီစုခြင်းကို အားပေးသလိုဖြစ်နေပါလိမ့်မယ်။
၃) HIIT(HIGH-INTENSITY INTERVAL TRAINING)
အချိန်ပိုင်းနဲ့ ပြင်းထန်စွာ လေ့ကျင့်ခန်းလုပ်တဲ့ ဒီ HIIT လေ့ကျင့်ခန်းက ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရှိတဲ့ ကယ်လိုရီတွေကို တစ်ဆုံးလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းအမျိုးအစားပါ။ လုပ်ရတာပင်ပန်းလွန်းတာကြောင့် တစ်ချို့ ဒီ HIIT ကိုမလုပ်ပဲ ကျော်သွားခဲ့ရင် ဗိုက်အဆီကျဖို့ ပိုပြီး ခက်ခက်ခဲခဲ လုပ်ရပါလိမ့်မယ်။
၎) ဗိုက်အဆီကျစေချင်တဲ့ ဇောနဲ့ အဆီနည်းတဲ့ အစားအစာတွေချည်းပဲ ရွေးစားခြင်း။
အဆီနည်းတဲ့ အစားအသောက်တော်တော်များများက အဆီထုတ်ထားပြီး စားကောင်းအောင် သကြားနဲပ အခြား အရသာမှုန့်တွေ ထည့်ထားတာများတဲ့အတွက် သူတို့ချည်းအားကိုးစားလို့မရပါဘူး။ အဆင့်သင့် အဆီထုတ်ထားတဲ့ အစားအစာတွေအစား ထောပတ်သီး၊ အစေ့အဆံ၊ သံလွင်ဆီ၊ အဆီများတဲ့ ငါးတွေနဲ့ ကြက်ဥအနှစ်တို့လိုမျိုး သဘာဝအစားအစာတွေ ရွေးစားပါ။
၅) စိတ်ဖိစီးမှု ပြေလျော့အောင်မနေခြင်း။
စိတ်ဖိစီးမှုက အဝလွန်စေတဲ့ ပြဿနာ၊ ဗိုက်မှာအဆီစုစေတဲ့ပြဿနာနှင့် အခြားကျန်းမာရေး ကိစ္စအားလုံးရဲ့ အသံတိတ်လူသတ်သမားလို့တောင်ပြောလို့ရပါတယ်။စိတ်ဖိစီးမှုများလေလေ ခါးတစ်ဝိုက်အဆီတတ်အောင် လှုံ့ဆော်တဲ့ Cortisol ဟော်မုန်းထွက်လာလေလေဖြစ်ပြီး၊ ပိုပိုဝလာမှာပဲဖြစ်ပါတယ်။
၆) ကယ်လိုရီ အလွန်အကျွံလျှော့စားခြင်း။
ကယ်လိုရီအလွန်လျှော့စားတာ၊ အစားအငတ်ခံတာ စတာတွေက ပိန်စေတဲ့အချက်တွေလို့ ထင်ရပေမယ့် ဘာကယ်လိုရီမှမဝင်တာကြာလာတဲ့အခါ ကိုယ်ခန္ဓာ Starvation state လို့ခေါ်တဲ့ အဆင့်တစ်ခုကို ရောက်သွားပါတယ်။ ဒီအဆင့်ရောက်သွားပြီဆိုရင် ခန္ဓာကိုယ်မှာ စွမ်းအင်ထုတ်ဖို့အတွက် ကုန်ကြမ်းတွေ မရှိတော့မှာ စိုးလို့ ဘာပဲစားစား အဆီအဖြစ်စုထားတဲ့အခြေအနေကို ရောက်သွားပါတော့တယ်။
၇) အဆီကျဆေးတွေနဲ့ အဆီကျခါးပတ်တွေအပေါ် မှီခိုလွန်းခြင်း။
လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းပြိး ပိန်ချင်တဲ့သူတွေအတွက် အဆီကျဆေးတွေကတော့ အားကိုးစရာ ဆရာတစ်ဆူပါပဲ။ဒါပေမယ့် သဘာဝအတိုင်းမဟုတ်တဲ့ ဘယ်အရာမှာမှ ကောင်းတာမရှိတဲ့အတွက် ဗိုက်အဆီချဖို့ ဆေးတွေချည်းအားကိုးနေရင်လည်း မသင့်တော်ပါဘူး။
၈) လုံလောက်တဲ့ ပရိုတင်းဓာတ်တွေမစားခြင်း။
ပရိုတင်းအသားဓာတ်မှာ ကယ်လိုရီတွေပါတယ်ဆိုပေမယ့် သူကနေ အဆီဖြစ်တာမဟုတ်ဘဲ ကြွက်သားတတ်အောင်အားပေးတဲ့ အရာဖြစ်တာကြောင့် အဆီကျပြီး ကြွက်သားလေးနဲ့ ကျစ်လစ်တဲ့ ဗိုက်လှလှလေးရဖို့ လုံလောက်တဲ့ ပရိုတင်းတွေ စားပေးဖို့ အရေးကြီးပါတယ်။
ဒီလိုဆိုရင်တော့ ဒီမှားတတ်တဲ့ အကျင့်လေးတွေကို ပြင်၊ ထိရောက်တဲ့ လေ့ကျင့်ခန်းလည်းလုပ်၊အစားလဲဆင်ခြင်မယ်ဆိုရင် စိတ်ကူးထဲကအတိုင်း လှပချပ်ရပ်တဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။

Ref;hello health group

326 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.