ကိုရီးယားနိုင်ငံက အာရှတိုက်ရဲ့ ဘယ်အပိုင်းမှာတည်ရှိနေတာလဲ၊ပြီးတော့ အမြင့်ဆုံးတောင်ကရော ဘယ်တောင်တွေဖြစ်မလဲ၊သင်ကော သိပြီးပြီလား။

ကိုရီးယားနိုင်ငံကတော့ အာရှတိုက်ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ကိုရီးယားကျွန်းဆွယ်မှာ တည်ရှိပြီး တောင်ကိုရီးယားကျွန်းဆွယ်ရဲ့ ဧရိယာကတော့ ၁၀၀၁,၁၈၈.၁ ကီလိုမီတာရှိပြီး ကိုရီးယားကျွန်းဆွယ်နှင့် အနီးတဝိုက်ကျွန်းတွေအပါအဝင် တောင်နှင့်မြောက်ကျွန်းဆွယ် ဧရိယာစုစုပေါင်း ၂၂၁, ၀၀၀ ကီလိုမီတာ၏ ၄၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်၏ ဧရိယာက ကမ္ဘောဒီးယား( ၃၃၁,၂၁၀ ကီလိုမီတာ)၊ ထက်အနည်းငယ်ပိုကြီးပြီး၊ ဖိလိပိုင်(၃၀၀,၀၀၀ ကီလိုမီတာ)၊ ဗီယက်နမ် (၃၃၁, ၂၁၀ ကီလိုမီတာ)နှင့် ဂျပန် (၃၃၇,၉၁၅ ကီလိုမီတာ)ထက် ၂/ ၃ ဆ ခန့် ပိုကြီးပါတယ်။

တောင်နှင့်မြောက်ကို ပေါင်းစပ်ထားတဲ့ ကိုရီးယားကျွန်းဆွယ်သည် အနောက်မြောက်ဘက်တွင် အက်(ပ်)လ်ုမြစ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့်ထိစပ်နေပြီး အရှေ့မြောက်ဘက်တွင် ဒူမန်းမြစ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ရရှားနိုင်ငံတို့နှင့် ထိစပ်နေပါတယ်။ အရပ်သုံးမျက်နှာမှာ ပင်လယ်များဖြင့် ဝန်းရံထားသောကိုရီးယားနိုင်ငံသည် အနောက်ဘက်အရပ်တွင် ဟွမ်းဟယ်၊အရှေ့ဘက်တွင် ဒုံးဟယ်၊အနောက်ဘက်တွင် နမ်းဟယ်ပင်လယ်တို့ဖြင့် ဝန်းရံထားပါတယ်။ကိုရီးယားနိုင်ငံ၏ တောင်ဘက်နှင့် အနောက်ဘက်သည် အများအားဖြင့် မြေပြန့်ဒေသဖြစ်ပြီး အရှေ့ဘက်နှင့်မြောက်ဘက်ကတော့ တောင်ကုန်းဒေသတွေဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ကတော့ (၂၇၇၄ ကီလိုမီတာ)ရှိတဲ့ ဘက်ဒူတောင်ပဲဖြစ်ပါတယ်။ မြောက်ဘက်တွင်ရှိသော ဂယ်မာကုန်းပြင်မြင့်ကို ကိုရီးယားနိုင်ငံရဲ့ ခေါင်မိုးဟုတင်စားပြီး ကျွန်းဆွယ်၏ အရှေ့ဘက်ကမ်းရိုးတန်းကို သွယ်တန်းထားတဲ့ တောင်တန်းဖြစ်တဲ့ ထယ်ဘက်တောင်တန်းကို ဘက်ဒူတောင်တန်းဒေသလို့လဲ ခေါ်ဝေါ်ကြပါတယ်။ဂျယ်ဂျူကျွန်း၊ ဂေါဂျယ်ကျွန်း၊ ဂျင်ကျွန်းနှင့် အူလွန်းကျွန်းတို့က ကျော်ကြားတဲ့ကျွန်းတွေဖြစ်ပြီး ဂျယ်ဂျူကျွန်းနှင့် အူလွန်းကျွန်းတို့ကတော့ မီးတောင်တွေကနေ ဖြစ်ပေါ်လာတဲ့ ကျွန်းတွေဖြစ်ကြပါတယ်။ ကိုရီးယားနိုင်ငံ၏ ဟွမ်းကမ်းရိုးတန်းနှင့် အနောက်ဘက်ကမ်းရိုးတန်းများမှာ Ria ကမ်းရိုးတန်း၊ (ကမ်းရိုးတန်း တစ်ခုတွင် ရေကြီးသောအခါ ရှည်လျားကျဉ်းမြောင်းသည့် ဧရိယာတွင် ရေများဖြစ်ပေါ်လာပြီး)များ ဖြစ်ပြီး ပင်လယ်ရေအတတ်အကျကြမ်းပါတယ်။

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.