ဒီတစ်ပတ်မှာတော့ နေ့တိုင်းစားနေကျအရာ တွေကိုပဲချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေအတွက် ဝက်သားလုံးရှမ်းခေါက်ဆွဲပြုလုပ်နည်းကို ပြောပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများတွေကတော့
၁။ ရှမ်းခေါက်ဆွဲအခြောက်(၂၅ ကျပ်သားတစ်ထုပ်)
၂။ ခရမ်းချဉ်သီးအမှည့်(၄ လုံး)
၃။ကြာညိုထမင်းဇွန်း(၃ ဇွန်း)
၎။ ကြက်သွန်ဖြူ (၅ မွှာ)
၅။ ဂျင်း (လက်နှဆစ်ခန့်)
၆။ ပဲပိစပ် ထမင်းစားဇွန်း (၂ ဇွန်း)
၇။ ငံပြာရည်ထမင်းစားဇွန်း (၂ ဇွန်း)
ပထမဦးစွာ ရှမ်းခေါက်ဆွဲခြောကိကို ရေစိမ်ထားပြီး ဝက်သားကို နုတ်နုတ်စင်းပါ။ မြေပဲဆန်တွေကို မညက်တညက်ထောင်းပါ။
၂။ ဂျင်းနှင့် ကြက်သွန်ဖြူ ၂ မွှာကို ရောထောင်းပြီး ကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝတ်ခန့် ထပ်ထည့်ကာ နုတ်နုတ်စင်းထားတဲ့ ဝက်သားသုံးပုံ နှစ်ပုံခန့်ဖြင့် ရောနယ်ပါ။
၃။ကြက်သွန်နီတစ်လုံးကို ဝက်သားရောနယ်ထားတဲ့အထဲ ရောမွှေပြီး အနေတော်အလုံးလေးတွေလုံးပြီး ပွတ်ပွတ်ဆူနေတဲ့ ရေနွေးထဲမှာ ထည့်ပြုတ်ပေးပါ။ ၁၀ မိနစ်လောက်ပြုတ်ပြီးရင်တော့ အသားလုံးတွေကို ဆယ်ယူထားပေးပါ။
၎။ ဒယ်အိုးတစ်လုံးထဲမှာ ကြက်သွန်နီ၊ငရုပ်သီး၊ အစိမ်းမှုန့်ရောထည့်ပြီး ဆီသတ်ပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီး (၈)စိတ် စိတ်ပြီးထည့်ပါ။
၅။ ခရမ်းချဉ်သီးအရည်မပျော်တပျော် အချိန်လောက်မှာ ဝက်သားသုံးပုံတစ်ပုံကို ထည့်ပြီး ၁၀ မိနစ်လောက်ချက်ပေးပါ။
၆။ ၁၀ မိနစ်ခန့်ပြည့်တဲ့အခါ ပဲပိစပ်နှင့် ငံပြာရည်ရောထည့်ပြီး ဝက်သားကို နူးသည်အထိ ချက်ပြီးရင်တော့ ရှမ်းခေါက်ဆွဲအနှစ်ရပါပြီ။
၇။ ရေစိမ်ထားတဲ့ ရှမ်းခေါက်ဆွဲဖက်ကို တစ်ပွဲစာ ရေနွေးထဲ ထည့်ပြုတ်ပြီး အပျော့အမာ စိတ်တိုင်းကျပြီဆိုရင်တော့ ဇလုံတစ်ခုထဲကို ထည့်ပါ။
၈။ အနှစ်ထမင်းစားဇွန်း ၁ ဇွန်း၊ ကြာညို(၁ ဇွန်း)၊ မြေပဲဆန် (၁ ဇွန်း)၊ အချိုမှုန့်အနည်းငယ်(အချိုမှုန့်အစားရင်တော့ မထည့်ပါနဲ့)၊ ထည့်ပြီး ရှမ်းခေါက်ဆွဲ အဖက်တွေနဲ့ ရောနယ်ပေးပါ။ အချိုအငံမျှတသွားပြီဆိုရင်တော့ ပြုတ်ထားတဲ့ ဝက်သားလုံးတွေကို စိတ်တိုင်းကျထည့်ပြီး စားသုံးနိုင်ပါပြီ။