သႀကၤန္မုန္႔လံုးေရေပၚ ျပဳလုပ္နည္း

အုန္းန႔ံေမႊးေမႊးနဲ႔ မုန္႔လံုးေရေပၚခ်ိဳအိအိေလးကို အဝဆြဲဖုိ႔ သႀကၤန္မုန္႔လံုးေရေပၚ ျပဳလုပ္နည္း ကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။


ပါဝင္ပစၥည္းမ်ား

၁။ ေကာက္ညင္းမႈန္႔ – ၄၀၀ ဂရမ္
၂။ ဆား – ဇြန္းတဝက္ လက္ဖက္ရည္ဇြန္း
၃။ ထန္းလ်က္ – ၁၅၀ ဂရမ္
၄။ အုန္းသီးဆံ – တစ္ပန္းကန္
၅။ အစားအစာသံုးအေရာင္မႈန္႔ (food colour) – ႏွစ္သက္ရာ

ျပဳလုပ္နည္း
၁။ ပထမဆံုး ေကာက္ညင္းမႈန္႔ကို ဆားနည္းနည္းထည့္ၿပီး ေရအနည္းငယ္ထည့္ကာ မုန္႔ႏွစ္ လံုးလို႔ရေသာအေနထားထိ နယ္ေပးပါ။ ဒီေနရာမွာ အေရာင္ေလးနဲ႔ ျဖစ္ခ်င္ရင္ေတာ ႏွစ္သက္ရာ အေရာင္ကို ထည့္ေပးပါ။ အဖံုးအုပ္ၿပီး မိနစ္(၃၀)ခန္႔ ႏွပ္ထားေပးပါ။

၂။ ထန္းလ်က္ကို အခဲေသးေသးေလးမ်ား စိတ္ထားပါ။ အုန္းသီးျခစ္ထားပါ။ ေရေႏြးအိုး အဆင္သင့္တည္ထားပါ။ ေရေအး တစ္ဇလံုအသင့္ထားပါ။

၃။ အားလံုးအသင့္ျဖစ္ပါက မုန္႔လံုးစတင္လံုးႏိုင္ပါၿပီ။
၄။ မုန္႔ႏွစ္ကို အေနေတာ္အလံုးေလးမ်ား ျပဳလုပ္ၿပီး အနည္းငယ္ ဖိျပားၿပီး ထန္းလ်က္ခဲထည့္ကာ လံုေအာင္ျပန္ပိတ္ၿပီး လံုးေပးပါ။

၅။ ေရေႏြးအိုးပြက္ပါက လံုးထားၿပီးသား မုန႔္လံုးေလးမ်ားကို ထည့္ျပဳတ္ပါ။ ေယာက္မျဖင့္ တခ်က္ေမြေပးပါ။

၆။ ျပန္လည္ဆူပြက္ၿပီး မုန္႔လုံုးေလးမ်ား ေရေပၚေပၚလာပါက မုန္႔လံုးက်က္ၿပီးျဖစ္၍ ဆယ္ယူၿပီး ေရေဆးဇလံုတြင္ စိမ္ထားေပးပါ။

၇။ ေအးသြားေသာမုန္႔လံုးကို ဆယ္ယူေရစစ္ၿပီး အုန္းသီးဆံျဖင့္ လူးပါ။

ခုဆိုရင္ေတ့ အုန္းသီးဖတ္ေမႊးေမႊးေလးနဲ႔ သႀကၤန္ရိုးရာ မုန္႔လံုးေရေပၚကို အေရသာရွိရွိသံုးေဆာင္ၾကမယ္ေနာ္။

[ Unicode ]

အုန်းနံ့မွှေးမွှေးနဲ့ မုန့်လုံးရေပေါ်ချိုအိအိလေးကို အဝဆွဲဖို့ သင်္ကြန်မုန့်လုံးရေပေါ် ပြုလုပ်နည်း ကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ

၁။ ကောက်ညင်းမှုန့် – ၄၀၀ ဂရမ်
၂။ ဆား – ဇွန်းတဝက် လက်ဖက်ရည်ဇွန်း
၃။ ထန်းလျက် – ၁၅၀ ဂရမ်
၄။ အုန်းသီးဆံ – တစ်ပန်းကန်
၅။ အစားအစာသုံးအရောင်မှုန့် (food colour) – နှစ်သက်ရာ

ပြုလုပ်နည်း
၁။ ပထမဆုံး ကောက်ညင်းမှုန့်ကို ဆားနည်းနည်းထည့်ပြီး ရေအနည်းငယ်ထည့်ကာ မုန့်နှစ် လုံးလို့ရသောအနေထားထိ နယ်ပေးပါ။ ဒီနေရာမှာ အရောင်လေးနဲ့ ဖြစ်ချင်ရင်တော နှစ်သက်ရာ အရောင်ကို ထည့်ပေးပါ။ အဖုံးအုပ်ပြီး မိနစ်(၃၀)ခန့် နှပ်ထားပေးပါ။

၂။ ထန်းလျက်ကို အခဲသေးသေးလေးများ စိတ်ထားပါ။ အုန်းသီးခြစ်ထားပါ။ ရေနွေးအိုး အဆင်သင့်တည်ထားပါ။ ရေအေး တစ်ဇလုံအသင့်ထားပါ။

၃။ အားလုံးအသင့်ဖြစ်ပါက မုန့်လုံးစတင်လုံးနိုင်ပါပြီ။
၄။ မုန့်နှစ်ကို အနေတော်အလုံးလေးများ ပြုလုပ်ပြီး အနည်းငယ် ဖိပြားပြီး ထန်းလျက်ခဲထည့်ကာ လုံအောင်ပြန်ပိတ်ပြီး လုံးပေးပါ။

၅။ ရေနွေးအိုးပွက်ပါက လုံးထားပြီးသား မုန့်လုံးလေးများကို ထည့်ပြုတ်ပါ။ ယောက်မဖြင့် တချက်မွေပေးပါ။

၆။ ပြန်လည်ဆူပွက်ပြီး မုန့်လုံးလေးများ ရေပေါ်ပေါ်လာပါက မုန့်လုံးကျက်ပြီးဖြစ်၍ ဆယ်ယူပြီး ရေဆေးဇလုံတွင် စိမ်ထားပေးပါ။

၇။ အေးသွားသောမုန့်လုံးကို ဆယ်ယူရေစစ်ပြီး အုန်းသီးဆံဖြင့် လူးပါ။

ခုဆိုရင်တေ့ အုန်းသီးဖတ်မွှေးမွှေးလေးနဲ့ သင်္ကြန်ရိုးရာ မုန့်လုံးရေပေါ်ကို အရေသာရှိရှိသုံးဆောင်ကြမယ်နော်။

Ref; asianfood

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.