ကမ္ဘာ့တန်ဖိုးအကြီးဆုံးအနုပညာဖန်တီးမှု အဖြစ်သတ်မှတ်ခံထားရတဲ့ ဒေါ်လာသန်း ၂၆၀ ကျော်တန် ပန်းချီကား

cn_image.size_.cezanne.jpg

ပြင်သစ် ပို့ စ်အင်ပရက်ရှင်းနစ် ပန်းချီဆရာ ပေါလ်ဆီဇန်း(န်) ဟာ The Card Players ဆိုတဲ့ ဆီဆေးပန်းချီကား ငါးချပ်တွဲကို ၁၈၉၀ ခုနှစ်အစောပိုင်းက ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားတစ်ချပ်စီတိုင်းဟာ အရွယ်အစား မတူညီဘဲ ကစားသမားအရေအတွက်လည်း မတူညီပါဘူး။ ပေါလ်ဆီဇန်း ဟာ များပြားလှတဲ့ The Card Players ပန်းချီကားအတွဲလိုက်ကို ရေးဆွဲခဲ့တယ်လို့ သိရှိရပြီး ရေးဆွဲဖို့ ပြင်ဆင်နေခဲ့တဲ့  The Card Players စီးရီး ပန်းချီကားတွေလည်း ကျန်ရှိသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုထိ တွေ့ ရှိထားတာကတော့ ပန်းချီကားငါးချပ်သာ ဖြစ်ပါတယ်။

ဒီ The Card Players ပန်းချီကားအတွဲလိုက် ထဲက တစ်ကားကို ၂၀၁၁ ခုနှစ်မှာ ကာတာနိုင်ငံတော်ဝင်မိသားစု က ခန့် မှန်းခြေ ဒေါ်လာ သန်းပေါင်း ၂၆၉ ဒသမ ၄ သန်း နဲ့  ၀ယ်ယူခဲ့ပြီး ဒီပန်းချီကားကို ကမ္ဘာ့ဈေးအကြီးဆုံး ပန်းချီကားတစ်ချပ်ဖြစ်စေခဲ့ကာ အနုပညာဖန်တီးမှုသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးနဲ့ ရောင်းချ ခဲ့ရတဲ့ လက်ရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဧပြီလမှာ ဂျော့်ဂ်ျ အမ်ဘီရီကို့ စ် က ကာတာနိုင်ငံကို ရောင်းချခဲ့တာဖြစ်ပြီး ခန့် မှန်းခြေ ဒေါ်လာ သန်းပေါင်း ၂၆၉.၄ သန်း ရှိပါတယ်။ နောက်ထပ်ကျန်ရှိနေတဲ့ The Card Players ပန်းချီကား လေးချပ်ကို ပြင်သစ်နိုင်ငံ Musée d’Orsay ပြတိုက်နဲ့  အမေရိကန်ပြည်ထောင်စု Metropolitan အနုပညာပြတိုက်မှာ ကမ္ဘာ့အမွေအနှစ်အဖြစ် သိမ်းဆည်းထားပါတယ်။

ပေါလ်ဆီဇန်းန် ( ၁၈၃၉-၁၉၀၆)

Ref: vanityfair.com , Wikipedia

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.