အဆီေလၽွာ့က်ေရး လွ်ိဳ႕ဝွက္ခ်က္မ်ား

ကိုယ္အေလးခ်ိန္ ေလ်ာ့က်လိုတဲ့အခါ အစာကို စားေနၾက ပမာဏထက္ ေလွ်ာ့စားတတ္ၾကပါတယ္။ တကယ္ေတာ့ စားတဲ့ အတိုင္းအတာထက္ ဘာေတြစားလဲ၊ ဘယ္လိုစားလဲ ဆိုတာကလည္း အေရးပါတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ တကယ္ထိေရာက္မႈရွိကာ လြယ္လည္းလြယ္ကူတဲ့ အဆီေလွ်ာ့ခ်ေရး နည္းလမ္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ အစာကို ျဖည္းျဖည္း စားပါ
အစာကို မ်ဳိခ်တာ ျမန္ေလေလ၊ အစာက လွ်ာရဲ႕ အရသာခံအာ႐ံုနဲ႔ ထိေတြ႕မႈနည္းေလေလျဖစ္ၿပီး စိတ္ေက်နပ္မႈ အျပည့္အဝ မရဘဲ အစာကို မ်ားမ်ားစားျဖစ္ေစႏိုင္ပါတယ္။ အေၾကာင္းကေတာ့ အစာကို ျဖည္းျဖည္းခ်င္း ေၾကညက္ေအာင္ ဝါးစားတတ္တာဟာ အစာအိမ္မွ ဦးေႏွာက္ဆီကို ဗိုက္ျပည့္ေၾကာင္း ျမန္ျမန္ အခ်က္ျပေပးႏိုင္လို႔ပါ။

၂။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ
ေျခပစ္လက္ပစ္ စိတ္ဓာတ္က်ေနရင္ ဗိုက္ပူလာေစႏိုင္တယ္လို႔ ေလ့လာမႈ အသစ္တစ္ရပ္အရ သိရပါတယ္။ ဒါေၾကာင့္ သြယ္လ်ကာ ဆြဲေဆာင္မႈရွိေစဖို႔ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ေပးပါ။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ၊ ကိုယ္အေလးခ်ိန္ က်ပါလိမ့္မယ္။

၃။ သဘာဝအပင္ထြက္ ပစၥည္းေတြကို အဓိက စားပါ
အပင္ထြက္ အစားအစာေတြကို အဓိက စားေလ့ရွိတဲ့သူေတြက ကိုယ္အေလးခ်ိန္ က်စ္လ်စ္ၿပီး အဆီပိုေတြ ကင္းေစႏိုင္တယ္လို႔ ေလ့လာသူေတြက ေတြ႕ရွိထားပါတယ္။
ဒါေၾကာင့္ လတ္ဆတ္တဲ့ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြကို ေရြးခ်ယ္စားပါ။

၄။ အျပာေရာင္ပန္းကန္ကို သံုးပါ
အျဖဴေရာင္ပန္းကန္ခြက္ေယာက္ေတြထက္ အျပာေရာင္ပန္းကန္၊ ခြက္ေတြဟာ အစာစားခ်င္စိတ္ကို ေလ်ာ့နည္းေစပါတယ္။ ဒါေၾကာင့္ ထမင္းစားရင္ အျပာေရာင္ပန္းကန္ေတြနဲ႔ စားသံုးေပးပါေနာ္။

[ Unicode ]

ကိုယ်အလေးချိန် လျော့ကျလိုတဲ့အခါ အစာကို စားနေကြ ပမာဏထက် လျှော့စားတတ်ကြပါတယ်။ တကယ်တော့ စားတဲ့ အတိုင်းအတာထက် ဘာတွေစားလဲ၊ ဘယ်လိုစားလဲ ဆိုတာကလည်း အရေးပါတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်ထိရောက်မှုရှိကာ လွယ်လည်းလွယ်ကူတဲ့ အဆီလျှော့ချရေး နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အစာကို ဖြည်းဖြည်း စားပါ
အစာကို မျိုချတာ မြန်လေလေ၊ အစာက လျှာရဲ့ အရသာခံအာရုံနဲ့ ထိတွေ့မှုနည်းလေလေဖြစ်ပြီး စိတ်ကျေနပ်မှု အပြည့်အဝ မရဘဲ အစာကို များများစားဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားတတ်တာဟာ အစာအိမ်မှ ဦးနှောက်ဆီကို ဗိုက်ပြည့်ကြောင်း မြန်မြန် အချက်ပြပေးနိုင်လို့ပါ။

၂။ စိတ်ဖိစီးမှုကို လျှော့ချပါ
ခြေပစ်လက်ပစ် စိတ်ဓာတ်ကျနေရင် ဗိုက်ပူလာစေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။ ဒါကြောင့် သွယ်လျကာ ဆွဲဆောင်မှုရှိစေဖို့ စိတ်ဖိစီးမှုကို လျှော့ချပေးပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ၊ ကိုယ်အလေးချိန် ကျပါလိမ့်မယ်။

၃။ သဘာဝအပင်ထွက် ပစ္စည်းတွေကို အဓိက စားပါ
အပင်ထွက် အစားအစာတွေကို အဓိက စားလေ့ရှိတဲ့သူတွေက ကိုယ်အလေးချိန် ကျစ်လျစ်ပြီး အဆီပိုတွေ ကင်းစေနိုင်တယ်လို့ လေ့လာသူတွေက တွေ့ရှိထားပါတယ်။
ဒါကြောင့် လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်စားပါ။

၄။ အပြာရောင်ပန်းကန်ကို သုံးပါ
အဖြူရောင်ပန်းကန်ခွက်ယောက်တွေထက် အပြာရောင်ပန်းကန်၊ ခွက်တွေဟာ အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ ဒါကြောင့် ထမင်းစားရင် အပြာရောင်ပန်းကန်တွေနဲ့ စားသုံးပေးပါနော်။

Ref; goodhealth

 

377 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.