UNIQ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ wang yibo ဆိုတာ

Wang yibo ကတော့ သရုပ်ဆောင်၊အဆိုတော်နှင့် အကသမား တစ်ယောက်ဖြစ်ပြီး UNIQ ရဲ့ အဖွဲ့ဝင်ယောက်လဲဖြစ်ပါတယ်။Yibo ကို ၁၉၉၇ ခုနှစ်၊သြဂုဏ်လ ၅ ရက်နေ့မှာ တရုတ်နိုင်ငံ Luoyang မှာ မွေးဖွားခဲ့ပြီး သိဟ်ရာသီဖွားဖြစ်ပါတယ်။ အရပ်ကတော့ ၁.၇၉ မီတာရှိပြီး အေ သွေးအမျိုးအစားဖြစ်ပါတယ်။ Hanlim Multi Art School မှာ တတ်ရောက်ခဲ့ပါတယ်။

Yibo ကတော့ အလယ်တန်းပထမနှစ် Street dance ပြိုင်ပွဲတွေကို ကြည့်မိရာမှ ၂၀၁၁ ခုနှစ် အလယ်တန်း ဒုတိယနှစ်၊ အသက် ၁၄နှစ်မှာ National IBN မှာ Top 16 ဝင် လက်ရွေးစင်ဖြစ်လာ ပြီး Luehua Entertainment ရဲ့ သင်တန်းသားဖြစ်လာခဲ့ပါတယ်။

ကိုရီးယားမှာ အသက် ၁၄ နှစ်ကတည်းက သင်တန်းသားဖြစ်ခဲ့တဲ့ Yibo က ၂၀၁၄ ခုနှစ် စက်တင်ဘာမှာ UNIQ ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပြီး vocals တစ်ယောက်လဲဖြစ်ပါတယ်။ အသက် ၁၇ နှစ်နဲ့ Debut ရရှိခဲ့ပါတယ်။ ပင်ကိုယ်က စကားနဲတဲ့သူဖြစ်ပေမယ့် စိတ်ဝင်စားတဲ့ အကြောင်းအရာဆိုရင်တော့ စကားများတတ်တဲ့ အကျင့်ရှိပါတယ်။ မိန်းကလေးတွေနဲ့ တော်ရုံစကားမပြောတတ်ပေမယ့် ပြောရင်လဲ ဘုကလန့်ပဲ ပြောတတ်ပါတယ်။

အစိမ်းရောင်၊အနီရောင်၊အနက်ရောင်၊မီးခိုးရောင်တို့ကို နှစ်သက်တယ်လို့လဲ ပြောပါတယ်။Spiderman, Fast & Furious ကတော့ သူနှစ်သက်တဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ စကိတ်စီးခြင်း၊ရေကူးခြင်း၊ဘိုးလင်းကစားခြင်း၊ဘက်စကတ်ဘောကစားခြင်းနှင့် ဆိုင်ကယ်မောင်းပြိုင်ခြင်း စတာတွေကတော့ သူကျွမ်းကျင်တဲ့အားကစားနှင့်ဝါသနာတွေပဲဖြစ်ပါတယ်။
အောင်မြင်တဲ့ အဆိုတော်နှင့် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် ဆုတံဆိပ်တွေလဲ များစွာရရှိခဲ့ပါသေးတယ်။

1.The New Come Award of the year (2015)/2.Asia influence festival (2017)/3.Best Newcomer Actor Award (2017)/4. Weibo TV influence festival new artist award (2017)/ 5.I feng fashion choice မှာ Artist pop new actor (2017)/ နှင့်6. Private Shushan College (2019) Ep.30 Tang Jing (main) စတဲ့ ဆုတွေအသီးသီးရရှိခဲ့ပြီး အောင်မြင်နေဆဲ မင်းသားတစ်ယောက်ဖြစ်ပါတယ်။အင်စတာဂရမ်အကောင့်ကတော့ @yibow_85 ဖြစ်ပြီး ကိုရီးယားနာမည်ကတော့ (왕일박) wang ll bak ဖြစ်ပါတယ်။

Ref;NAVER

444 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.