ကိုရီးယား K-pop အဖွဲ့တွေထဲမှာTraining သက်တမ်းအများဆုံးနဲ့ အနည်းဆုံး IDOLS တွေကို ပြောပြပြီး ဘယ်အဖွဲ့ရဲ့ MEMBER တွေဖြစ်မလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ကိုရီးယားရဲ့ K-pop အဖွဲ့ဝင်အားလုံးမှာ မတူညီတဲ့ လက္ခဏာတွေရှိကြပြီး ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်တွေလည်း ရှိကြပါတယ်။ လေ့ကျင့်ရေး အချိန်ကလဲ group အလိုက် ကွဲပြားကြပါတယ်။ ဒီထဲမှာမှ တစ်ချို့ IDOLS တွေကတော့ Training သက်တမ်းအတော်ကြာလေ့ကျင့်ကြပြီး တစ်ချို့ကတော့ နှစ်ကုန်ပိုင်း၊ လပိုင်းလေးမျှသာ Training လုပ်တဲ့ k-pop idols တွေလဲရှိကြပါတယ်။
၁) EXO
Suho
Suho ကတော့ Exo ရဲ့ trainee သက်တမ်းအကြာဆုံးလို့ ဆိုရမှာပါ။ သူရဲ့ လေ့ကျင့်ရေးသက်တမ်းကတော့ ၆ နှစ်ဖြစ်ပါတယ်။


Baehyun & Chen
Baehyun နှင့် Chen တို့ကတော့ Exo အဖွဲ့မှာ Training သက်တမ်း အနည်းဆုံးလို့ ပြောရမှာပါ။သူတို့ကတော့ ၄ လအကြာပဲ လေ့ကျင့်ခဲ့ပါတယ်လို့ သိရပါတယ်။


၂) Blackpink
Jennie& Rose
Jennie ကတော့ Blackpink အဖွဲ့ရဲ့ Training သက်တမ်းအကြာဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ သူမရဲ့ Trainee သက်တမ်းကတော့ ၆ နှစ်ဖြစ်ပါတယ်။ Rose အဖြစ်နဲ့ လူသိများတဲ့ Park Chae Young ကတော့ နယူးဇီလန်နိုင်ငံသူဖြစ်ပြီး တောင်ကိုရီးယားရဲ့ k-pop အဖွဲ့ ဖြစ်တဲ့ Blackpink ရဲ့ အဖွဲ့ဝင်တစ်ဦးလဲ ဖြစ်ပါတယ်။ သူမရဲ့ Trainee ကာလကတော့ ၄ နှစ်ဖြစ်ပါတယ်။


၃) BTS
RM & Jimin
သူကတော့ BTS ရဲ့ Training သက်တမ်းအကြာဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ၄ နှစ်အကြာ Trainee လုပ်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Jimin ကတော့ BTS ရဲ့ Trainingသက်တမ်းအနည်းဆုံး အဖွဲ့ဝင်တစ်ယောက်လို့ပြောလို့ရပြီး trainee သက်တမ်းတော့ တစ်နှစ်ဝန်းကျင်လောက်ပဲဖြစ်ပါတယ်။


၎) Red Velvet
Seulgi ကတော့ ၇ နှစ်အကြာ Trainee လုပ်ခဲ့ရပြီး Red Velvet ရဲ့ Training သက်တမ်းအကြာဆုံးသော အဖွဲ့ဝင်လို့လဲ ပြောလို့ရပါတယ်။


Joy & Wendy
Joy & Wendy တို့ကတော့ ၂ နှစ်ခန့် လေ့ကျင့်သင်ကြားခဲ့ကြပြီး Red Velvet အဖွဲ့ဝင်များထဲမှာ သင်တန်းကာလ အနည်းဆုံး အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။


၅) GOT7
JB & Jinyoung
သူတို့ကတော့ GOT7 ရဲ့ အဖွဲဝင်တွေထဲမှာ လေ့ကျင့်သင်ကြားတဲ့အချိန်အများဆုံးလို့ ဆိုပါတယ်။ ၄ နှစ်ခန့် သင်တန်းပို့ချခဲ့ကြသူတွေပါ။


Youngjae
Youngjae ကတော့ သင်တန်းကာလအတိုဆုံးဖြစ်ပြီး၊ တစ်နှစ်နီးပါးလောက်ပဲ လေ့ကျင့်သင်ကြားခဲ့ပါတယ်။


၆) TWICE
Jihyo & Mina
Twice အဖွဲ့ဝင် Jihyo ကတော့ ၁၀ နှစ်ခန့် လေ့ကျင့်ခဲ့ပြီး Twice အဖွဲ့ရဲ့သက်တမ်းအကြာဆုံး လေ့ကျင့်ခဲ့ရသူဖြစ်ပါတယ်။ Mina ကတော့ ၂ နှစ်နီပါးလောက်လေ့ကျင့်သင်ကြားခဲ့ပြီး လေ့ကျင့်ချိန်အနည်းဆုံးလို့ ပြောလို့ရပါတယ်။


၇) SEVENTEEN
S.Coups သည် ၇ နှစ်အကြာ လေ့ကျင့်ခဲ့ရပြီး SEVENTEEN ရဲ့ သင်တန်းကာလ အကြာဆုံးဖြစ်ပါတယ်။ The8 ကတော့ ၂ နှစ်နီးပါးလေ့ကျင့်ခဲ့ရပြီး သင်တန်းကာလတိုတယ်လို့ ပြောလို့ရပါတယ်။


၈) LOONA
Hyunjin & Olivia
Hyunjin ကတော့ LOONA ရဲ့လေ့ကျင့်ချိန်အကြာဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ Trainee ကာလကတော့ ၃ နှစ်ပဲဖြစ်ပါတယ်။Olivia ကတော့ ၁ ရက်သာလျှင် သင်တန်းတတ်ရောက်ခဲ့သူပါ။


၉) NCT
Johnny & Chenle
Johnny ကတော့ NCT ရဲ့ Training အများဆုံးအဖွဲ့ဝင်ဖြစ်ပြီး Trainee ကာလကတော့ ၉ နှစ်ပဲဖြစ်ပါတယ်။ Trainee ၂ လသာ လေ့ကျင့်ခဲ့တဲ့ Chenle ကတော့ NCT ရဲ့ Training ကာလအနည်းဆုံးအဖွဲ့ဝင်လို့ ပြောနိုင်ပါတယ်။


၁၀) ITZY
Chaeryeong & Lia
ITZY ရဲ့ Trainee အကြာဆုံးလို့ ပြောလို့ရတဲ့ Chaeryong အတွက် လေ့ကျင့်ချိန်ကတော့ ခန့်မှန်းခြေ ၅ နှစ်နီးပါးရှိခဲ့ပါတယ်။ Lia ကတော့ ၂ နှစ်ခန့်သာလေ့ကျင့်ခဲ့ပြီးအဖွဲ့ရဲ့ Trainee ကာလအနည်းဆုံးလို့ ပြောရမှာပါ။

Ref;JENSEN LAW

83 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.