ဖုန္းဆက္ခ်ိန္က ေျပာေနတဲ့ သင့္ အေၾကာင္း

ခ်စ္သူဆီကို ဖုန္းဆက္ခ်ိန္ကတဆင့္ သိရွိႏိုင္တဲ့ စိတ္ေနစိတ္ထားအေၾကာင္းကို Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။
ခ်စ္သူကိုခ်စ္ေတာ့ခ်စ္တယ္ ။ ဒါေပမယ့္ ဘယ္လိုအခ်စ္မ်ိဳးနဲ႔ခ်စ္ေနတယ္ဆိုတာကို တခါတေလမွာ ကိုယ့္ကို ကိုယ္ အေျဖရွာမရျဖစ္တတ္ၾကမွာပါ။ ဒီေတာ့ ကိုယ့္အခ်စ္က ဘယ္လိုမ်ိဳးလဲဆိုတာ ဆန္းစစ္ၾကည့္လိုက္ရေအာင္။

၁) အိပ္ယာႏိုးႏိုးခ်င္း

၂) လမ္းမေပၚမွာ

၃) အလုပ္ခ်ိန္မွာ

၄) အိပ္ယာမဝင္ခင္

၅) ဆက္ခ်င္တဲ့အခ်ိန္ ဆက္တယ္။

၁) အိပ္ယာႏိုးႏိုးခ်င္း ဆက္တတ္သူ
အခ်စ္နဲ႔ ပတ္သက္လာရင္ သင္ဟာ အရင္လႈပ္ရွားတတ္သူျဖစ္တယ္။ သင္ဟာ အခြင့္အေရးေကာင္းနဲ႔ ႀကဳံရင္ လက္မလြတ္တတ္သူျဖစ္တယ္။ “အခ်စ္ စစ္သူရဲေကာင္း” အမ်ိဳးအစားျဖစ္တယ္။ အခ်စ္ အတြက္ ေပ်ာ္ေပ်ာ္ႀကီး စြန႔္လြတ္အနစ္နာ ခံရဲသူျဖစ္တယ္။ ခ်စ္သူဆီက ဘာမွ မေမွ်ာ္ကိုးဘဲ ေပးဆပ္သူ၊ ခ်စ္သူေက်နပ္ေအာင္ ၾကင္နာသူ၊ ခ်စ္သူဆီက ဘာမွတုန႔္ျပန္မႈမရလည္း အျပစ္မတင္တတ္သူ ျဖစ္တယ္။ အခ်စ္မွာ သင္ဟာ ေပ်ာ္ေနတတ္ေပမဲ့ အႀကံတစ္ခုေတာ့ ေပးခ်င္ပါတယ္။ ခ်စ္သူအေပၚထားတဲ့ သင့္ရဲ႕ ၾကင္နာ ယုယမႈေတြဟာ ခ်စ္သူအတြက္ အက်င့္ မျဖစ္သြားေစပါနဲ႔။ ခ်စ္သူဆိုတာ ႏွစ္ဦးႏွစ္ဖက္ အေပးအညီ မွ်ဖို႔လိုတယ္။ သင့္အတြက္ အလိုက္ဖက္ဆုံး လူဟာလဲ သင့္ကို ခ်စ္ခင္ၾကင္နာတဲ့သူ၊ သင့္ကို တန္ဖိုးထားသူပဲ ျဖစ္သင့္ပါတယ္။

၂) လမ္းေပၚမွာ ဆက္တတ္သူ
အခ်စ္ေၾကာင့္ အရသာ မပ်က္တတ္သူ၊ ဘဝမွာ ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္ၿပီး အခ်စ္မရွားသူျဖစ္တယ္။ ဘဝရဲ႕ ေထာင့္တစ္ေနရာရာကေန ကိုယ့္အတြက္ ေပ်ာ္႐ႊင္မႈကို ရွာတတ္သူျဖစ္ၿပီး ႏွစ္ဦးႏွစ္ဖက္ရဲ႕ အေျပာအဆိုကို အလြန္ဂ႐ုစိုက္ တတ္သူျဖစ္တယ္။ ခ်စ္သူဘာကို အလိုရွိသလဲ ဆိုတာ သင္သိသင့္ဖို႔ အတြက္ အႀကံတစ္ခု ေပးခ်င္ပါတယ္။ သင္ဟာ စန္းပြင့္သူျဖစ္ေပမဲ့ တစ္ေယာက္တည္းကိုပဲ သတ္သတ္ မွတ္မွတ္ ခ်စ္တဲ့ အခ်စ္ကမွ သင္နဲ႔ အသင့္ေတာ္ဆုံးျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္ရဲ႕စိတ္ တစ္စိတ္ ထဲနဲ႔ လူအမ်ားကို ခြဲေဝေပးဖို႔ မျဖစ္ႏိုင္လို႔ပါပဲ။

၃) အလုပ္ခ်ိန္မွာ ဆက္တတ္သူ
သင္ဟာ အခ်စ္လူ႐ိုးႀကီးပါ။ ႐ိုမန္တစ္မဆန္သလို နားဝင္ခ်ိဳတဲ့ စကားကိုလည္း ေျပာခဲသူျဖစ္တယ္။ အခ်စ္ဆိုတာ ဘဝရဲ႕ တစ္စိတ္တစ္ေဒသလို႔ ထင္သူျဖစ္တယ္။ သင္ဟာ အခ်စ္ကို ခ်စ္ေသာ္လည္း အခ်စ္ေၾကာင့္ ေခါင္းမစားသူျဖစ္တယ္။ သင့္အတြက္အႀကံက အခ်စ္ကို သင္ စတင္ေတာ့မယ္ဆိုရင္ သူငယ္ခ်င္းအဆင့္ ကေန တျဖည္းျဖည္း စတင္တာဟာ အေကာင္းဆုံးျဖစ္တယ္။ ဒါေပမဲ့ သူငယ္ခ်င္း အဆင့္ပဲ ရွိေသးတယ္ သူငယ္ခ်င္းအျဖစ္နဲ႔ေတာ့ မရပ္ဆဲမိဖို႔ လိုလိမ့္မယ္။

၄) အိပ္ယာမဝင္ခင္ ဆက္တတ္သူ
သင္ဟာ အခ်စ္ရဲ႕ ေက်းကြၽန္ျဖစ္တယ္။ အခ်စ္ကို ကိုးကြယ္သူျဖစ္တယ္။ ခ်စ္သူက သင့္အေပၚ နည္းနည္း ေကာင္းျပ၊ ၾကင္နာျပတာနဲ႔ သင္ဟာ သူ႔အေပၚ ဆယ္ဆ ျပန္ေကာင္းလိုက္တတ္တယ္။ ခ်စ္သူ အလိုရွိတာကို ပါးစပ္ဟ လိုက္တာနဲ႔ သင္က ဘာမဆို အားလုံးအိုေက ေစရမယ္ဆိုတဲ့ အစားမ်ိဳးျဖစ္တယ္။ သင့္ကို အႀကံတစ္ခု ေပးခ်င္ပါတယ္။ တစ္ခါတေလမွာ အခ်စ္ဆိုတာ တရားမမွ်တတဲ့ ကစားနည္း ပါ။ ေပးဆပ္မႈနဲ႔ ရယူမႈက ဘယ္ေတာ့မွ တစ္ထပ္တည္း မက်ဘူး။ ဒါေၾကာင့္ အခ်စ္ႏြံထဲ အရမ္းနစ္ဝင္ မသြားပါနဲ႔။ ေနာက္သင့္မွာ အခ်စ္ အတြက္ တိုင္ပင္ေဖာ္ေလးလိုပါတယ္။ ဥပမာ သူငယ္ခ်င္း သို႔မဟုတ္ အိမ္သူအိမ္သား၊ သူတို႔က သင့္အတြက္ အႀကံဉာဏ္ေကာင္းေတြ ေပးႏိုင္ပါလိမ့္မယ္။

၅) ဆက္ခ်င္တဲ့အခ်ိန္ ဆက္တတ္သူ
ခ်စ္သူကိုယ္ေပၚကေန ကိုယ္လိုခ်င္တဲ့ အရာကို ရွာေဖြတတ္သူျဖစ္တယ္။ ခ်စ္သူလို တစ္မ်ိဳး၊ သူငယ္ခ်င္းလို တစ္မ်ိဳး ကူညီ ေစာင့္ေရွာက္တတ္သူလည္း ျဖစ္တယ္။ တစ္ျခားသူနဲ႔ ခင္မင္သြားလည္း ခ်စ္သူ႔အေပၚ အခ်စ္မေျပာင္းတတ္သူ ျဖစ္တယ္။ အႀကံတစ္ခု ေပးခ်င္တာက ခ်စ္သက္တမ္း ၾကာေလေလ ခ်စ္သူရဲ႕ အျပစ္ အနာအဆာကို ေတြ႕ျမင္ႏိုင္ဖို႔ ခဲ့ယဥ္းေလေလ ျဖစ္တတ္တာေၾကာင့္ ခ်စ္သူ႔အေပၚ မေက်နပ္တာ၊ အလိုမက်တာေတြကို စိတ္ထဲမွာ သိမ္းမထားဘဲ ခ်က္ခ်င္း ထုတ္ေဖာ္ေျပာသင့္တယ္။ အလိုမက်တာေတြကို ရင္ထဲမွာပဲ သိမ္းဆည္းထားရင္ ေနာက္ဆုံးမွာ အင္အားျပင္းတဲ့ မီးေတာင္အျဖစ္ ေပါက္ကြဲႏိုင္ပါတယ္။

[ Unicode ]

ချစ်သူဆီကို ဖုန်းဆက်ချိန်ကတဆင့် သိရှိနိုင်တဲ့ စိတ်နေစိတ်ထားအကြောင်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ချစ်သူကိုချစ်တော့ချစ်တယ် ။ ဒါပေမယ့် ဘယ်လိုအချစ်မျိုးနဲ့ချစ်နေတယ်ဆိုတာကို တခါတလေမှာ ကိုယ့်ကို ကိုယ် အဖြေရှာမရဖြစ်တတ်ကြမှာပါ။ ဒီတော့ ကိုယ့်အချစ်က ဘယ်လိုမျိုးလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ရအောင်။

၁) အိပ်ယာနိုးနိုးချင်း

၂) လမ်းမပေါ်မှာ

၃) အလုပ်ချိန်မှာ

၄) အိပ်ယာမဝင်ခင်

၅) ဆက်ချင်တဲ့အချိန် ဆက်တယ်။

၁) အိပ်ယာနိုးနိုးချင်း ဆက်တတ်သူ
အချစ်နဲ့ ပတ်သက်လာရင် သင်ဟာ အရင်လှုပ်ရှားတတ်သူဖြစ်တယ်။ သင်ဟာ အခွင့်အရေးကောင်းနဲ့ ကြုံရင် လက်မလွတ်တတ်သူဖြစ်တယ်။ “အချစ် စစ်သူရဲကောင်း” အမျိုးအစားဖြစ်တယ်။ အချစ် အတွက် ပျော်ပျော်ကြီး စွန့်လွတ်အနစ်နာ ခံရဲသူဖြစ်တယ်။ ချစ်သူဆီက ဘာမှ မမျှော်ကိုးဘဲ ပေးဆပ်သူ၊ ချစ်သူကျေနပ်အောင် ကြင်နာသူ၊ ချစ်သူဆီက ဘာမှတုန့်ပြန်မှုမရလည်း အပြစ်မတင်တတ်သူ ဖြစ်တယ်။ အချစ်မှာ သင်ဟာ ပျော်နေတတ်ပေမဲ့ အကြံတစ်ခုတော့ ပေးချင်ပါတယ်။ ချစ်သူအပေါ်ထားတဲ့ သင့်ရဲ့ ကြင်နာ ယုယမှုတွေဟာ ချစ်သူအတွက် အကျင့် မဖြစ်သွားစေပါနဲ့။ ချစ်သူဆိုတာ နှစ်ဦးနှစ်ဖက် အပေးအညီ မျှဖို့လိုတယ်။ သင့်အတွက် အလိုက်ဖက်ဆုံး လူဟာလဲ သင့်ကို ချစ်ခင်ကြင်နာတဲ့သူ၊ သင့်ကို တန်ဖိုးထားသူပဲ ဖြစ်သင့်ပါတယ်။

၂) လမ်းပေါ်မှာ ဆက်တတ်သူ
အချစ်ကြောင့် အရသာ မပျက်တတ်သူ၊ ဘဝမှာ ပျော်ပျော်နေတတ်သူဖြစ်ပြီး အချစ်မရှားသူဖြစ်တယ်။ ဘဝရဲ့ ထောင့်တစ်နေရာရာကနေ ကိုယ့်အတွက် ပျော်ရွှင်မှုကို ရှာတတ်သူဖြစ်ပြီး နှစ်ဦးနှစ်ဖက်ရဲ့ အပြောအဆိုကို အလွန်ဂရုစိုက် တတ်သူဖြစ်တယ်။ ချစ်သူဘာကို အလိုရှိသလဲ ဆိုတာ သင်သိသင့်ဖို့ အတွက် အကြံတစ်ခု ပေးချင်ပါတယ်။ သင်ဟာ စန်းပွင့်သူဖြစ်ပေမဲ့ တစ်ယောက်တည်းကိုပဲ သတ်သတ် မှတ်မှတ် ချစ်တဲ့ အချစ်ကမှ သင်နဲ့ အသင့်တော်ဆုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့စိတ် တစ်စိတ် ထဲနဲ့ လူအများကို ခွဲဝေပေးဖို့ မဖြစ်နိုင်လို့ပါပဲ။

၃) အလုပ်ချိန်မှာ ဆက်တတ်သူ
သင်ဟာ အချစ်လူရိုးကြီးပါ။ ရိုမန်တစ်မဆန်သလို နားဝင်ချိုတဲ့ စကားကိုလည်း ပြောခဲသူဖြစ်တယ်။ အချစ်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ဒေသလို့ ထင်သူဖြစ်တယ်။ သင်ဟာ အချစ်ကို ချစ်သော်လည်း အချစ်ကြောင့် ခေါင်းမစားသူဖြစ်တယ်။ သင့်အတွက်အကြံက အချစ်ကို သင် စတင်တော့မယ်ဆိုရင် သူငယ်ချင်းအဆင့် ကနေ တဖြည်းဖြည်း စတင်တာဟာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမဲ့ သူငယ်ချင်း အဆင့်ပဲ ရှိသေးတယ် သူငယ်ချင်းအဖြစ်နဲ့တော့ မရပ်ဆဲမိဖို့ လိုလိမ့်မယ်။

၄) အိပ်ယာမဝင်ခင် ဆက်တတ်သူ
သင်ဟာ အချစ်ရဲ့ ကျေးကျွန်ဖြစ်တယ်။ အချစ်ကို ကိုးကွယ်သူဖြစ်တယ်။ ချစ်သူက သင့်အပေါ် နည်းနည်း ကောင်းပြ၊ ကြင်နာပြတာနဲ့ သင်ဟာ သူ့အပေါ် ဆယ်ဆ ပြန်ကောင်းလိုက်တတ်တယ်။ ချစ်သူ အလိုရှိတာကို ပါးစပ်ဟ လိုက်တာနဲ့ သင်က ဘာမဆို အားလုံးအိုကေ စေရမယ်ဆိုတဲ့ အစားမျိုးဖြစ်တယ်။ သင့်ကို အကြံတစ်ခု ပေးချင်ပါတယ်။ တစ်ခါတလေမှာ အချစ်ဆိုတာ တရားမမျှတတဲ့ ကစားနည်း ပါ။ ပေးဆပ်မှုနဲ့ ရယူမှုက ဘယ်တော့မှ တစ်ထပ်တည်း မကျဘူး။ ဒါကြောင့် အချစ်နွံထဲ အရမ်းနစ်ဝင် မသွားပါနဲ့။ နောက်သင့်မှာ အချစ် အတွက် တိုင်ပင်ဖော်လေးလိုပါတယ်။ ဥပမာ သူငယ်ချင်း သို့မဟုတ် အိမ်သူအိမ်သား၊ သူတို့က သင့်အတွက် အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။

၅) ဆက်ချင်တဲ့အချိန် ဆက်တတ်သူ
ချစ်သူကိုယ်ပေါ်ကနေ ကိုယ်လိုချင်တဲ့ အရာကို ရှာဖွေတတ်သူဖြစ်တယ်။ ချစ်သူလို တစ်မျိုး၊ သူငယ်ချင်းလို တစ်မျိုး ကူညီ စောင့်ရှောက်တတ်သူလည်း ဖြစ်တယ်။ တစ်ခြားသူနဲ့ ခင်မင်သွားလည်း ချစ်သူ့အပေါ် အချစ်မပြောင်းတတ်သူ ဖြစ်တယ်။ အကြံတစ်ခု ပေးချင်တာက ချစ်သက်တမ်း ကြာလေလေ ချစ်သူရဲ့ အပြစ် အနာအဆာကို တွေ့မြင်နိုင်ဖို့ ခဲ့ယဉ်းလေလေ ဖြစ်တတ်တာကြောင့် ချစ်သူ့အပေါ် မကျေနပ်တာ၊ အလိုမကျတာတွေကို စိတ်ထဲမှာ သိမ်းမထားဘဲ ချက်ချင်း ထုတ်ဖော်ပြောသင့်တယ်။ အလိုမကျတာတွေကို ရင်ထဲမှာပဲ သိမ်းဆည်းထားရင် နောက်ဆုံးမှာ အင်အားပြင်းတဲ့ မီးတောင်အဖြစ် ပေါက်ကွဲနိုင်ပါတယ်။

Ref; lifehack

 

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.