အခုဖော်ပြပေးမယ့် အဆိုတော် သရုပ်ဆောင်တွေက ကိုရီးယားရဲ့ ထိပ်တန်းစာရင်းဝင်တွေလို့ ပြောလို့ရပါတယ်။ သူတို့တွေမှာ ကြီးမားတဲ့ ဖန်တီးနိုင်စွမ်းအားတွေရှိတယ်။ အံ့သြဖွယ်ကောင်းလောက်အောင် အပြစ်အနာအဆာ ရှာမတွေ့နိုင်ပါဘူး။ ဒါပေမယ့် ဒီလိုဆိုတိုင်းနဲ့ သူတို့ရဲ့ဖက်ရှင်က အမြဲတမ်း မှန်ကန်နေမယ်လို့ မဆိုလိုပါဘူး။ သူတို့တွေ အပြင်ထွက်ဝတ်စားဆင်ယင်တာတွေထဲက ကြည့်ရအဆိုးဆုံး Fashion fail တွေကို ထုတ်နှုတ်ထားပါတယ်။
(၁) လှပတဲ့ အမျိုးသမီးငယ်လေး Ailee ဒီတခါတော့ အနီရောင် မိုက်ကယ်ဂျက်ဆင်ဝတ်စုံနဲ့ အလွဲကြီးလွဲပါပြီ။ မှားယွင်းတဲ့ ပွဲတက်ဝတ်ဆင်ပုံတစ်ခုပါ။
(၂) ဆက်စီဘုရင်မ Lee Hyori အနေနဲ့ ဒီဝတ်စုံမ၀တ်ခင်က ဒါကိုပွဲတက်ဝတ်ဖို့အတွက် ဘယ်လောက်ထိ မသင့်တော်မှန်း မစဉ်းစားခဲ့မိဘူးထင်ပါတယ်။
(၃) ဒီလောက် စတန့်ထွင်တာများတဲ့ဝတ်စုံမျိုးတွေကို Crayon Pop ကို ပေးမ၀တ်သင့်ဘူးလို့ပဲ စိတ်မကောင်းစွာ ခံစားရပါတယ်။
(၄) Dara ကိုဘာလို့ ဒီစာရင်းမှာသွင်းရလဲ ပုံကိုကြည့်ရင် သိတယ်ဟုတ် ?
(၅) Bom တစ်ယောက် ဘာစိတ်ကူးပေါက်သွားလဲ တစ်ယောက်ယောက်သိရင် ပြောပြကြပါဦး။ ကတ္တီပါသား ပွပွရွရွကြီးနဲ့ ခေါင်းအစခြေအဆုံး ဖုံးထားလိုက်တာ။
(၆) Song Ji Hyo ကိုရော ဘယ်သူကများ ဒီဝတ်စုံကြီး ဆင်လွှတ်ပေးလိုက်တာပါလိမ့်။
(၇) Ha Ji Won ရဲ့ကောက်ကြောင်းလေးက လှပေမယ့် ၀တ်စုံက မထော်မနန်းကြီးဖြစ်နေတယ် မထင်ဘူးလား။
(၈) CL ဆိုတာ အားလုံးသိတဲ့အတိုင်း ဖက်ရှင် icon တစ်ဦးပါ။ သူမအသစ်အဆန်းတစ်ခု ထွင်လိုက်တိုင်း ဒါဟာ ဂုဏ်ယူဖွယ်ကောင်းပြီး နာမည်လည်းကြီးပါတယ်။ ဒါပေမယ့် ဒီဝတ်စုံကိုတော့ ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ပါဘူး။
Ref:kpopstarz